Kantharyar Centre
×





၎ - ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းထားဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသင့်ပါတယ်။






Credit : Duwun

#Unicode Version

တီဘီရောဂါကြောင့် ပြီးခဲတဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁.၈ သန်းသေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ တီဘီဟာ လူတွေသေဆုံးရခြင်းနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ထိပ်တန်း ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ တီဘီကာကွယ်နိုင်တဲ့ နည်းလေးတွေကို သိထားသင့်ပါတယ်။

၁ - တီဘီရောဂါဝေဒနာရှင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ပါ။ ထိတွေ့ပါကလည်း မျက်နှာဖုံးအကာကို သုံးပါ။

၂ - တီဘီရောဂါရှင် နေထိုင်တဲ့ အိမ်ဟာ လေဝင်ပေါက်ကောင်းစွာရှိသင့်ပါတယ်။

၃ - လေဝင်ပေါက်ကောင်းတဲ့ အခန်းထဲမှာ တီဘီဝေဒနာရှင်ကို ထားသင့်ပါတယ်။

၄ - ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းထားဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသင့်ပါတယ်။

၅ - ညဘက်အိပ်ရေးဝအောင် အိပ်ပါ။

၆ - ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိသင့်ပါတယ်။

၇ - လေကောင်းလေသန့်ရအောင် နေထိုင်ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။

၈ - တီဘီရှိနေတဲ့အခါ အလျင်အမြန် ကုသပါ။

၉ - HIV ပိုးရှိသူများ ပိုဂရုစိုက်ရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top