Property Expo
×





Credit: 7 day daily

#Unicode Version

ယခုနှစ် ဒရာမာဇာတ် လမ်းအများအပြားတွင် ပါဝင် လှုပ်ရှားနေသော မင်းသမီးသစ် လီဆွန်ဘင်းသည် လာမည့်နှစ် အတွက် ၎င်း၏အစီအစဉ်များကို ဖွင့်ဟပြောကြားလိုက်သည်။

‘‘ရသစုံ ရှိုးပွဲတွေမှာ သူပါဝင်ခဲ့ပြီးနောက် သူ့အပေါ်လူကြိုက် များမှု မြင့်တက်လာပါတယ်။ လီဆွန်ဘင်းဟာ ပြီးခဲ့တဲ့ သီတင်း ပတ်အတွင်း MBC ရဲ့ 'Missing 9'ဇာတ်လမ်းတွဲမှာ စတင်ပါဝင် ရိုက်ကူးနေပါတယ်။ အခု လောလောဆယ်တော့သူက သရုပ်ဆောင်တာကိုပဲ အာရုံစိုက်သွား မှာပါ’’ဟုမင်းသမီး၏အေဂျင်စီက ပြောသည်။

လာမည့်နှစ်တွင် လီဆွန် ဘင်းသည် မိန်းကလေး အဆို အဖွဲ့တစ်ဖွဲ့၌ ပါဝင်မည်ဟု အေဂျင်စီက ကြေညာထားသည်။

လီဆွန်ဘင်းသည် လတ်တ လောတွင် Madame Antoine, Squard 38 ဇာတ်လမ်းများ၌ ပါဝင်ပြီး Radio Star, Running Man, King of Masked Singerစသော ဇာတ်လမ်းများတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top