Kantharyar Centre
×

လူတစ္ရာ ရာခိုင္ႏႈန္းမွာ ကိုးဆယ္ေလာက္က ကားတစ္စီးေလာက္ပိုင္ခ်င္တဲ့ ဆႏၵတစ္ခုေတာ့ရွိၾကမွာ ေသခ်ာပါတယ္။ ဒီေခတ္မွာ ကားတစ္စီးကုိ လြယ္လြယ္ကူကူနဲ႔ ကိုယ္ရဲ႕စိတ္ႀကိဳက္၀ယ္ယူရွာေဖြႏိုင္တဲ့အခ်ိန္မွာ ကားပိုင္ဆိုင္ၿပီးသားသူေတြနဲ႔ ကားပိုင္ဆုိင္ဖို႔ စိတ္ကူးေနတဲ့သူေတြ သိသားသင့္တဲ့ ကားတစ္စီးမ၀ယ္ခင္  အဓိကထားဦးစားေပး စစ္ေဆးသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပလိုက္ပါတယ္။ ကိုယ္တိုင္ကားအေၾကာင္းနားလည္တဲ့သူမဟုတ္ရင္ ကၽြမ္းက်င္တဲ့သူကုိ ေခၚသြားၿပီး ေအာက္မွာေျပာထားတဲ့ အခ်က္ေတြကုိ ဦးစားေပးစစ္ေဆးပါလို႔ အႀကံျပဳလိုက္ပါတယ္။

အင္ဂ်င္ပိုင္း

ကားတစ္စီးရဲ႕ အသည္းႏွလံုးလုိ႔ေတာင္တင္စားၾကတဲ့ အင္ဂ်င္ပိုင္းကေတာ့ လုိရာခရီးကုိ ပို႔ေဆာင္ေပးႏိုင္ဖို႔ အေရးႀကီးဆံုးေနရာကပါ၀င္သလို ကားရဲ႕သက္တမ္းက အင္ဂ်င္ရဲ႕သက္တမ္းလို႔ ေျပာစမွတ္ရွိၾကလုိ႔ အင္ဂ်င္ပိုင္းက အေရးႀကီးပါတယ္။ ကားစက္ႏိႈးၿပီး အင္ဂ်င္သံမွန္မမွန္ အရင္ဆံုးနားေထာင္သင့္ပါတယ္။ ၿပီးရင္ ကားအိတ္ေဇာပိုက္ကေန မီးခိုးထြက္တာပံုမွန္ဟုတ္မဟုတ္ စစ္ေဆးဖို႔လိုအပ္သလို ကားရဲ႕အင္ဂ်င္အပူခ်ိန္ပံုမွန္ ရွိမရွိကုိလည္း စစ္ေဆးဖို႔လိုအပ္ပါတယ္။ ေနာက္ပိုင္းေခတ္မီကားေတြဆိုရင္ေတာ့ သက္ဆိုင္ OBD Tools ေတြနဲ႔ စစ္ေဆးလို႔ ရပါတယ္။

ကားေအာက္ပိုင္း

လမ္းၾကမ္းၾကမ္း၊ လမ္းေကာင္းေကာင္း ကားတစ္စီးရဲ႕ေအာက္ပိုင္းေတြေကာင္းမြန္မွပဲ လိုရာခရီးကုိ သက္သက္သာသာသြားႏိုင္မွာပါ။ ကားေအာက္ပိုင္းမွာလည္း ေနရာတိုင္းက သူ႔ေနရာနဲ႔သူအေရးႀကီးလို႔ တိုင္းေရာ့ဒ္ေတြၿငိမ္မၿငိမ္၊ ေဘာဂၽြိဳင္းေတြ တည့္မတည့္နဲ႔ ဘရိတ္ရူးေတြ ေကာင္းမေကာင္းကုိလည္း စစ္ေဆးဖို႔လိုအပ္မွာပါ။

ကားေဘာ္ဒီ

Brand New ကားအသစ္ေတြ၀ယ္ရင္ ဒီအပိုင္းမွာ ျပႆနာမရွိေပမယ့္ Used ကားေတြ ၀ယ္မယ္ဆိုရင္ေတာ့ဒီအပိုင္းက အေရးႀကီးပါတယ္။ အတိုက္အခိုက္အျပစ္အနာအဆာကင္းတဲ့ကားဟုတ္မဟုတ္ကုိ ကားေဘာနတ္၊ ေဘးပါးျခမ္းနဲ႔ ပတ္တီးအထူအပါးနဲ႔ ေဘာ္ဒီေဆးေရာင္ ညီမညီကုိ စစ္ေဆးခ်ာစစ္ေဆးသင့္ပါတယ္။ ေဘာနတ္ဖံုးဖြင့္ၿပီးေရွ႕ျခမ္းက ေဒါက္ကေလးေတြကုိ ေသခ်ာၾကည့္ရင္လည္း တိုက္ထားတဲ့ ကားဟုတ္မဟုတ္ဆိုတာ သိႏိုင္ပါတယ္။

ကားနဲ႔သက္ဆိုင္တဲ့ စာရြက္စာတမ္း

ဒီအပိုင္းကေတာ ျမန္မာႏိုင္ငံတြင္းမွာ ကားအေရာင္းအ၀ယ္လုပ္မယ္ဆိုရင္ လူတိုင္းနီးပါးလုပ္ေနၾကတဲ့ ကိစၥတစ္ခုပါ။ သက္ဆိုင္ရာ လိုင္စင္ရံုးကိုသြားၿပီး လိုင္စင္မွန္မွန္စစ္ေဆးသင့္သလို ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေဖာက္ဖ်က္ထားတာရွိမရွိကုိလည္း သက္ဆိုင္ရာ ယာဥ္ထိန္းရံုးကုိ သြားေရာက္စစ္ေဆးဖို႔ လိုအပ္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လူတစ်ရာ ရာခိုင်နှုန်းမှာ ကိုးဆယ်လောက်က ကားတစ်စီးလောက်ပိုင်ချင်တဲ့ ဆန္ဒတစ်ခုတော့ရှိကြမှာ သေချာပါတယ်။ ဒီခေတ်မှာ ကားတစ်စီးကို လွယ်လွယ်ကူကူနဲ့ ကိုယ်ရဲ့စိတ်ကြိုက်ဝယ်ယူရှာဖွေနိုင်တဲ့အချိန်မှာ ကားပိုင်ဆိုင်ပြီးသားသူတွေနဲ့ ကားပိုင်ဆိုင်ဖို့ စိတ်ကူးနေတဲ့သူတွေ သိသားသင့်တဲ့ ကားတစ်စီးမဝယ်ခင်  အဓိကထားဦးစားပေး စစ်ဆေးသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ကိုယ်တိုင်ကားအကြောင်းနားလည်တဲ့သူမဟုတ်ရင် ကျွမ်းကျင်တဲ့သူကို ခေါ်သွားပြီး အောက်မှာပြောထားတဲ့ အချက်တွေကို ဦးစားပေးစစ်ဆေးပါလို့ အကြံပြုလိုက်ပါတယ်။

အင်ဂျင်ပိုင်း

ကားတစ်စီးရဲ့ အသည်းနှလုံးလို့တောင်တင်စားကြတဲ့ အင်ဂျင်ပိုင်းကတော့ လိုရာခရီးကို ပို့ဆောင်ပေးနိုင်ဖို့ အရေးကြီးဆုံးနေရာကပါဝင်သလို ကားရဲ့သက်တမ်းက အင်ဂျင်ရဲ့သက်တမ်းလို့ ပြောစမှတ်ရှိကြလို့ အင်ဂျင်ပိုင်းက အရေးကြီးပါတယ်။ ကားစက်နှိုးပြီး အင်ဂျင်သံမှန်မမှန် အရင်ဆုံးနားထောင်သင့်ပါတယ်။ ပြီးရင် ကားအိတ်ဇောပိုက်ကနေ မီးခိုးထွက်တာပုံမှန်ဟုတ်မဟုတ် စစ်ဆေးဖို့လိုအပ်သလို ကားရဲ့အင်ဂျင်အပူချိန်ပုံမှန် ရှိမရှိကိုလည်း စစ်ဆေးဖို့လိုအပ်ပါတယ်။ နောက်ပိုင်းခေတ်မီကားတွေဆိုရင်တော့ သက်ဆိုင် OBD Tools တွေနဲ့ စစ်ဆေးလို့ ရပါတယ်။

ကားအောက်ပိုင်း

လမ်းကြမ်းကြမ်း၊ လမ်းကောင်းကောင်း ကားတစ်စီးရဲ့အောက်ပိုင်းတွေကောင်းမွန်မှပဲ လိုရာခရီးကို သက်သက်သာသာသွားနိုင်မှာပါ။ ကားအောက်ပိုင်းမှာလည်း နေရာတိုင်းက သူ့နေရာနဲ့သူအရေးကြီးလို့ တိုင်းရော့ဒ်တွေငြိမ်မငြိမ်၊ ဘောဂျွိုင်းတွေ တည့်မတည့်နဲ့ ဘရိတ်ရူးတွေ ကောင်းမကောင်းကိုလည်း စစ်ဆေးဖို့လိုအပ်မှာပါ။

ကားဘော်ဒီ

Brand New ကားအသစ်တွေဝယ်ရင် ဒီအပိုင်းမှာ ပြဿနာမရှိပေမယ့် Used ကားတွေ ဝယ်မယ်ဆိုရင်တော့ဒီအပိုင်းက အရေးကြီးပါတယ်။ အတိုက်အခိုက်အပြစ်အနာအဆာကင်းတဲ့ကားဟုတ်မဟုတ်ကို ကားဘောနတ်၊ ဘေးပါးခြမ်းနဲ့ ပတ်တီးအထူအပါးနဲ့ ဘော်ဒီဆေးရောင် ညီမညီကို စစ်ဆေးချာစစ်ဆေးသင့်ပါတယ်။ ဘောနတ်ဖုံးဖွင့်ပြီးရှေ့ခြမ်းက ဒေါက်ကလေးတွေကို သေချာကြည့်ရင်လည်း တိုက်ထားတဲ့ ကားဟုတ်မဟုတ်ဆိုတာ သိနိုင်ပါတယ်။

ကားနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်း

ဒီအပိုင်းကတော မြန်မာနိုင်ငံတွင်းမှာ ကားအရောင်းအဝယ်လုပ်မယ်ဆိုရင် လူတိုင်းနီးပါးလုပ်နေကြတဲ့ ကိစ္စတစ်ခုပါ။ သက်ဆိုင်ရာ လိုင်စင်ရုံးကိုသွားပြီး လိုင်စင်မှန်မှန်စစ်ဆေးသင့်သလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ထားတာရှိမရှိကိုလည်း သက်ဆိုင်ရာ ယာဉ်ထိန်းရုံးကို သွားရောက်စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top