Property Expo
×
၎. အသည်းပုံ မျက်နှာပိုင်ရှင်
Credit:Chelmo Team
#Unicode Version
မျက်နှာပုံသဏ္ဍာန် အမျိုးမျိုးရှိတာကို လူတိုင်းသိမှာပါ။ ကိုယ့်မျက်နှာကကော ဘယ်လိုပုံဖြစ်မှာလဲ။
၁. စိန်ပုံဆန်သော မျက်နှာပိုင်ရှင်
နဖူးကနေ ခေါင်းထိပ်အထိ၊ မေးစေ့အထိ ပုံပါအတိုင်း ချွန်နေတယ်ဆိုရင် သူကတော့ အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး သာသာယာယာပါပဲ။ ဒါပင်မယ့် သေးသေးမွှားမွှားကိစ္စတွေကို စေ့စေ့စပ်စပ်ပြောတတ်တာကြောင့် နားညီးလိမ့်မယ်။ ကိုယ်လုပ်တဲ့ကိစ္စကို တာဝန်ယူနိုင်တာကြောင့် ပြောတဲ့အတိုင်းလုပ်သူပါ။ တဖက်မှာတော့ သူပြောလိုက်တဲ့စကားတွေဟာ ထိမိတာကြောင့် ကြားရသူနားထဲမှာတော့ အဆင်မပြေတဲ့အခါမျိုးလည်း ရှိပါလိမ့်မယ်။ ဒါကြောင့် သူပြောတိုင်းလဲ ကြားတဲ့အကြောင်းအားလုံးကို နားထဲထည့်ဖို့တော့ မလိုပါ။ မိန်းကလေးဖြစ်ရင်လည်း ရှေ့ဆံပင်နဲ့မဖုံးထားပဲ နဖူးဖော်ထားရင် ချစ်စရာကောင်းပါတယ်။ ဒီမျက်နှာပိုင်ရှင်ထဲက နာမည်ကြီးသူများကတော့ Meg Ryan, Taylor Swift တို့ဖြစ်ပါတယ်။
၂. ဘဲဥပုံ မျက်နှာပိုင်ရှင်
သူကတော့ မျက်နှာကဝိုင်းတာထက် မျက်နှာကရှည်တာဆို ပိုပြီးမှန်ပါလိမ့်မယ်။ သူကတော့ အရာရာကို လက်တွေ့ကျကျ စဉ်းစားပြီး စည်းမျဉ်းစည်းကမ်းကို လိုက်နာသူဖြစ်ပါလိမ့်မယ်။ သူ့ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ပြည့်နေပြီး လူတွေအတွက် ကူညီရတာကို ပိုပြီး စိတ်ဝင်စားသူဖြစ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်တာထက် သူများကိစ္စတွေကို အဓိကထားလုပ်နေတာကြောင့် စကားကတိမတည်သူလို့လဲ ပြောလို့ရပါတယ်။ မျက်နှာပုံသဏ္ဍာန်ထဲမှာတော့ ဘဲဥပုံမျက်နှာကတော့ အလှဆုံးဖြစ်ပါလိမ့်မယ်။ ဒီမျက်နှာပိုင်ရှင်ထဲက နာမည်ကြီးသူများကတော့ Beyonce, Elizabeth Taylor တို့ဖြစ်ပါတယ်။
၃. လေးထောင့်ဆန်တဲ့ မျက်နှာပိုင်ရှင်
နားဖူးကျယ်ကျယ်၊ မေးစေ့ကလည်း ထောင့်ကျကျဖြစ်နေတဲ့သူကတော့ သက်လုံကောင်းပြီး အမြဲတမ်း စွမ်းအင်၊ ခွန်အားအပြည့်နဲ့ ကြိုးစားနေသူဖြစ်ပါတယ်။ အလုပ်ဆိုလည်း လုပ်ငန်းကြီးကြီးတွင် ပါဝင်ရတာကို စိတ်ဝင်စားသူတစ်ယောက်ပါ။ ဒါတင်မက စူးစမ်းလေ့လာရာမှာလည်း သူ့အပြင်အခြားမရှိပါ။ ဘယ်လောက်ပဲ စိတ်ဖိစီမှုတွေနဲ့ ကြုံရပါစေ၊ အေးအေးဆေးဆေးကျော်ဖြတ်နိုင်သူပါ။ ဒီမျက်နှာပိုင်ရှင်ထဲက နာမည်ကြီးသူများကတော့ Angelina Jolie, Demi Moore တို့ဖြစ်ပါတယ်။
၄. အသည်းပုံ မျက်နှာပိုင်ရှင်
နဖူးကျယ်ကျယ်၊ မေးစေ့ကျဉ်းကျဉ်း အသည်းပုံ မျက်နှာပိုင်ရှင်ကတော့ နွေးထွေးသော နှလုံးသား ပိုင်ရှင်ဖြစ်ပါတယ်။ တီထွင်ကြံဆဉာဏ်က ဆန်းကြယ်ပင်မယ့် ခေါင်းတော့ မာပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်ရုံသာမက ရည်မှန်းချက်လည်း ကြီးမားသူဖြစ်ပါတယ်။ သူက အချစ်ရေးမှာလည်း အမြဲတမ်း ဦးစားပေးခံရတတ်တယ်တဲ့။ ဒီမျက်နှာပိုင်ရှင် နာမည်ကြီး မင်းသမီးကတော့ Scarlett Johansson ပါ။
၅. တြိဂံပုံ မျက်နှာပိုင်ရှင်
တြိဂံပုံမျက်နှာပိုင်ရှင်ကတော့ အသစ်အဆန်းကို ဖန်တီးရာတွင်တော်သူဖြစ်ပြီး အနုပညာဘက်ကို အားသန်သူဖြစ်ပါတယ်။ စိတ်ခံစားချက်တွေနဲ့အလုပ်လုပ်နေတဲ့သူတို့ကို စိတ်ဆိုးအောင်မလုပ်လိုက်ပါနဲ့။ သူတို့ဟာ အမြဲတမ်း အခွင့်အရေးကို ရအောင်ယူတတ်ပြီး အောင်မြင်အောင်လည်း လုပ်တတ်သူများဖြစ်ပါတယ်။ ဦးဆောင်ရတာကို သဘောကျတာကြောင့် အပြောအဆို ကြမ်းတတ်ပါတယ်။ ဒီမျက်နှာပိုင်ရှင် နာမည်ကြီး မင်းသမီးကတော့ Jennifer-Aniston, Geena Davis တို့ဖြစ်ပါတယ်။
၆. လေးထောင့်ပုံ မျက်နှာပိုင်ရှင်
လေးလေးနက်နက် စဉ်းစားတတ်သူဖြစ်ပြီး သချၤာဆန်ဆန်လည်း တွေးတတ်တာကြောင့် တခါတလေ စဉ်းစားလွန်သွားတဲ့အခါမျိုးလည်း ရှိပါတယ်။ သူက ကိုယ့်အတွက်ထက် သူများတွေအတွက် စဉ်းစားပေးရတာကို သဘောကျသူဖြစ်ပါတယ်။ ဒါပင်မယ့် သူ့အကြောင်းကို သူများတွေကို ထုတ်ဖော်ပြောရဖို့ရန် ဝန်လေးသူဖြစ်ပါတယ်။ တတ်နိုင်သလောက် မစဉ်းစားပဲနေနိုင်အောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဒီမျက်နှာပိုင်ရှင် နာမည်ကြီး မင်းသမီးကတော့ Sarah Jessica Parker, Teri Lynn Hatche တို့ဖြစ်ပါတယ်။
 ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top