Property Expo
×

လက္ရွိ လူမႈကြန္ယက္ေပၚမွာ အားလံုးသတိျပဳမိေနၾကတဲ့ ကိစၥေတြထဲက တစ္ခုကို ေျပာပါဆုိရင္ MHA နဲ႕ G-Family ၾကားက ျပသနာလုိ႕ ဆုိရပါလိမ့္မယ္။ အဲ့ဒီအေၾကာင္းနဲ႕ ပတ္သက္ျပီး Snare က ျဖိဳးေလးကို မိစႏၵီရဲ႕ My Boo Clothing မိတ္ဆက္ပြဲအခမ္းအနားမွာ ေတြ႕ဆံုခိုက္ ေမးျမန္းၾကည့္လုိက္ေတာ့ သူက ဒီအေၾကာင္းအရာနဲ႕ ပတ္သက္ျပီး ဘာမွမေျပာခ်င္ေသးပါဘူးလို႕ ေျဖၾကားဖို႕ျငင္းဆန္သြားခဲ့ပါတယ္။

ခုလိုအေျခအေနေတြ ျဖစ္ပြားခဲ့ျပီးတဲ့ေနာက္ ေဖ့စ္ဘြတ္ခ္ေပၚ Troll လုပ္ခံခဲ့ရတဲ့ ျဖိဳးေလးက "ေ၀ဖန္မႈဆိုတာ ၾကံဳရမွာပဲ။ ကိစၥေတာ့မရွိပါဘူး။ ဒါေပမဲ့ ပထမဆံုးအေနနဲ႕ဆိုေတာ့ တစ္မ်ိဳးေတာ့ျဖစ္တာေပါ့ေနာ္။ ဒါေပမဲ့ လဲဒီလိုပါပဲ။ ဒါကပုဂိၢဳလ္ေရးတိုက္ခုိက္မႈပါ။ ဘာမွမျဖစ္ပါဘူး"လို႕ သူက ေျပာသြားပါတယ္။

ျဖိဳးေလးဟာ ခုလက္ရွိမွာ Snare တတိယအေခြအတြက္ သီခ်င္းေတြလုပ္ျဖစ္ေနတယ္လို႕ သိရျပီး အဲ့ဒီအေၾကာင္းကို သူက "တတိယအေခြ လုပ္ေနတယ္။ ၈ပုဒ္ၿပီးသြားၿပီေပါ့။ ၄ပုဒ္ေလာက္ေတာ့ လိုပါေသးတယ္။ ေတးေရးေတြကေတာ့ ကၽြန္ေတာ္တို႕ႏွစ္ေယာက္အျပင္ Featuring ေတြက ေအာင္သူ၊ စိုင္းစိုင္း၊ G-Fam တို႕ပါပါဦးမယ္။ ကၽြန္ေတာ္တုိ႕အေခြကလဲ မထြက္တာၾကာၿပီဆုိေတာ့ အရမ္းအေရးၾကီးတဲ့ အေခြပါ။ ေရွ႕အေခြႏွစ္ေခြကလဲ ပရိသတ္ၾကိဳက္ခဲ့တဲ့အတြက္ ဒီအေခြက မမုိက္ဘူးဆိုတာမ်ိဳး အျဖစ္မခံႏုိင္ပါဘူး။ အဲ့ဒါေၾကာင့္အခ်ိန္ေပးၿပီး အစြမ္းကုန္ၾကိဳးစားေနတာပါ။ အရင္အေခြနဲ႕မတူတဲ့ ရင့္က်က္တဲ့ သီခ်င္းေတြဒီအေခြမွာပါတယ္။ အေပ်ာ္ေလးေတြလဲ ပါေပမဲ့ ရင့္က်က္တာေတြကတစ္အားမ်ားေနပါတယ္။ ေနာက္ၿပီးအသည္းကြဲသီခ်င္းေတြလဲ ပါမယ္။ အသည္းေတြကေတာ့ ကြဲခ်က္ဗ်ာ။ ကၽြန္ေတာ္တို႕ဆိုတတ္တဲ့ အသည္းကြဲသီခ်င္းမုန္းတဲ့သီခ်င္းေလးေတြ ၂ပုဒ္၊ ၃ပုဒ္ေလာက္ပါပါတယ္"တဲ့။

နယ္ရိႈးေတြလက္ခံထားျဖစ္ပံုကိုေတာ့ "ကၽြန္ေတာ္တို႕ရိႈးေတာ္ေတာ္မ်ားမ်ားလက္ခံထားတယ္။ Frenzo Tour လဲသြားရမယ္။ ေနာက္မႏၱေလးမွာပရိုမိုးရွင္းပြဲတစ္ပြဲရွိတယ္။ ၿပီးရင္ ၁၅ ရက္ေန႕ပ်ဥ္းမနားပြဲရွိမယ္။ ၁၆ရက္ေန႕က ရန္ကုန္မွာရွိမယ္။ ၿပီးေတာ့ ၂၉ရက္ေန႕က မႏၱေလးမွာရွိမယ္။ သတင္းကၽြတ္ကေတာ့ ရန္ကုန္မွာပဲရိႈးဆိုမယ္။ လူၾကီးမိဘေတြကုိကန္ေတာ့ပါမယ္။"လို႕ သူက ေျပာျပသြားပါတယ္။

အခ်စ္ေရးနဲ႕ ပတ္သက္ျပီး ေမာ္ဒယ္တစ္ေယာက္နဲ႕ အသံေတြထြက္လာခဲ့ေပမယ့္ ဒါကို သူက " အခ်စ္ေရးကမေကာင္းဘူး။ အဲ့ဒီလိုအတိအက်ၾကီးေတာ့ မဟုတ္ပါဘူး။ ဒီလိုပဲေျပာေနၾကတာပါ။ ကၽြန္ေတာ့္အေနနဲ႕ေသခ်ာၿပီဆိုရင္သိရမွာပါ။ ကၽြန္ေတာ္ကလွ်ိဳမထားတတ္တဲ့သူပါ။ လက္ရွိအခ်စ္ေရးက တစ္ေယာက္တည္းပါပဲ။ အခုလာတာလဲ တစ္ေယာက္တည္းပဲ။ တကယ္ဆုိအတြဲလာခ်င္တာပါ"တဲ့။

 ျဖိဳးေလး လက္ရွိ  နားေထာင္ျဖစ္ေနတဲ့ သီခ်င္းေတြကေတာ့  Suicide Squad ထဲက Theme Song နဲ႕  Idiots သီခ်င္းေတြလို႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

လက်ရှိ လူမှုကွန်ယက်ပေါ်မှာ အားလုံးသတိပြုမိနေကြတဲ့ ကိစ္စတွေထဲက တစ်ခုကို ပြောပါဆိုရင် MHA နဲ့ G-Family ကြားက ပြသနာလို့ ဆိုရပါလိမ့်မယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး Snare က ဖြိုးလေးကို မိစန္ဒီရဲ့ My Boo Clothing မိတ်ဆက်ပွဲအခမ်းအနားမှာ တွေ့ဆုံခိုက် မေးမြန်းကြည့်လိုက်တော့ သူက ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်သေးပါဘူးလို့ ဖြေကြားဖို့ငြင်းဆန်သွားခဲ့ပါတယ်။

ခုလိုအခြေအနေတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဖေ့စ်ဘွတ်ခ်ပေါ် Troll လုပ်ခံခဲ့ရတဲ့ ဖြိုးလေးက "ဝေဖန်မှုဆိုတာ ကြုံရမှာပဲ။ ကိစ္စတော့မရှိပါဘူး။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ဆိုတော့ တစ်မျိုးတော့ဖြစ်တာပေါ့နော်။ ဒါပေမဲ့ လဲဒီလိုပါပဲ။ ဒါကပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပါ။ ဘာမှမဖြစ်ပါဘူး"လို့ သူက ပြောသွားပါတယ်။

ဖြိုးလေးဟာ ခုလက်ရှိမှာ Snare တတိယအခွေအတွက် သီချင်းတွေလုပ်ဖြစ်နေတယ်လို့ သိရပြီး အဲ့ဒီအကြောင်းကို သူက "တတိယအခွေ လုပ်နေတယ်။ ၈ပုဒ်ပြီးသွားပြီပေါ့။ ၄ပုဒ်လောက်တော့ လိုပါသေးတယ်။ တေးရေးတွေကတော့ ကျွန်တော်တို့နှစ်ယောက်အပြင် Featuring တွေက အောင်သူ၊ စိုင်းစိုင်း၊ G-Fam တို့ပါပါဦးမယ်။ ကျွန်တော်တို့အခွေကလဲ မထွက်တာကြာပြီဆိုတော့ အရမ်းအရေးကြီးတဲ့ အခွေပါ။ ရှေ့အခွေနှစ်ခွေကလဲ ပရိသတ်ကြိုက်ခဲ့တဲ့အတွက် ဒီအခွေက မမိုက်ဘူးဆိုတာမျိုး အဖြစ်မခံနိုင်ပါဘူး။ အဲ့ဒါကြောင့်အချိန်ပေးပြီး အစွမ်းကုန်ကြိုးစားနေတာပါ။ အရင်အခွေနဲ့မတူတဲ့ ရင့်ကျက်တဲ့ သီချင်းတွေဒီအခွေမှာပါတယ်။ အပျော်လေးတွေလဲ ပါပေမဲ့ ရင့်ကျက်တာတွေကတစ်အားများနေပါတယ်။ နောက်ပြီးအသည်းကွဲသီချင်းတွေလဲ ပါမယ်။ အသည်းတွေကတော့ ကွဲချက်ဗျာ။ ကျွန်တော်တို့ဆိုတတ်တဲ့ အသည်းကွဲသီချင်းမုန်းတဲ့သီချင်းလေးတွေ ၂ပုဒ်၊ ၃ပုဒ်လောက်ပါပါတယ်"တဲ့။

နယ်ရှိုးတွေလက်ခံထားဖြစ်ပုံကိုတော့ "ကျွန်တော်တို့ရှိုးတော်တော်များများလက်ခံထားတယ်။ Frenzo Tour လဲသွားရမယ်။ နောက်မန္တလေးမှာပရိုမိုးရှင်းပွဲတစ်ပွဲရှိတယ်။ ပြီးရင် ၁၅ ရက်နေ့ပျဉ်းမနားပွဲရှိမယ်။ ၁၆ရက်နေ့က ရန်ကုန်မှာရှိမယ်။ ပြီးတော့ ၂၉ရက်နေ့က မန္တလေးမှာရှိမယ်။ သတင်းကျွတ်ကတော့ ရန်ကုန်မှာပဲရှိုးဆိုမယ်။ လူကြီးမိဘတွေကိုကန်တော့ပါမယ်။"လို့ သူက ပြောပြသွားပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး မော်ဒယ်တစ်ယောက်နဲ့ အသံတွေထွက်လာခဲ့ပေမယ့် ဒါကို သူက " အချစ်ရေးကမကောင်းဘူး။ အဲ့ဒီလိုအတိအကျကြီးတော့ မဟုတ်ပါဘူး။ ဒီလိုပဲပြောနေကြတာပါ။ ကျွန်တော့်အနေနဲ့သေချာပြီဆိုရင်သိရမှာပါ။ ကျွန်တော်ကလျှိုမထားတတ်တဲ့သူပါ။ လက်ရှိအချစ်ရေးက တစ်ယောက်တည်းပါပဲ။ အခုလာတာလဲ တစ်ယောက်တည်းပဲ။ တကယ်ဆိုအတွဲလာချင်တာပါ"တဲ့။

 ဖြိုးလေး လက်ရှိ  နားထောင်ဖြစ်နေတဲ့ သီချင်းတွေကတော့  Suicide Squad ထဲက Theme Song နဲ့  Idiots သီချင်းတွေလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top