Kantharyar Centre
×

ယခုႏွစ္ ဇန္န၀ါရီမွ ဇူလိုင္အထိ ခုနစ္လအတြင္း ျမန္မာႏိုင္ငံမွ စင္ကာပူႏိုင္ငံသို႔ အလည္အပတ္သြားေရာက္သူဦးေရ ခုနစ္ေသာင္းခန္႔အထိရွိလာၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါအေရအတြက္သည္ ၂၀၁၅ ကာလတူ ခုနစ္လအတြင္း သြားေရာက္သည့္ အေရအတြက္ထက္ ၇ဒသမ၈ ရာခိုင္ႏႈန္းေက်ာ္တိုးတက္လာေၾကာင္း စင္ကာပူခရီးသြားဘုတ္အဖြဲ႕ (STB) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

‘‘ျမန္မာခရီးသြားဧည့္သည္ ေတြက စင္ကာပူကိုလာေရာက္ လည္ပတ္ရတာ အဆင္ေျပေပ်ာ္ ရႊင္တဲ့ေနရာတစ္ခုအျဖစ္ ခ်ီးက်ဴး ၾကၿပီး ထပ္မံလာေရာက္လည္ ပတ္ၾကသူေတြ အမ်ားအျပားရွိ တယ္ဆိုတာ ကြၽန္ေတာ္တို႔သိရွိ ထားပါတယ္။ လာေရာက္လည္ ပတ္ဖူးသူေတြအေနနဲ႔ အေတြ႕အ ႀကံဳေကာင္းေတြကို သတင္းေကာင္းပါးေပးႏုိင္ဖို႔ ကြၽန္ေတာ္တို႔ ဖိတ္ ေခၚပါတယ္။

စင္ကာပူေတြက ျမန္မာေတြအားလံုးကို ၀မ္းေျမာက္ ၀မ္းသာလက္ကမ္းႀကိဳဆိုေန တယ္ဆိုတာကိုလည္း သိေစခ်င္ ပါတယ္’’ဟု STB Executive Director Southeast Asia ျဖစ္သူ Mr. Edward Koh က ေျပာသည္။ျမန္မာႏိုင္ငံမွ စင္ကာပူႏိုင္ငံ သို႔ အလည္အပတ္သြားေရာက္ သည့္ ခရီးသြားဦးေရသည္ ၂၀၁၁ မွ ၂၀၁၅ အထိ ငါးႏွစ္အတြင္း ႏွစ္စဥ္ ၃ ရာခိုင္ႏႈန္းတိုးတက္လာေန ေၾကာင္း စင္ကာပူခရီးသြားလုပ္ ငန္းအဖြဲ႕ခ်ဳပ္မွ ထိုင္းႏိုင္ငံႏွင့္ ျမန္ မာႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာ Ms. Sherleen Seah က ေျပာၾကား သည္။ လာမည့္ဒီဇင္ဘာ ၁ ရက္မွ စတင္ကာ ႏွစ္ႏိုင္ငံခရီးသြားမ်ား အား ရက္ ၃၀ ဗီဇာကင္းလြတ္ခြင့္ ျပဳမည္ျဖစ္၍ စင္ကာပူႏိုင္ငံသို႔ သြားေရာက္ရန္ စိတ္၀င္စားမႈပိုမို ျမင့္တက္လာေၾကာင္း ျပည္ပႏုိင္ငံမ်ားသို႔ သြားေရာက္ရန္ ၀န္ေဆာင္မႈေပးေနသည့္ ျပည္တြင္းမွ ခရီး သြားလုပ္ငန္းအခ်ဳိ႕က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အလည်အပတ်သွားရောက်သူဦးရေ ခုနစ်သောင်းခန့်အထိရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအရေအတွက်သည် ၂၀၁၅ ကာလတူ ခုနစ်လအတွင်း သွားရောက်သည့် အရေအတွက်ထက် ၇ဒသမ၈ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘‘မြန်မာခရီးသွားဧည့်သည် တွေက စင်ကာပူကိုလာရောက် လည်ပတ်ရတာ အဆင်ပြေပျော် ရွှင်တဲ့နေရာတစ်ခုအဖြစ် ချီးကျူး ကြပြီး ထပ်မံလာရောက်လည် ပတ်ကြသူတွေ အများအပြားရှိ တယ်ဆိုတာ ကျွန်တော်တို့သိရှိ ထားပါတယ်။ လာရောက်လည် ပတ်ဖူးသူတွေအနေနဲ့ အတွေ့အ ကြုံကောင်းတွေကို သတင်းကောင်းပါးပေးနိုင်ဖို့ ကျွန်တော်တို့ ဖိတ် ခေါ်ပါတယ်။

စင်ကာပူတွေက မြန်မာတွေအားလုံးကို ဝမ်းမြောက် ဝမ်းသာလက်ကမ်းကြိုဆိုနေ တယ်ဆိုတာကိုလည်း သိစေချင် ပါတယ်’’ဟု STB Executive Director Southeast Asia ဖြစ်သူ Mr. Edward Koh က ပြောသည်။မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံ သို့ အလည်အပတ်သွားရောက် သည့် ခရီးသွားဦးရေသည် ၂၀၁၁ မှ ၂၀၁၅ အထိ ငါးနှစ်အတွင်း နှစ်စဉ် ၃ ရာခိုင်နှုန်းတိုးတက်လာနေ ကြောင်း စင်ကာပူခရီးသွားလုပ် ငန်းအဖွဲ့ချုပ်မှ ထိုင်းနိုင်ငံနှင့် မြန် မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ms. Sherleen Seah က ပြောကြား သည်။ လာမည့်ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ နှစ်နိုင်ငံခရီးသွားများ အား ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ပြုမည်ဖြစ်၍ စင်ကာပူနိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားမှုပိုမို မြင့်တက်လာကြောင်း ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ဝန်ဆောင်မှုပေးနေသည့် ပြည်တွင်းမှ ခရီး သွားလုပ်ငန်းအချို့က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top