Kantharyar Centre
×

ေဂ်ဒန္နဲ႔ အနီးယားစ္ မက္ေဒၚနယ္လ္တို႔ ညီအစ္ကိုႏွစ္ဦးဟာ ေခါင္းခ်င္းဆက္လ်က္ အေနအထားနဲ႔ ေမြးဖြားလာခဲ့ၾကသူေတြပါ။ သူတုိ႔ရဲ႕အသက္ ၁၃ လကို ေရာက္ခ်ိန္မွာေတာ့ ဦးေခါင္းႏွစ္ခုကို ေအာင္ေအာင္ျမင္ျမင္ ခြဲစိတ္လိုက္ႏိုင္ခဲ့ပါတယ္။

အခ်ိန္အားျဖင့္ နာရီ၂၀ ၾကာျမင့္တဲ့ ခြဲစိတ္မႈႀကီးကို နယူးေယာ့ခ္ၿမိဳ႕က Montefiore ေဆးကုသေရးစင္တာမွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဦးေခါင္းခ်င္းဆက္ေနတဲ့ ခြဲစိတ္မႈကို ျပဳလုပ္ရတာ ခက္ခဲၿပီး အႏၱရာယ္မ်ားလြန္းပါတယ္။ ဦးေႏွာက္ထိခိုက္သြားတာမ်ိဳး ျဖစ္ႏိုင္သလို အခန္႔မသင့္ရင္ အသက္ဆံုး႐ံႈးလိုက္ရတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ယခုခြဲစိတ္မႈအၿပီးမွာ ကေလးႏွစ္ေယာက္လံုး က်န္းက်န္းမာမာ႐ွိေနၾကတယ္လို႔ ခြဲစိတ္မႈကိုဦးေဆာင္သူ ေဒါက္တာဂ်ိမ္းစ္က ေျပာပါတယ္။

ေဂ်ဒန္နဲ႔အနီးယားစ္တုိ႔ကို အထူးၾကပ္မတ္ကုသခန္းမွာ ၇၂ နာရီၾကာ ထားရွိရမွာျဖစ္ၿပီး ျပန္လည္ထူေထာင္ေရးစင္တာမွာလည္း လအနည္းငယ္ၾကာ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္

အျမႊာကေလးေတြမွာ ဦးေခါင္းဆက္ၿပီး ေမြးဖြားလာႏိုင္ေျခဟာ ၂ ရာခိုင္ႏႈန္းသာ ႐ွိပါတယ္။ ခႏၶာကိုယ္ခ်င္းဆက္ၿပီး ေမြးဖြားလာႏုိင္ေျခကေတာ့ ၅ ရာခိုင္ႏႈန္းမွ ၂၅ ရာခိုင္ႏႈန္းအထိ႐ွိတယ္လို႔ ေမရီလန္း ေဆးတကၠသိုလ္က ေဖာ္ျပဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဂျေဒန်နဲ့ အနီးယားစ် မက်ဒေါ်နယ်လ်တို့ ညီအစ်ကိုနှစ်ဦးဟာ ခေါင်းချင်းဆက်လျက် အနေအထားနဲ့ မွေးဖွားလာခဲ့ကြသူတွေပါ။ သူတို့ရဲ့အသက် ၁၃ လကို ရောက်ချိန်မှာတော့ ဦးခေါင်းနှစ်ခုကို အောင်အောင်မြင်မြင် ခွဲစိတ်လိုက်နိုင်ခဲ့ပါတယ်။

အချိန်အားဖြင့် နာရီ၂၀ ကြာမြင့်တဲ့ ခွဲစိတ်မှုကြီးကို နယူးယော့ခ်မြို့က Montefiore ဆေးကုသရေးစင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဦးခေါင်းချင်းဆက်နေတဲ့ ခွဲစိတ်မှုကို ပြုလုပ်ရတာ ခက်ခဲပြီး အန္တရာယ်များလွန်းပါတယ်။ ဦးနှောက်ထိခိုက်သွားတာမျိုး ဖြစ်နိုင်သလို အခန့်မသင့်ရင် အသက်ဆုံးရှုံးလိုက်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ယခုခွဲစိတ်မှုအပြီးမှာ ကလေးနှစ်ယောက်လုံး ကျန်းကျန်းမာမာရှိနေကြတယ်လို့ ခွဲစိတ်မှုကိုဦးဆောင်သူ ဒေါက်တာဂျိမ်းစ်က ပြောပါတယ်။

ဂျေဒန်နဲ့အနီးယားစ်တို့ကို အထူးကြပ်မတ်ကုသခန်းမှာ ၇၂ နာရီကြာ ထားရှိရမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးစင်တာမှာလည်း လအနည်းငယ်ကြာ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်

အမြွှာကလေးတွေမှာ ဦးခေါင်းဆက်ပြီး မွေးဖွားလာနိုင်ခြေဟာ ၂ ရာခိုင်နှုန်းသာ ရှိပါတယ်။ ခန္ဓာကိုယ်ချင်းဆက်ပြီး မွေးဖွားလာနိုင်ခြေကတော့ ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိရှိတယ်လို့ မေရီလန်း ဆေးတက္ကသိုလ်က ဖော်ပြဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top