Kantharyar Centre
×

သီလဝါအထူးစီးပြားေရး ဇုန္ အမ်ားပိုင္ကုမၸဏီ၏ ရွယ္ယာ မ်ား ခြဲျခမ္းရန္ ေအာက္တုိဘာ ၃၁ ရက္မွ ႏုိဝင္ဘာ ၃ ရက္အထိေလးရက္ၾကာ ရန္ကုန္စေတာ့ အိတ္ခ်ိန္းတြင္ ရွယ္ယာေရာင္းခ်မႈ ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း တြင္ ရွယ္ယာေရာင္းခ်မႈ ရပ္ဆိုင္း ႐ံုသာမကဘဲ ရွယ္ယာမွတ္ပံုတင္ ျခင္းႏွင့္ ရန္ကုန္စေတာ့အိတ္ခ်ိန္း ျပင္ပေရာင္းခ်မႈကိုပါ ရပ္ဆိုင္း မည္ျဖစ္ေၾကာင္း အဆိုပါကုမၸဏီ က ေအာက္တုိဘာ ၂၄ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။

သီလဝါအထူးစီးပြားေရးဇုန္ အမ်ားပိုင္ကုမၸဏီသည္ ရွယ္ယာ မ်ားကို စတင္ေရာင္းခ်ခ်ိန္တြင္ ရွယ္ယာေပါင္း ေလး သန္းခန္႔ရွိၿပီး ရွယ္ယာတန္ဖိုး တစ္ခုလွ်င္ က်ပ္ တစ္ေသာင္း သတ္မွတ္ခဲ့သည္။ ယခု ခြဲျခမ္းစိတ္ျဖာမႈအရ ရွယ္ ယာအစုေပါင္း သန္း ၄၀ ခန္႔ႏွင့္ ရွယ္ယာတစ္စုလွ်င္ က်ပ္တစ္ ေထာင္ တန္ဖိုးရွိလာမည္ဟု ကုမၸဏီက ဆိုသည္။

ရွယ္ယာခြဲျခမ္းစိတ္ျဖာၿပီး ေနာက္ ရွယ္ယာေရာင္းခ်မႈ ထုတ္ျပန္ေၾကညာမည္ဟု ကုမၸဏီက ဆိုထားသည္။

‘‘ရွယ္ယာခြဲမယ္ဆိုေတာ့ ခြဲမယ့္ရက္ကို ကုမၸဏီဥပေဒနဲ႔ ရန္ကုန္စေတာ့အိတ္ခ်ိန္း ဥပေဒ အရ ခဏရပ္ေပးရတယ္။ ဒါ ေၾကာင့္ ရပ္တာပါ’’ဟု သီလဝါ အထူးစီးပြားေရးဇုန္ အမ်ားပိုင္ ကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေသာင္းဟန္က ေျပာသည္။

ရွယ္ယာခြဲျခမ္းစိတ္ျဖာျခင္း ေၾကာင့္ ကုမၸဏီရွယ္ယာမ်ားကို ေစ်းသက္သာစြာျဖင့္ ဝယ္ႏိုင္မည္ ျဖစ္ၿပီး ေစ်းကြက္ပမာဏလည္း ျမင့္တက္လာရန္ ရည္ရြယ္ ေၾကာင္း၊ရွယ္ယာမ်ား ခြဲျခမ္းေသာ္လည္း ရွယ္ယာေစ်း ျမင့္တက္ လာျခင္းရွိ၊ မရွိသည္ ေစ်းကြက္ ဝယ္လိုအား၊ ေရာင္းလိုအားေပၚ သာ မူတည္ေၾကာင္း ၎ကဆက္ လက္ေျပာသည္။

အထက္ပါကုမၸဏီသည္ ၿပီး ခဲ့သည့္ေမလ ၂၀ ရက္က ရန္ကုန္ စေတာ့အိတ္ခ်ိန္းတြင္ ရွယ္ယာ စတင္ေရာင္းခ်ခဲ့ၿပီး ပထမဦးဆံုး ေန႔၌ ရွယ္ယာတစ္စုလွ်င္ က်ပ္ ငါးေသာင္း ေစ်းေပါက္ခဲ့သည္။ ရန္ကုန္စေတာ့အိတ္ခ်ိန္းသည္ ၿပီးခဲ့သည့္မတ္လက စတင္လည္ ပတ္ခဲ့ၿပီး လက္ရွိတြင္ ကုမၸဏီသံုး ခုျဖင့္ လည္ပတ္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

သီလဝါအထူးစီးပွားရေး ဇုန် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာ များ ခွဲခြမ်းရန် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိလေးရက်ကြာ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာရောင်းချမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချမှု ရပ်ဆိုင်း ရုံသာမကဘဲ ရှယ်ယာမှတ်ပုံတင် ခြင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း ပြင်ပရောင်းချမှုကိုပါ ရပ်ဆိုင်း မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ က အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် ရှယ်ယာ များကို စတင်ရောင်းချချိန်တွင် ရှယ်ယာပေါင်း လေး သန်းခန့်ရှိပြီး ရှယ်ယာတန်ဖိုး တစ်ခုလျှင် ကျပ် တစ်သောင်း သတ်မှတ်ခဲ့သည်။ ယခု ခွဲခြမ်းစိတ်ဖြာမှုအရ ရှယ် ယာအစုပေါင်း သန်း ၄၀ ခန့်နှင့် ရှယ်ယာတစ်စုလျှင် ကျပ်တစ် ထောင် တန်ဖိုးရှိလာမည်ဟု ကုမ္ပဏီက ဆိုသည်။

ရှယ်ယာခွဲခြမ်းစိတ်ဖြာပြီး နောက် ရှယ်ယာရောင်းချမှု ထုတ်ပြန်ကြေညာမည်ဟု ကုမ္ပဏီက ဆိုထားသည်။

‘‘ရှယ်ယာခွဲမယ်ဆိုတော့ ခွဲမယ့်ရက်ကို ကုမ္ပဏီဥပဒေနဲ့ ရန်ကုန်စတော့အိတ်ချိန်း ဥပဒေ အရ ခဏရပ်ပေးရတယ်။ ဒါ ကြောင့် ရပ်တာပါ’’ဟု သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။

ရှယ်ယာခွဲခြမ်းစိတ်ဖြာခြင်း ကြောင့် ကုမ္ပဏီရှယ်ယာများကို ဈေးသက်သာစွာဖြင့် ဝယ်နိုင်မည် ဖြစ်ပြီး ဈေးကွက်ပမာဏလည်း မြင့်တက်လာရန် ရည်ရွယ် ကြောင်း၊ရှယ်ယာများ ခွဲခြမ်းသော်လည်း ရှယ်ယာဈေး မြင့်တက် လာခြင်းရှိ၊ မရှိသည် ဈေးကွက် ဝယ်လိုအား၊ ရောင်းလိုအားပေါ် သာ မူတည်ကြောင်း ၎င်းကဆက် လက်ပြောသည်။

အထက်ပါကုမ္ပဏီသည် ပြီး ခဲ့သည့်မေလ ၂၀ ရက်က ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချခဲ့ပြီး ပထမဦးဆုံး နေ့၌ ရှယ်ယာတစ်စုလျှင် ကျပ် ငါးသောင်း ဈေးပေါက်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းသည် ပြီးခဲ့သည့်မတ်လက စတင်လည် ပတ်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီသုံး ခုဖြင့် လည်ပတ်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top