Property Expo
×

ထိုင္းႏိုင္ငံ တာ့ခ္ခရိုင္ မယ္လမတ္ၿမိဳ႕နယ္ထဲမွာ အသက္ ၂၂ ႏွစ္ရြယ္ ကရင္မိန္းကေလးတဦးက လမ္းမေကာင္းလို႔ လမ္းမေပၚ ေရခ်ိဳးၿပီး အရြဲ႕တိုက္တဲ့ ႐ုပ္ပံုေတြဟာ ယူအန္ (ကမၻာ့ကုလသမဂၢ) ထိေရာက္သြားၿပီး အျခားႏိုင္ငံေတြပါ ႏိႈင္းယွဥ္လာၾကတဲ့အတြက္ ႏိုင္ငံကို အရွက္ရေစလို႔ ေနာက္ေနာင္ ဒီလိုမျပဳမူဖို႔ ထိုင္း၀န္ႀကီးခ်ဳပ္ ပရယုဒ္ က်န္အိုးခ်ားက တားျမစ္လိုက္ပါတယ္။
စက္တင္ဘာ ၃၀ ရက္ေန႔ မြန္းလြဲပိုင္းက ဘန္ေကာက္ကြန္ဗဲန္းရွင္းစင္တာတြင္ က်င္းပတဲ့ အစိုးရျပန္တမ္း၀င္အဖြဲ႔အစည္းအေ၀းမွာ ထည့္သြင္းေျပာၾကားလိုက္တာပါ။

လမ္းျပျပင္ထိန္းသိမ္းေရးအတြက္ ရန္ပံုေငြေတြဟာ ျပည္သူမ်ားရဲ႕ အခြန္ေငြဆီကလာတာျဖစ္ၿပီး အဲဒီရန္ပံုေငြေတြကိုသံုးစြဲဖို႔ ေဒသတြင္းရွိ ဌာနဆိုင္ရာေတြမွာ တာ၀န္ရွိေၾကာင္း၊ ျပည္သူေတြ အေနနဲ႔ အဲဒီဌာနကို တိုက္႐ုိက္တိုင္ၾကားႏိုင္ေၾကာင္း၊ အဲဒီလိုမဟုတ္ဘဲ အပ်ိဳေတြေရာ အအိုေတြပါ လမ္းေပၚထြက္ၿပီး ေရခ်ိဳးေလွာင္ေျပာင္ ျပက္ရယ္ျပဳတာဟာ တိုင္းျပည္ကို အရွက္ရေစတယ္လို႔ ၀န္ႀကီးခ်ဳပ္က ေျပာသြားပါတယ္။

ကိုးကား – မာ့ဒီခၽြန္းသတင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ အသက် ၂၂ နှစ်ရွယ် ကရင်မိန်းကလေးတဦးက လမ်းမကောင်းလို့ လမ်းမပေါ် ရေချိုးပြီး အရွဲ့တိုက်တဲ့ ရုပ်ပုံတွေဟာ ယူအန် (ကမ္ဘာ့ကုလသမဂ္ဂ) ထိရောက်သွားပြီး အခြားနိုင်ငံတွေပါ နှိုင်းယှဉ်လာကြတဲ့အတွက် နိုင်ငံကို အရှက်ရစေလို့ နောက်နောင် ဒီလိုမပြုမူဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ် ကျန်အိုးချားက တားမြစ်လိုက်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဘန်ကောက်ကွန်ဗဲန်းရှင်းစင်တာတွင် ကျင်းပတဲ့ အစိုးရပြန်တမ်းဝင်အဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

လမ်းပြပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေတွေဟာ ပြည်သူများရဲ့ အခွန်ငွေဆီကလာတာဖြစ်ပြီး အဲဒီရန်ပုံငွေတွေကိုသုံးစွဲဖို့ ဒေသတွင်းရှိ ဌာနဆိုင်ရာတွေမှာ တာဝန်ရှိကြောင်း၊ ပြည်သူတွေ အနေနဲ့ အဲဒီဌာနကို တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း၊ အဲဒီလိုမဟုတ်ဘဲ အပျိုတွေရော အအိုတွေပါ လမ်းပေါ်ထွက်ပြီး ရေချိုးလှောင်ပြောင် ပြက်ရယ်ပြုတာဟာ တိုင်းပြည်ကို အရှက်ရစေတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ကိုးကား – မာ့ဒီချွန်းသတင်း


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top