Property Expo
×

ကမာၻ႕နန္းသက္အ႐ွည္ဆုံး ထုိင္းႏုိင္ငံမွ ဘုရင္ဘူမီေဘာရဲ႕ က်န္းမာေရးမွာ မတည္ၿငိမ္တဲ့ အေျခအေန ျဖစ္ေနေၾကာင္း သိရပါတယ္။

ထုိင္းဘုရင္ ဘူမီေဘာဟာ ယမန္ေန႕ ( ေအာက္တုိဘာ ၉ ရက္) က haemodialysis ေခၚ ေသြးအတြင္း အဆိပ္အေတာက္၊ ဆားဓာတ္နဲ႕ အရည္ပုိမ်ားကုိ ဖယ္႐ွားသန္႕စင္တဲ့ ကုထုးျဖင့္ ကုသမႈခံယူခဲ့ၿပီးေနာက္ က်န္းမာေရးအေျခအေန မတည္ၿငိမ္မႈ ျဖစ္ေနေၾကာင္း ဘုရင့္နန္းေတာ္က အဆုိပါေန႕ ေႏွာင္းပုိင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဘုရင္ဘူမီေဘာရဲ႕ က်န္းမာေရးအေျခအေနကုိ ထုိင္းျပည္သူေတြ အထူးစိတ္ဝင္စားၿပီး ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။ ထုိင္းဘုရင္ ဘူမီေဘာဟာ ျပည္သူေတြရဲ႕ ေလစားၾကည္ညဳိမႈကုိ ရ႐ွိထားတဲ့ ဘုရင္လည္း ျဖစ္ပါတယ္။

အသက္ ၈၈ ႏွစ္အ႐ြယ္ ထုိင္းဘုရင္ဟာ ဘန္ေကာက္ၿမဳိ႕႐ွီ Siriraj ေဆး႐ုံမွာ ေဆးကုသမႈ အမ်ားအျပားကုိ ၿပီးခဲ့တဲ့ တစ္ႏွစ္လုံး ခံယူေနခဲ့ရၿပီး တစ္ႏွစ္ပတ္လုံးနီးပါး ေဆး႐ုံတက္ေရာက္ေနခဲ့ရပါတယ္။ ယခုႏွစ္ ဇန္နဝါရီ ၁၁ ရက္ ဘုရင့္နန္းေတာ္ကုိ ေခတၱသြားေရာက္ခဲ့စဥ္မွာသာ ဘုရင္ဘူမီေဘာကုိ အမ်ားျမင္ကြင္းမွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

လက္႐ွိမွာ ဆရာဝန္ေတြက ဘုရင္ဘူမီေဘာကုိ လိုအပ္တဲ့ ေဆးမ်ားသြင္းေပးထားၿပီး အသက္႐ွဴကိရိယာ တပ္ဆင္ေပးထားကာ ေသြးဖိအား ပုံမွန္ျပန္ျဖစ္လာရန္ လုပ္ေဆာင္ထားတယ္လုိ႕ ဆုိပါတယ္။ ဘုရင္ဘူမီေဘာရဲ႕ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္မႈမ႐ွိေသးဘဲ ဆရာဝန္ေတြက အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း ထုိင္းဘုရင့္နန္းေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းနိုင်ငံမှ ဘုရင်ဘူမီဘောရဲ့ ကျန်းမာရေးမှာ မတည်ငြိမ်တဲ့ အခြေအနေ ဖြစ်နေကြောင်း သိရပါတယ်။

ထိုင်းဘုရင် ဘူမီဘောဟာ ယမန်နေ့ ( အောက်တိုဘာ ၉ ရက်) က haemodialysis ခေါ် သွေးအတွင်း အဆိပ်အတောက်၊ ဆားဓာတ်နဲ့ အရည်ပိုများကို ဖယ်ရှားသန့်စင်တဲ့ ကုထုးဖြင့် ကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေ မတည်ငြိမ်မှု ဖြစ်နေကြောင်း ဘုရင့်နန်းတော်က အဆိုပါနေ့ နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘုရင်ဘူမီဘောရဲ့ ကျန်းမာရေးအခြေအနေကို ထိုင်းပြည်သူတွေ အထူးစိတ်ဝင်စားပြီး စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ထိုင်းဘုရင် ဘူမီဘောဟာ ပြည်သူတွေရဲ့ လေစားကြည်ညိုမှုကို ရရှိထားတဲ့ ဘုရင်လည်း ဖြစ်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ထိုင်းဘုရင်ဟာ ဘန်ကောက်မြို့ရှီ Siriraj ဆေးရုံမှာ ဆေးကုသမှု အများအပြားကို ပြီးခဲ့တဲ့ တစ်နှစ်လုံး ခံယူနေခဲ့ရပြီး တစ်နှစ်ပတ်လုံးနီးပါး ဆေးရုံတက်ရောက်နေခဲ့ရပါတယ်။ ယခုနှစ် ဇန်နဝါရီ ၁၁ ရက် ဘုရင့်နန်းတော်ကို ခေတ္တသွားရောက်ခဲ့စဉ်မှာသာ ဘုရင်ဘူမီဘောကို အများမြင်ကွင်းမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆရာဝန်တွေက ဘုရင်ဘူမီဘောကို လိုအပ်တဲ့ ဆေးများသွင်းပေးထားပြီး အသက်ရှူကိရိယာ တပ်ဆင်ပေးထားကာ သွေးဖိအား ပုံမှန်ပြန်ဖြစ်လာရန် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဘုရင်ဘူမီဘောရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ ဆရာဝန်တွေက အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းဘုရင့်နန်းတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top