Property Expo
×

စက္ယႏၲရားႀကီးမ်ားအ သံုးျပဳကာ ေက်ာက္စိမ္းတူးေဖာ္ ေနမႈမ်ားရပ္ဆုိင္းေပးရန္ႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ျမန္မာ့ ေက်ာက္မ်က္ရတနာေရာင္းဝယ္ ေရးလုပ္ငန္းမွ ဝန္ထမ္းအႀကီးအ ကဲမ်ားေျပာင္းလဲေပးရန္ ေက်ာက္ မ်က္လုပ္ငန္းလုပ္ကိုင္သူမ်ားက မႏၲေလးၿမိဳ႕တြင္ ေအာက္တုိဘာ ၂၉ရက္က ဆႏၵျပေတာင္းဆိုခဲ့ သည္။

မႏၲေလး၊ စစ္ကိုင္းၿမိဳ႕ ေဒသ ခံမ်ား၊ ခႏၲီးႏွင့္ဖားကန္႔ေဒသတို႔မွ ေက်ာက္မ်က္လုပ္ငန္းလုပ္ကိုင္ ေနသူမ်ား ဆႏၵျပပြဲတြင္ ပူးေပါင္း ပါဝင္ခဲ့သည္ဟု ဦးေဆာင္သူတစ္ ဦးျဖစ္သည့္ မႏၲေလးၿမိဳ႕ခံေက်ာက္ မ်က္လုပ္ငန္းရွင္ ဦးသန္းဝင္းက ေျပာသည္။

ဖားကန္႔ေဒသတြင္ စက္ယႏၲ ရားႀကီးမ်ားအသံုးျပဳကာ အလြန္ အကြၽံေက်ာက္စိမ္းတူးေဖာ္ေနမႈ မ်ားရပ္ဆုိင္းေပးရန္၊ ေက်ာက္စိမ္း ေက်ာက္မ်က္မ်ား ျပည္ပသို႔ တ ရားဝင္ႏွင့္ တရားမဝင္ တင္ပို႔ေန မႈမ်ား ပိတ္ပင္တားဆီးေပးရန္၊ ခႏၲီး၊ ဖားကန္႔ေဒသခံႏွင့္ ေရမ ေဆးေက်ာက္ရွာေဖြသူမ်ားအား တရားဝင္လုပ္ကိုင္ခြင့္ျပဳရန္ႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ အတြင္းဝန္၊ ၫႊန္ၾကားေရးမွဴးႏွင့္ ၫႊန္ၾကားေရးမွဴးခ်ဳပ္တို႔ကို ေျပာင္းလဲေပးရန္ စသည့္အခ်က္ မ်ားကို ဆႏၵျပသူမ်ားက ေတာင္း ဆိုခဲ့သည္။

စက္ယႏၲရားႀကီးမ်ားျဖင့္ ေက်ာက္မ်က္တူးေဖာ္ေနမႈမ်ား ေၾကာင့္ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ပ်က္စီးေစသကဲ့သို႔ တူး ေဖာ္ထြက္ရွိလာေသာ ေက်ာက္ မ်က္ရတနာမ်ားကို ႏိုင္ငံေတာ္သို႔ အခြန္ေပးေဆာင္ျခင္းမရွိဘဲ ေက်ာက္မ်က္ဌာနတာဝန္ရွိသူ မ်ားႏွင့္ ခ႐ိုနီမ်ားပူးေပါင္းကာ တ႐ုတ္ႏုိင္ငံသို႔ တရားမဝင္တင္ပို႔ ေရာင္းခ်ေနေၾကာင္း၊ ထို႔အတြက္ ျပည္တြင္းေက်ာက္မ်က္အေရာင္း အဝယ္ေစ်းကြက္ပ်က္စီးၿပီး ျပည္ တြင္းမွ ေဒသခံေက်ာက္မ်က္လုပ္ ငန္းလုပ္ကိုင္သူမ်ား စီးပြားေရး က်ပ္တည္းမႈမ်ားႏွင့္ ႀကံဳေတြ႕ေန ရ၍ ဆႏၵထုတ္ေဖာ္ေတာင္းဆိုရ ျခင္းျဖစ္ေၾကာင္း ဦးသန္ဝင္းက ေျပာသည္။

‘‘နံပါတ္(၁)အခ်က္ စက္ ယႏၲရားႀကီးေတြနဲ႔ အလြန္အကြၽံ ေက်ာက္မ်က္တူးေဖာ္ေနတာေတြ ရပ္ဆုိင္းေပးဖို႔ ေတာင္းဆိုပါ တယ္။ အခု ဖားကန္႔မွာဆိုရင္ ေတာင္တစ္လံုးကို တစ္ပတ္၊ ဆယ္ရက္နဲ႔ ၿဖိဳေနတာ။ သဘာဝပတ္ ဝန္းက်င္အရမ္းထိခိုက္ပါတယ္။ ၿပီးေတာ့ တူးေဖာ္ထြက္ရွိလာတဲ့ ေက်ာက္မ်က္ေတြကို ႏိုင္ငံေတာ္ ကို အခြန္မေဆာင္ဘဲ ျပည္ပကို ပို႔ေနတယ္။ တ႐ုတ္ျပည္မွာ ေက်ာက္ႀကီး ေက်ာက္ေကာင္း ေတြက ပံုေနၿပီ။ ဝန္ႀကီးဌာနတာ ဝန္ရွိသူေတြနဲ႔ ခ႐ိုနီေတြ ေပါင္းၿပီး လုပ္ေနၾကတာ။ သူတို႔ေၾကာင့္ ေအာက္ေျခလူထု ဒုကၡေရာက္ေန တာ’’ဟုဦးသန္းဝင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

စက်ယန္တရားကြီးများအ သုံးပြုကာ ကျောက်စိမ်းတူးဖော် နေမှုများရပ်ဆိုင်းပေးရန်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းမှ ဝန်ထမ်းအကြီးအ ကဲများပြောင်းလဲပေးရန် ကျောက် မျက်လုပ်ငန်းလုပ်ကိုင်သူများက မန္တလေးမြို့တွင် အောက်တိုဘာ ၂၉ရက်က ဆန္ဒပြတောင်းဆိုခဲ့ သည်။

မန္တလေး၊ စစ်ကိုင်းမြို့ ဒေသ ခံများ၊ ခန္တီးနှင့်ဖားကန့်ဒေသတို့မှ ကျောက်မျက်လုပ်ငန်းလုပ်ကိုင် နေသူများ ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ဦးဆောင်သူတစ် ဦးဖြစ်သည့် မန္တလေးမြို့ခံကျောက် မျက်လုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။

ဖားကန့်ဒေသတွင် စက်ယန္တ ရားကြီးများအသုံးပြုကာ အလွန် အကျွံကျောက်စိမ်းတူးဖော်နေမှု များရပ်ဆိုင်းပေးရန်၊ ကျောက်စိမ်း ကျောက်မျက်များ ပြည်ပသို့ တ ရားဝင်နှင့် တရားမဝင် တင်ပို့နေ မှုများ ပိတ်ပင်တားဆီးပေးရန်၊ ခန္တီး၊ ဖားကန့်ဒေသခံနှင့် ရေမ ဆေးကျောက်ရှာဖွေသူများအား တရားဝင်လုပ်ကိုင်ခွင့်ပြုရန်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အတွင်းဝန်၊ ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ကို ပြောင်းလဲပေးရန် စသည့်အချက် များကို ဆန္ဒပြသူများက တောင်း ဆိုခဲ့သည်။

စက်ယန္တရားကြီးများဖြင့် ကျောက်မျက်တူးဖော်နေမှုများ ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသကဲ့သို့ တူး ဖော်ထွက်ရှိလာသော ကျောက် မျက်ရတနာများကို နိုင်ငံတော်သို့ အခွန်ပေးဆောင်ခြင်းမရှိဘဲ ကျောက်မျက်ဌာနတာဝန်ရှိသူ များနှင့် ခရိုနီများပူးပေါင်းကာ တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့ ရောင်းချနေကြောင်း၊ ထို့အတွက် ပြည်တွင်းကျောက်မျက်အရောင်း အဝယ်ဈေးကွက်ပျက်စီးပြီး ပြည် တွင်းမှ ဒေသခံကျောက်မျက်လုပ် ငန်းလုပ်ကိုင်သူများ စီးပွားရေး ကျပ်တည်းမှုများနှင့် ကြုံတွေ့နေ ရ၍ ဆန္ဒထုတ်ဖော်တောင်းဆိုရ ခြင်းဖြစ်ကြောင်း ဦးသန်ဝင်းက ပြောသည်။

‘‘နံပါတ်(၁)အချက် စက် ယန္တရားကြီးတွေနဲ့ အလွန်အကျွံ ကျောက်မျက်တူးဖော်နေတာတွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါ တယ်။ အခု ဖားကန့်မှာဆိုရင် တောင်တစ်လုံးကို တစ်ပတ်၊ ဆယ်ရက်နဲ့ ဖြိုနေတာ။ သဘာဝပတ် ဝန်းကျင်အရမ်းထိခိုက်ပါတယ်။ ပြီးတော့ တူးဖော်ထွက်ရှိလာတဲ့ ကျောက်မျက်တွေကို နိုင်ငံတော် ကို အခွန်မဆောင်ဘဲ ပြည်ပကို ပို့နေတယ်။ တရုတ်ပြည်မှာ ကျောက်ကြီး ကျောက်ကောင်း တွေက ပုံနေပြီ။ ဝန်ကြီးဌာနတာ ဝန်ရှိသူတွေနဲ့ ခရိုနီတွေ ပေါင်းပြီး လုပ်နေကြတာ။ သူတို့ကြောင့် အောက်ခြေလူထု ဒုက္ခရောက်နေ တာ’’ဟုဦးသန်းဝင်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top