Property Expo
×

ဒီမိုကေရစီ အသြင္းကူးေျပာင္းေရး လုပ္ေဆာင္ေနခ်ိန္တြင္ လက္ရွိအစိုးရအေနျဖင့္ အလြန္သေဘာထား ႀကီးေနသည္ဟု ထင္ျမင္မိေၾကာင္း ေရႊညဝါဆရာေတာ္ ဦးပညာသီဟက မိန္႔ၾကားလိုက္သည္။

" အစစအရာရာ မႈန္႔မႈန္႔ ညက္ညက္ ေၾကေအာင္ နင္းေခ် ပစ္ခဲ့တဲ့ တိုင္းျပည္တစ္ခုကို တစ္စစီ ေကာက္ၿပီးေတာ့ ျပန္ဆက္ရတဲ့ အလုပ္ကို လုပ္ရတဲ့ အတြက္ ဘုန္းႀကီးတို႔ တုိင္းျပည္ဟာ လက္ရွိ ဒီမိုကေရစီအသြင္ကိုလည္းသြား၊ ျပဳျပင္ေျပာင္းလဲေရးမူဝါဒအရ ၂ဝဝ၈ ဖြဲ႔စည္းပံုထဲက တခ်ိဳ႕ဟာ ေလးေတြ ေပ်ာ႔ေပ်ာ႔ေပ်ာင္းေပ်ာင္း ဥပေဒေလးေတြကေန စၿပီးေတာ့ ျပင္ဆင္လာတဲ့ ေပၚမွာ လက္ရွိ အစိုးရက အရမ္း သေဘာထားႀကီးေနတယ္လို႔ ဘုန္းႀကီးကေတာ့ ထင္တယ္ "ဟု ဆရာေတာ္က ဆက္လက္မိန္႔ၾကားသည္။

ေအာက္တုိဘာလ ၁၁ရက္က ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေရႊျပည္ေအးလမ္းေထာင့္ရွိ ကခ်င္ဘုရားေက်ာင္းတြင္ ျပဳ လုပ္ေသာ ကခ်င္စစ္ ေဘးေရွာင္ ျပည္သူမ်ားအတြက္   ျမန္မာလူမႈဘဝ တိုးတက္ျမင့္မားေရးအသင္းမွ အလွဴေငြလွဴဒါန္းပြဲတြင္ မိန္႔ၾကားခဲ့ျခင္း ျဖစ္သည္။

လက္ရွိတြင္ ျပည္သူမ်ား အေနျဖင့္ စိုးရိမ္ေၾကာင့္ၾကစရာ မရွိေသာ္လည္း တရားဥပေဒစိုးမိုးမႈ ယႏၱရားစနစ္ မလည္ ပတ္ ႏိုင္ေသးသည့္ လက္ရွိအစိုးရသစ္၏ မႏိုင္မနင္း အုပ္ခ်ဳပ္မႈေအာက္တြင္   ေနထိုင္ရသည့္အတြက္ ျပည္သူမ်ား အေနျဖင့္ လံုၿခံဳ မႈမရွိေၾကာင္းလည္း ဆရာေတာ္က မိန္႔ၾကားသည္။

" ေျပာခ်င္တာကေတာ့ ဘုန္းႀကီးတို႔ အကုန္လံုးကို ေျပာခ်င္တယ္။ အကုန္လံုးဆိုတာက ရဟန္းရွင္၊ ျပည္သူ အကုန္လံုး ဟာ အလိုလိုက္ အမိုက္ေစာ္ကား အေကာင္းမျမင္တဲ့ အျပင္ အဆိုးဘက္ကခ်ည္း ၾကည့္ေနေတာ့ လက္ရွိအစိုးရရဲ႕ ဦး ေဆာင္ေနတဲ့ ပုဂၢိဳလ္ေတြကို လူမေလး ေခြးမခန္႔ ပံုစံမ်ိဳးေတြ ေျပာဆိုဆက္ဆံတာေတြ ရွိတယ္ " ဟု ဆရာေတာ္က မိန္႔သည္။

ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ရာတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သေဘာ ထားႀကီးစြာျဖင့္ လုပ္ေဆာင္ေနေသာ္လည္း လက္ရွိတြင္ ျမန္မာ့တပ္မေတာ္ အခန္းက႑က ၿငိမ္းခ်မ္း ေရးကို ေဖာ္ေဆာင္ရာတြင္ လမ္းေၾကာင္းလြဲေနေၾကာင္း၊ တိုင္းျပည္ေကာင္းစားရန္အတြက္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ရာတြင္ ၿငိမ္းခ်မ္းေရး ႏွင့္ အလွမ္းေဝးမသြားရန္ လိုအပ္ေၾကာင္း ဆရာေတာ္က မိန္႔ၾကားခဲ့သည္။

အဆိုပါ လွဴဒါန္းပြဲတြင္ ျမန္မာလူမႈဘဝတိုးတက္ျမင့္မားေရး အသင္းမွ နာယက ဆရာေတာ္မ်ားျဖစ္ေသာ ေရႊညဝါ ဆရာ ေတာ္၊ ပန္းပ်ိဳးလက္ဆရာေတာ္ႏွင့္ ဥကၠ႒  ဦးေဗလုဝ၊ ဒု ဥကၠ႒ ဦးေမတၱာ၊ အတြင္းေရးမွဴး ဦးေနမ်ိဳးဇင္တို႔ တက္ေရာက္ ခဲ့ၿပီး စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ အလွဴေငြ က်ပ္သိန္း ၃ဝ ကို လွဴဒါန္းခဲ့ကာ ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ညွိ ႏိႈင္းေရးမွဴး ဦးပက္ထရစ္ကြမ္ဂ်ားလီက လက္ခံခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima News

#Unicode Version
ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ဆောင်နေချိန်တွင် လက်ရှိအစိုးရအနေဖြင့် အလွန်သဘောထား ကြီးနေသည်ဟု ထင်မြင်မိကြောင်း ရွှေညဝါဆရာတော် ဦးပညာသီဟက မိန့်ကြားလိုက်သည်။

" အစစအရာရာ မှုန့်မှုန့် ညက်ညက် ကြေအောင် နင်းချေ ပစ်ခဲ့တဲ့ တိုင်းပြည်တစ်ခုကို တစ်စစီ ကောက်ပြီးတော့ ပြန်ဆက်ရတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက် ဘုန်းကြီးတို့ တိုင်းပြည်ဟာ လက်ရှိ ဒီမိုကရေစီအသွင်ကိုလည်းသွား၊ ပြုပြင်ပြောင်းလဲရေးမူဝါဒအရ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက တချို့ဟာ လေးတွေ ပျော့ပျော့ပျောင်းပျောင်း ဥပဒေလေးတွေကနေ စပြီးတော့ ပြင်ဆင်လာတဲ့ ပေါ်မှာ လက်ရှိ အစိုးရက အရမ်း သဘောထားကြီးနေတယ်လို့ ဘုန်းကြီးကတော့ ထင်တယ် "ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အောက်တိုဘာလ ၁၁ရက်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရွှေပြည်အေးလမ်းထောင့်ရှိ ကချင်ဘုရားကျောင်းတွင် ပြု လုပ်သော ကချင်စစ် ဘေးရှောင် ပြည်သူများအတွက်   မြန်မာလူမှုဘဝ တိုးတက်မြင့်မားရေးအသင်းမှ အလှူငွေလှူဒါန်းပွဲတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်သူများ အနေဖြင့် စိုးရိမ်ကြောင့်ကြစရာ မရှိသော်လည်း တရားဥပဒေစိုးမိုးမှု ယန္တရားစနစ် မလည် ပတ် နိုင်သေးသည့် လက်ရှိအစိုးရသစ်၏ မနိုင်မနင်း အုပ်ချုပ်မှုအောက်တွင်   နေထိုင်ရသည့်အတွက် ပြည်သူများ အနေဖြင့် လုံခြုံ မှုမရှိကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

" ပြောချင်တာကတော့ ဘုန်းကြီးတို့ အကုန်လုံးကို ပြောချင်တယ်။ အကုန်လုံးဆိုတာက ရဟန်းရှင်၊ ပြည်သူ အကုန်လုံး ဟာ အလိုလိုက် အမိုက်စော်ကား အကောင်းမမြင်တဲ့ အပြင် အဆိုးဘက်ကချည်း ကြည့်နေတော့ လက်ရှိအစိုးရရဲ့ ဦး ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကို လူမလေး ခွေးမခန့် ပုံစံမျိုးတွေ ပြောဆိုဆက်ဆံတာတွေ ရှိတယ် " ဟု ဆရာတော်က မိန့်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဘော ထားကြီးစွာဖြင့် လုပ်ဆောင်နေသော်လည်း လက်ရှိတွင် မြန်မာ့တပ်မတော် အခန်းကဏ္ဍက ငြိမ်းချမ်း ရေးကို ဖော်ဆောင်ရာတွင် လမ်းကြောင်းလွဲနေကြောင်း၊ တိုင်းပြည်ကောင်းစားရန်အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး နှင့် အလှမ်းဝေးမသွားရန် လိုအပ်ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် မြန်မာလူမှုဘဝတိုးတက်မြင့်မားရေး အသင်းမှ နာယက ဆရာတော်များဖြစ်သော ရွှေညဝါ ဆရာ တော်၊ ပန်းပျိုးလက်ဆရာတော်နှင့် ဥက္ကဋ္ဌ  ဦးဗေလုဝ၊ ဒု ဥက္ကဋ္ဌ ဦးမေတ္တာ၊ အတွင်းရေးမှူး ဦးနေမျိုးဇင်တို့ တက်ရောက် ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၃ဝ ကို လှူဒါန်းခဲ့ကာ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ညှိ နှိုင်းရေးမှူး ဦးပက်ထရစ်ကွမ်ဂျားလီက လက်ခံခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top