Property Expo
×

ႏိုက္ဂ်ီးရီးယားသမၼတ မူဟမ္မာဒူဟူဟာရီဟာ ကမာၻ႕ၾသဇာတိကၠမအႀကီးဆံုး အမ်ဳိးသမီးတစ္ဦးျဖစ္တဲ့ ဂ်ာမနီဝန္ႀကီးခ်ဳပ္နဲ႔ ေဘးခ်င္းယွဥ္ရပ္ရင္း သူ႔ရဲ႕ဇနီးကို အခုလို မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

မာကယ္က သမၼတဘူဟာရီကို စူးစူးဝါးဝါးတစ္ခ်က္ၾကည့္လုိက္ၿပီးမွ ႀကိဳးစား ရယ္ေမာလိုက္ပါတယ္။

ေသာၾကာေန႔ (ေအာက္တုိဘာလ ၁၄) ရက္က BBC ေဟာ္ဆာဘာသာအသံလႊင့္အစီအစဥ္နဲ႔ အင္တာဗ်ဴးမွာ ႏိုက္ဂ်ီးရီးယားသမၼတကေတာ္ အီရွာဘူဟာရီက သူမရဲ႕ခင္ပြန္းဟာ ထိပ္တန္းအစိုးရအရာရွိ အမ်ားအျပားကို မသိသလို သူ႔ရဲ႕  All Progressives Congress ပါတီရဲ႕အျမင္ကို သူတုိ႔ေတြက မွ်ေဝျခင္း မရွိဘူးလို႔ စြပ္စြဲခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၁၉ ခုႏွစ္မွာ သူမရဲ႕ခင္ပြန္း ေရြးေကာက္ပြဲထပ္ဝင္ရင္ သူ႔အတြက္ မဲဆြယ္ မေပးဘူးလုိ႔ ေျပာခဲ့ပါတယ္။

"၂၀၁၉ ခုႏွစ္မွာ ဒီလုိပဲ ထပ္ျဖစ္ေနဦးမယ္ဆုိရင္ သူ႔ဇနီးအေနနဲ႔ ကၽြန္မ ဆံုးျဖတ္ထားၿပီးၿပီ။ အရင္ကလုပ္ခဲ့သလို အျပင္ထြက္မဲဆြယ္ၿပီး အမ်ဳိးသမီးေတြကို မဲေပးဖုိ႔ မေျပာေတာ့ဘူး။ ဘယ္ေတာ့မွ ထပ္မလုပ္ေတာ့ဘူး" လုိ႔ သူမက ေျပာခဲ့ပါတယ္။

"ကၽြန္ေတာ့္ဇနီးကို ဘယ္ပါတီဝင္လည္းေတာ့မသိဘူး။ ဒါေပမဲ့ ကၽြန္ေတ္ာ့ရဲ႕မီးဖိုခန္း၊ ကၽြန္ေတ္ာ့ဧည့္ခန္းနဲ႔ ေနာက္တစ္ခန္းက သူ႔ေနရာပဲ" လို႔ ေျပာၿပီး ဇနီးရဲ႕အင္တာဗ်ဴးအေျဖကို သမၼတ ဘူဟာရီက တံု႔ျပန္ခဲ့ပါတယ္။

ယင္းသို႔ေျပာၾကားခ်ိန္မွာ သမၼတဘူဟာရီက ရယ္ေမာေနခဲ့ေပမဲ့ ႏိုက္ဂ်ီးရီးယားအမ်ားအျပားကေတာ့ သူ႔ကို မိန္းမမုန္းတီးသူအျဖစ္ စြပ္စြဲၾကၿပီး ေဒၚနယ္ထရန္႔နဲ႔ေတာင္ ခိုင္းႏႈိင္းၾကပါတယ္။

လူေတြေဒါသတႀကီးတံု႔ျပန္ၾကတာေၾကာင့္ သမၼတ႐ံုးရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဂါဘာရွီဟူက သမၼတရဲ႕အျပဳအမူနဲ႔ ပတ္သက္ၿပီး တြစ္တာမွာ ေျဖရွင္းတဲ့စာေတြ တင္ခဲ့ပါတယ္။

ႏိုက္ဂ်ီးရီးယားသမၼတကေတာ္ အီရွာဘူဟာရီဟာ ႏိုက္ဂ်ီးရီးယားကာကြယ္ေရးတကၠသိုလ္မွာ ႏုိင္ငံတကာဆက္ဆံေရးနဲ႔ မဟာဗ်ဴဟာဆုိင္ရာ မဟာဘြဲ႕ရရွိထားသူျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

နိုက်ဂျီးရီးယားသမ္မတ မူဟမ်မာဒူဟူဟာရီဟာ ကမ္ဘာ့သြဇာတိက္ကမအကြီးဆုံး အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဂျာမနီဝန်ကြီးချုပ်နဲ့ ဘေးချင်းယှဉ်ရပ်ရင်း သူ့ရဲ့ဇနီးကို အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

မာကယ်က သမ္မတဘူဟာရီကို စူးစူးဝါးဝါးတစ်ချက်ကြည့်လိုက်ပြီးမှ ကြိုးစား ရယ်မောလိုက်ပါတယ်။

သောကြာနေ့ (အောက်တိုဘာလ ၁၄) ရက်က BBC ဟော်ဆာဘာသာအသံလွှင့်အစီအစဉ်နဲ့ အင်တာဗျူးမှာ နိုက်ဂျီးရီးယားသမ္မတကတော် အီရှာဘူဟာရီက သူမရဲ့ခင်ပွန်းဟာ ထိပ်တန်းအစိုးရအရာရှိ အများအပြားကို မသိသလို သူ့ရဲ့  All Progressives Congress ပါတီရဲ့အမြင်ကို သူတို့တွေက မျှဝေခြင်း မရှိဘူးလို့ စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ သူမရဲ့ခင်ပွန်း ရွေးကောက်ပွဲထပ်ဝင်ရင် သူ့အတွက် မဲဆွယ် မပေးဘူးလို့ ပြောခဲ့ပါတယ်။

"၂၀၁၉ ခုနှစ်မှာ ဒီလိုပဲ ထပ်ဖြစ်နေဦးမယ်ဆိုရင် သူ့ဇနီးအနေနဲ့ ကျွန်မ ဆုံးဖြတ်ထားပြီးပြီ။ အရင်ကလုပ်ခဲ့သလို အပြင်ထွက်မဲဆွယ်ပြီး အမျိုးသမီးတွေကို မဲပေးဖို့ မပြောတော့ဘူး။ ဘယ်တော့မှ ထပ်မလုပ်တော့ဘူး" လို့ သူမက ပြောခဲ့ပါတယ်။

"ကျွန်တော့်ဇနီးကို ဘယ်ပါတီဝင်လည်းတော့မသိဘူး။ ဒါပေမဲ့ ကျွန်တေ်ာ့ရဲ့မီးဖိုခန်း၊ ကျွန်တေ်ာ့ဧည့်ခန်းနဲ့ နောက်တစ်ခန်းက သူ့နေရာပဲ" လို့ ပြောပြီး ဇနီးရဲ့အင်တာဗျူးအဖြေကို သမ္မတ ဘူဟာရီက တုံ့ပြန်ခဲ့ပါတယ်။

ယင်းသို့ပြောကြားချိန်မှာ သမ္မတဘူဟာရီက ရယ်မောနေခဲ့ပေမဲ့ နိုက်ဂျီးရီးယားအများအပြားကတော့ သူ့ကို မိန်းမမုန်းတီးသူအဖြစ် စွပ်စွဲကြပြီး ဒေါ်နယ်ထရန့်နဲ့တောင် ခိုင်းနှိုင်းကြပါတယ်။

လူတွေဒေါသတကြီးတုံ့ပြန်ကြတာကြောင့် သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဂါဘာရှီဟူက သမ္မတရဲ့အပြုအမူနဲ့ ပတ်သက်ပြီး တွစ်တာမှာ ဖြေရှင်းတဲ့စာတွေ တင်ခဲ့ပါတယ်။

နိုက်ဂျီးရီးယားသမ္မတကတော် အီရှာဘူဟာရီဟာ နိုက်ဂျီးရီးယားကာကွယ်ရေးတက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးနဲ့ မဟာဗျူဟာဆိုင်ရာ မဟာဘွဲ့ရရှိထားသူဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top