Property Expo
×

ကိုယ္အေလးခ်ိန္ ေလ်ာ့ဖို႔အတြက္ ႀကိဳးပမ္းသူမ်ားေနခ်ိန္မွာ တစ္ဖက္ ကလည္း ပိန္လြန္းလုိ႔ျပည့္ျပည့္ၿဖိဳး ၿဖိဳးျဖစ္ခ်င္သူေတြလည္း ရွိေနတာ မို႔ က်န္းမာေရးနဲ႔ညီညြတ္စြာစားၿပီး သဘာ၀အတုိင္း ကိုယ္အေလးခ်ိန္ တက္ေအာင္လုပ္ႏုိင္တာေလးေတြ ကို ေဖာ္ျပေပးလုိက္ပါတယ္။

အနီေရာင္အသားစားျခင္း -အနီ ေရာင္အသားမွာ ကိုလက္စထ ေရာပါ၀င္မႈမ်ားသလုိ အသားဓာတ္၊သံဓာတ္ႂကြယ္၀ကာ ကိုယ္ အေလးခ်ိန္ လည္း လြယ္လြယ္ကူ ကူတက္ေစႏုိင္ပါတယ္။

ေျမပဲေထာပတ္စားျခင္း- မဂၢနီဆီ ယမ္၊ ေဖာလစ္ အက္စစ္၊ ဗီတာမင္ဘီ၊ အီးတို႔ပါ၀င္သလို အဆီဓာတ္၊ အသားဓာတ္ႂကြယ္၀တဲ့အတြက္ ကိုယ္အေလးခ်ိန္ တက္ခ်င္ သူေတြစားသုံးေပးသင့္ပါတယ္။ တစ္ခုသတိထားရမွာက ေျမပဲနဲ႔ ဓာတ္ တည့္၊ မတည့္ကိုပါ။

မလုိင္အျပည့္ႏြားႏုိ႔ေသာက္ျခင္း -ႏြားႏုိ႔မွာ ဗီတာမင္အစုံနဲ႔ အာဟာ ရဓာတ္ေတြ ႂကြယ္၀ၿပီး မလုိင္အျပည့္၊ အဆီအျပည့္ပါတဲ့ ႏြားႏုိ႔ကို ဒီအတုိင္းေသာက္ႏုိင္သလို အုတ္ ဂ်ဳံတို႔၊ ေကြကာအုတ္တို႔နဲ႔ စားတာမ်ဳိး လည္း လုပ္ေပးႏုိင္ပါတယ္။

အသီးအႏွံစားေပးျခင္း - သရက္သီး၊ ငွက္ေပ်ာသီး၊ သေဘၤာသီး၊ နာနတ္သီးေတြမွာ သဘာ၀အခ်ဳိဓာတ္ပါတဲ့အတြက္ ခႏၶာကိုယ္အတြက္ သၾကားဓာတ္ကိုျဖည့္ေပးသလို ကိုယ္အေလးခ်ိန္တက္လာဖို႔ အတြက္ လည္း ေထာက္ကူေပးပါတယ္။

ေထာပတ္သီးစားျခင္း - က်န္းမာေရးအတြက္ လိုအပ္တဲ့အဆီဓာတ္ ကို ျဖည့္စြမ္းေပးၿပီး ေထာပတ္သီး တစ္ျခမ္းစားရင္ ကယ္လုိရီပမာဏ ၁၄၀ ေလာက္ရရွိေစပါတယ္။

လုံးတီးဂ်ဳံေပါင္မုန္႔စားျခင္း - အ မွ်င္ဓာတ္၊ သတၱဳဓာတ္ေတြပါတာ မို႔ မနက္စာကိုလုံးတီးဂ်ဳံနဲ႔ လုပ္တဲ့ ေပါင္မုန္႔ေတြ စားေပးႏုိင္ပါတယ္။

ေထာပတ္၊ ဒိန္ခဲစားျခင္း- ကယ္လို ရီပါ၀င္မႈမ်ားတဲ့ ေထာပတ္ကို ေပါင္မုန္႔နဲ႔ျဖစ္ျဖစ္၊ အသီးအရြက္ ေၾကာ္၊ ၾကက္ဥေၾကာ္၊ ဟင္းခ်က္ ရာမွာထည့္သြင္းစားေပးႏုိင္ပါ တယ္။ ေနာက္ၿပီး ဒိန္ခဲကလည္း ၀ိတ္တက္ေအာင္ စြမ္းေဆာင္တာ မို႔ အမ်ဳိးအစားစုံဒိန္ခဲေတြကို ႏွစ္ သက္သလို စားေပးႏုိင္ပါတယ္။

သစ္ေစ့သစ္ဆန္စားျခင္း- အဆီ ဓာတ္နဲ႔ အာဟာရဓာတ္ေတြပါတဲ့ အတြက္ အေစ့အဆန္ေတြ စားေပးရင္ ေသခ်ာေပါက္ ၀ိတ္တက္မွာပါ။

အာလူးစားျခင္း - ပိန္ေနရင္ေတာ့ အာလူးေတြမ်ားမ်ားစားေပးတာ အေကာင္းဆုံးပါ။ အသားဓာတ္၊ အမွ်င္ဓာတ္နဲ႔ ဗီတာမင္ေတြပါတဲ့ အတြက္ အာဟာရျဖစ္ေစလို႔ ကိုယ္အေလးခ်ိန္ တိုးေအာင္လည္း ေထာက္ကူေပးပါတယ္။ အခ်ဳိ ရည္ေတြေသာက္တာ၊ အာလူး ေခ်ာင္းေၾကာ္ေတြစားတာ ကိုယ္အေလးခ်ိန္ တိုးေစတယ္ဆိုေပမယ့္ က်န္းမာေရးနဲ႔ မညီညြတ္တဲ့အခ်က္ကို သိထားဖုိ႔ေတာ့လိုပါတယ္။  ဒီေတာ့က အထက္မွာေဖာ္ျပခဲ့တဲ့ အစားအစာေတြ စားၿပီး က်န္းက်န္းမာမာ ၀၀ၿဖိဳးၿဖိဳးျဖစ္ေအာင္လုပ္ၾကရေအာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကိုယ်အလေးချိန် လျော့ဖို့အတွက် ကြိုးပမ်းသူများနေချိန်မှာ တစ်ဖက် ကလည်း ပိန်လွန်းလို့ပြည့်ပြည့်ဖြိုး ဖြိုးဖြစ်ချင်သူတွေလည်း ရှိနေတာ မို့ ကျန်းမာရေးနဲ့ညီညွတ်စွာစားပြီး သဘာဝအတိုင်း ကိုယ်အလေးချိန် တက်အောင်လုပ်နိုင်တာလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

အနီရောင်အသားစားခြင်း -အနီ ရောင်အသားမှာ ကိုလက်စထ ရောပါဝင်မှုများသလို အသားဓာတ်၊သံဓာတ်ကြွယ်ဝကာ ကိုယ် အလေးချိန် လည်း လွယ်လွယ်ကူ ကူတက်စေနိုင်ပါတယ်။

မြေပဲထောပတ်စားခြင်း- မဂ္ဂနီဆီ ယမ်၊ ဖောလစ် အက်စစ်၊ ဗီတာမင်ဘီ၊ အီးတို့ပါဝင်သလို အဆီဓာတ်၊ အသားဓာတ်ကြွယ်ဝတဲ့အတွက် ကိုယ်အလေးချိန် တက်ချင် သူတွေစားသုံးပေးသင့်ပါတယ်။ တစ်ခုသတိထားရမှာက မြေပဲနဲ့ ဓာတ် တည့်၊ မတည့်ကိုပါ။

မလိုင်အပြည့်နွားနို့သောက်ခြင်း -နွားနို့မှာ ဗီတာမင်အစုံနဲ့ အာဟာ ရဓာတ်တွေ ကြွယ်ဝပြီး မလိုင်အပြည့်၊ အဆီအပြည့်ပါတဲ့ နွားနို့ကို ဒီအတိုင်းသောက်နိုင်သလို အုတ် ဂျုံတို့၊ ကွေကာအုတ်တို့နဲ့ စားတာမျိုး လည်း လုပ်ပေးနိုင်ပါတယ်။

အသီးအနှံစားပေးခြင်း - သရက်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်သီးတွေမှာ သဘာဝအချိုဓာတ်ပါတဲ့အတွက် ခန္ဓာကိုယ်အတွက် သကြားဓာတ်ကိုဖြည့်ပေးသလို ကိုယ်အလေးချိန်တက်လာဖို့ အတွက် လည်း ထောက်ကူပေးပါတယ်။

ထောပတ်သီးစားခြင်း - ကျန်းမာရေးအတွက် လိုအပ်တဲ့အဆီဓာတ် ကို ဖြည့်စွမ်းပေးပြီး ထောပတ်သီး တစ်ခြမ်းစားရင် ကယ်လိုရီပမာဏ ၁၄၀ လောက်ရရှိစေပါတယ်။

လုံးတီးဂျုံပေါင်မုန့်စားခြင်း - အ မျှင်ဓာတ်၊ သတ္တုဓာတ်တွေပါတာ မို့ မနက်စာကိုလုံးတီးဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်တွေ စားပေးနိုင်ပါတယ်။

ထောပတ်၊ ဒိန်ခဲစားခြင်း- ကယ်လို ရီပါဝင်မှုများတဲ့ ထောပတ်ကို ပေါင်မုန့်နဲ့ဖြစ်ဖြစ်၊ အသီးအရွက် ကြော်၊ ကြက်ဥကြော်၊ ဟင်းချက် ရာမှာထည့်သွင်းစားပေးနိုင်ပါ တယ်။ နောက်ပြီး ဒိန်ခဲကလည်း ဝိတ်တက်အောင် စွမ်းဆောင်တာ မို့ အမျိုးအစားစုံဒိန်ခဲတွေကို နှစ် သက်သလို စားပေးနိုင်ပါတယ်။

သစ်စေ့သစ်ဆန်စားခြင်း- အဆီ ဓာတ်နဲ့ အာဟာရဓာတ်တွေပါတဲ့ အတွက် အစေ့အဆန်တွေ စားပေးရင် သေချာပေါက် ဝိတ်တက်မှာပါ။

အာလူးစားခြင်း - ပိန်နေရင်တော့ အာလူးတွေများများစားပေးတာ အကောင်းဆုံးပါ။ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်တွေပါတဲ့ အတွက် အာဟာရဖြစ်စေလို့ ကိုယ်အလေးချိန် တိုးအောင်လည်း ထောက်ကူပေးပါတယ်။ အချို ရည်တွေသောက်တာ၊ အာလူး ချောင်းကြော်တွေစားတာ ကိုယ်အလေးချိန် တိုးစေတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အချက်ကို သိထားဖို့တော့လိုပါတယ်။  ဒီတော့က အထက်မှာဖော်ပြခဲ့တဲ့ အစားအစာတွေ စားပြီး ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုးဖြစ်အောင်လုပ်ကြရအောင်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top