Property Expo
×

ေက်ာင္းမွာတုန္းကေတာ့ စာေတာ္ေသာသူသာလွ်င္ လူေတာ္ၿဖစ္ၿပီး ခ်ီးက်ဳးအားေပးမူကို ခံရမွာပါ။

ဒါပင္မဲ့ ေက်ာင္းေတြလည္းၿပီး ဘဲြ႕ေတြလည္း ရၿပီးေသာအခါမွာေတာ့ အေၿခအေနက တစ္မ်ိဳးေၿပာင္းလဲလာႏုိင္ပါတယ္။

ေက်ာင္းေတာ္ၾကီးနဲ႕ ဘာေတြက ဘယ္လိုေၿပာင္းလဲၿပီး ကြာၿခားသြားသလဲဆိုတာကို ဖတ္ၾကည့္လိုက္ပါေနာ္။
 
၁. စာေမးပဲြ ရမွတ္ နဲ႕ အလုပ္က ရမွတ္

လပတ္၊ အတန္းတင္စာေမးပဲြ စသည္ၿဖင့္ အားလံုးလဲၾကံဳေတြ႔ဖူးမွာပါ။ စာေမးပဲြမွာ ရရွိတဲ့ရမွတ္ေတြ အေပၚမူတည္ၿပီး သူေတာ္တယ္လို႔ အမွတ္နဲ႔ ဆံုးၿဖတ္ပါလိမ့္မယ္။
အလုပ္ခြင္ထဲကို ေရာက္သြားၿပီးဆိုတာနဲ႔ စာေမးပဲြတုန္းက အမွတ္ေတြ၊ ပညာအရည္အခ်င္းေတြထက္ အလုပ္လုပ္တတ္ၿပီး လုပ္ငန္းခြင္ကို နားလည္မူရွိသူသာလွ်င္ ဘဝရည္မွန္းခ်က္ေတြ
ေအာင္ၿမင္ရန္အတြက္ ေလာကၾကီးက အမွတ္ေတြေပးသြားမွာပါ။

၂. အၾကံဥာဏ္ေကာင္းသူ

ေက်ာင္းတုန္းကေတာ့ ေပးသမွ်ကို အလြတ္က်က္ၿပီး အမွတ္ေကာင္းေတြရၿပီး ကိုယ့္ကိုကိုယ္ လူေတာ္ၾကီးလို႔ ခံယူထားသူေတြလည္း နည္းမွာမဟုတ္ပါ။
အလုပ္ခြင္ေရာက္ရင္ေတာ့ အၾကံဥာဏ္ေကာင္းသူကသာလွ်င္ ေနရာကို ရပါလိမ့္မယ္။ ကမာၻေပၚမွာ လူတိုင္းသိေသာ ပညာရွင္၊လုပ္ငန္းရွင္ေတြဟာ ပတ္ဝန္းက်င္မွာ ရွိၿပီးၿဖစ္ေသာ
နည္းပညာေတြကို ပိုၿပီးေကာင္းမြန္ေအာင္လုပ္မယ္ဆိုတဲ့ အၾကံဥာဏ္ေကာင္းေတြကို အၿမဲေတြးၿပီး လက္ေတြ႔လုပ္ေဆာင္ေနတာေၾကာင့္ ေအာင္ၿမင္ေနတာပါ။
 
၃. ေအာင္ၿမင္ေသာသူရဲ႕ ခံယူခ်က္

ေအာင္ၿမင္ေနေသာသူရဲ႕ ခံယူခ်က္ဆိုတာလဲ ၁၀၀ ရာခိုင္ႏႈန္းမွန္တယ္လို႔ မရွိပါ။ သူတို႕ကိုယ္တုိင္လည္း အၿမဲတမ္း ေကာင္းတာကို သင္ယူၿပီး အတုယူမယ္ဆိုတာကို အၿမဲလက္စဲြထားပါတယ္။
ဘယ္သူနဲ႔မဆိုေတြ႕ရန္ အသင့္ရွိသလို၊ ဘယ္ေလာက္ပဲ မေကာင္းေသာသူပဲၿဖစ္ၿဖစ္ သူ႕ဆီကလည္း တစ္ခုခုကို ရေအာင္ယူမယ္ဆိုတဲ့ ဆႏၵရွိပါတယ္။
ဒါေၾကာင့္ တစ္ေယာက္နဲ႕တစ္ေယာက္ေတြ႔ရန္ၾကံဳလာလွ်င္ အမ်ားၾကီး မစဥ္းစားပဲ ေတြ႔ၾကည့္လိုက္ပါ။ မၾကိဳက္ရင္ ထၿပီး ၿပန္လာရင္ၿပီးတာပါပဲ။

၄. အေသးစိတ္ေသာသူ

လူေတြမွာ တစ္ခုခုေတာ့ အားနည္းခ်က္ဆုိတာ ရွိပါတယ္။ အားနည္းခ်က္ရွိလို႔ အလုပ္မလုပ္ႏုိင္ဘူးဆိုရင္ေတာ့ တစ္ကမာၻလံုးက လူေတြကေတာ့ အလုပ္လုပ္လို႔ရေတာ့မွာ မဟုတ္ပါ။
ဥပမာ အရမ္းကိုေတာ္ၿပီး ထူးခၽြန္တဲ့ စီးပြားေရးလုပ္ငန္းရွင္ပဲၿဖစ္ပါေစ၊ သူ႔ကို အားကစားလုပ္ခိုင္းရင္ ရယ္စရာေကာင္းေလာက္ေအာင္ အေၿပးမသန္တာမ်ိဳးလည္းရွိတတ္ပါတယ္။

၅. အစီအစဥ္ဆဲြတတ္သူ

ဘယ္ေလာက္ပဲ အစီအစဥ္ေတြကို စနစ္တက်ဆဲြတတ္တဲ့သူၿဖစ္ပါေစ၊ လက္ေတြ႕မလုပ္ႏုိင္ေသာသူၿဖစ္ရင္ေတာ့ အဓိပၸာယ္မရွိပါ။
ေနာ္၅ႏွစ္၊၁၀ႏွစ္ ဘဝစီမံကိန္းကို စဥ္းစားၿပီးအခ်ိန္ကုန္ေနတာထက္စာရင္ ယခုဘာကိုလုပ္သင့္တယ္ဆိုတာကို ေသေသခ်ာခ်ာ စဥ္းစားၿပီး လက္ေတြ႔လုပ္ေဆာင္သင့္တယ္လို႔ အၾကံေပးပါရေစ။

၆. အမွားကို မလုပ္မိေစရန္ သတိထားသူ

အလုပ္မွာ အမွားကို မလုပ္မိေစရန္ဆိုၿပီး အမွားကိုေရွာင္နည္းသင္ေပးေသာေက်ာင္းကို တတ္တာထက္ မွားလုိက္ေသာအခါမွာ ၿပန္လည္ သံုးသပ္ၿပီးေနာင္မမွားေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို
စဥ္းစားႏုိင္သူၿဖစ္ေအာင္ ၾကိဳးစားပါ။ ေအာင္ၿမင္ေသာသူေတြဟာ အမွားကေန အမွန္ၿဖစ္လာတာပါ။ မွားခဲ့တဲ့အတြက္ ဆံုးရႈံးမႈေတြကို ခဏေမ့ထားၿပီး ေနာင္မမွားေအာင္ ဘယ္လုိလုပ္မလဲဆိုတာကိုသာ
အေလးထားသူမ်ားၿဖစ္ပါတယ္။

၇. နားလည္ၿပီး ဆံုးၿဖတ္ေပးႏုိင္သူ

ဘယ္အစည္းအေဝးမွာပဲၿဖစ္ၿဖစ္ မွန္တယ္မွားတယ္ကို ေသေသခ်ာခ်ာ ေၿပာႏုိင္ေသာသူၿဖစ္ပါေစ။ မဟုတ္တာကို မဟုတ္ဘူးလို႔ေၿ႔ပာႏုိင္မွသာလွ်င္ ေကာင္းေသာလမ္းကို ေရာက္မွာပါ။

၈. ဆံုးခန္းတုိင္ေအာင္လုပ္ပါ

လုပ္ငန္းၾကီး လုုပ္ငန္းေသး မဆိုင္ပါ။ ဘယ္အလုပ္ကို လုပ္ေနသူပဲၿဖစ္ၿဖစ္ ဆံုးခန္းတိုင္ေအာင္ လုပ္သင့္ပါတယ္။ ပန္းတုိင္ကိုေရာက္သြားလွ်င္ တာထြက္တုန္းက ထင္ထားတာထက္ အေၿခအေနေတြက
အမ်ားၾကီး ေၿပာင္းလဲသြားႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelmo Team

#Unicode Version
ကျောင်းမှာတုန်းကတော့ စာတော်သောသူသာလျှင် လူတော်ဖြစ်ပြီး ချီးကျုးအားပေးမူကို ခံရမှာပါ။

ဒါပင်မဲ့ ကျောင်းတွေလည်းပြီး ဘွဲ့တွေလည်း ရပြီးသောအခါမှာတော့ အခြေအနေက တစ်မျိုးပြောင်းလဲလာနိုင်ပါတယ်။

ကျောင်းတော်ကြီးနဲ့ ဘာတွေက ဘယ်လိုပြောင်းလဲပြီး ကွာခြားသွားသလဲဆိုတာကို ဖတ်ကြည့်လိုက်ပါနော်။


၁. စာမေးပွဲ ရမှတ် နဲ့ အလုပ်က ရမှတ်

လပတ်၊ အတန်းတင်စာမေးပွဲ စသည်ဖြင့် အားလုံးလဲကြုံတွေ့ဖူးမှာပါ။ စာမေးပွဲမှာ ရရှိတဲ့ရမှတ်တွေ အပေါ်မူတည်ပြီး သူတော်တယ်လို့ အမှတ်နဲ့ ဆုံးဖြတ်ပါလိမ့်မယ်။
အလုပ်ခွင်ထဲကို ရောက်သွားပြီးဆိုတာနဲ့ စာမေးပွဲတုန်းက အမှတ်တွေ၊ ပညာအရည်အချင်းတွေထက် အလုပ်လုပ်တတ်ပြီး လုပ်ငန်းခွင်ကို နားလည်မူရှိသူသာလျှင် ဘဝရည်မှန်းချက်တွေ
အောင်မြင်ရန်အတွက် လောကကြီးက အမှတ်တွေပေးသွားမှာပါ။



၂. အကြံဉာဏ်ကောင်းသူ

ကျောင်းတုန်းကတော့ ပေးသမျှကို အလွတ်ကျက်ပြီး အမှတ်ကောင်းတွေရပြီး ကိုယ့်ကိုကိုယ် လူတော်ကြီးလို့ ခံယူထားသူတွေလည်း နည်းမှာမဟုတ်ပါ။
အလုပ်ခွင်ရောက်ရင်တော့ အကြံဉာဏ်ကောင်းသူကသာလျှင် နေရာကို ရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ လူတိုင်းသိသော ပညာရှင်၊လုပ်ငန်းရှင်တွေဟာ ပတ်ဝန်းကျင်မှာ ရှိပြီးဖြစ်သော
နည်းပညာတွေကို ပိုပြီးကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့ အကြံဉာဏ်ကောင်းတွေကို အမြဲတွေးပြီး လက်တွေ့လုပ်ဆောင်နေတာကြောင့် အောင်မြင်နေတာပါ။


၃. အောင်မြင်သောသူရဲ့ ခံယူချက်

အောင်မြင်နေသောသူရဲ့ ခံယူချက်ဆိုတာလဲ ၁၀၀ ရာခိုင်နှုန်းမှန်တယ်လို့ မရှိပါ။ သူတို့ကိုယ်တိုင်လည်း အမြဲတမ်း ကောင်းတာကို သင်ယူပြီး အတုယူမယ်ဆိုတာကို အမြဲလက်စွဲထားပါတယ်။
ဘယ်သူနဲ့မဆိုတွေ့ရန် အသင့်ရှိသလို၊ ဘယ်လောက်ပဲ မကောင်းသောသူပဲဖြစ်ဖြစ် သူ့ဆီကလည်း တစ်ခုခုကို ရအောင်ယူမယ်ဆိုတဲ့ ဆန္ဒရှိပါတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ရန်ကြုံလာလျှင် အများကြီး မစဉ်းစားပဲ တွေ့ကြည့်လိုက်ပါ။ မကြိုက်ရင် ထပြီး ပြန်လာရင်ပြီးတာပါပဲ။


၄. အသေးစိတ်သောသူ

လူတွေမှာ တစ်ခုခုတော့ အားနည်းချက်ဆိုတာ ရှိပါတယ်။ အားနည်းချက်ရှိလို့ အလုပ်မလုပ်နိုင်ဘူးဆိုရင်တော့ တစ်ကမ္ဘာလုံးက လူတွေကတော့ အလုပ်လုပ်လို့ရတော့မှာ မဟုတ်ပါ။
ဥပမာ အရမ်းကိုတော်ပြီး ထူးချွန်တဲ့ စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ပါစေ၊ သူ့ကို အားကစားလုပ်ခိုင်းရင် ရယ်စရာကောင်းလောက်အောင် အပြေးမသန်တာမျိုးလည်းရှိတတ်ပါတယ်။


၅. အစီအစဉ်ဆွဲတတ်သူ

ဘယ်လောက်ပဲ အစီအစဉ်တွေကို စနစ်တကျဆွဲတတ်တဲ့သူဖြစ်ပါစေ၊ လက်တွေ့မလုပ်နိုင်သောသူဖြစ်ရင်တော့ အဓိပ္ပာယ်မရှိပါ။
နော်၅နှစ်၊၁၀နှစ် ဘဝစီမံကိန်းကို စဉ်းစားပြီးအချိန်ကုန်နေတာထက်စာရင် ယခုဘာကိုလုပ်သင့်တယ်ဆိုတာကို သေသေချာချာ စဉ်းစားပြီး လက်တွေ့လုပ်ဆောင်သင့်တယ်လို့ အကြံပေးပါရစေ။


၆. အမှားကို မလုပ်မိစေရန် သတိထားသူ

အလုပ်မှာ အမှားကို မလုပ်မိစေရန်ဆိုပြီး အမှားကိုရှောင်နည်းသင်ပေးသောကျောင်းကို တတ်တာထက် မှားလိုက်သောအခါမှာ ပြန်လည် သုံးသပ်ပြီးနောင်မမှားအောင် ဘယ်လိုလုပ်မလဲဆိုတာကို
စဉ်းစားနိုင်သူဖြစ်အောင် ကြိုးစားပါ။ အောင်မြင်သောသူတွေဟာ အမှားကနေ အမှန်ဖြစ်လာတာပါ။ မှားခဲ့တဲ့အတွက် ဆုံးရှုံးမှုတွေကို ခဏမေ့ထားပြီး နောင်မမှားအောင် ဘယ်လိုလုပ်မလဲဆိုတာကိုသာ
အလေးထားသူများဖြစ်ပါတယ်။


၇. နားလည်ပြီး ဆုံးဖြတ်ပေးနိုင်သူ

ဘယ်အစည်းအဝေးမှာပဲဖြစ်ဖြစ် မှန်တယ်မှားတယ်ကို သေသေချာချာ ပြောနိုင်သောသူဖြစ်ပါစေ။ မဟုတ်တာကို မဟုတ်ဘူးလို့ေြ့ပာနိုင်မှသာလျှင် ကောင်းသောလမ်းကို ရောက်မှာပါ။


၈. ဆုံးခန်းတိုင်အောင်လုပ်ပါ

လုပ်ငန်းကြီး လုုပ်ငန်းသေး မဆိုင်ပါ။ ဘယ်အလုပ်ကို လုပ်နေသူပဲဖြစ်ဖြစ် ဆုံးခန်းတိုင်အောင် လုပ်သင့်ပါတယ်။ ပန်းတိုင်ကိုရောက်သွားလျှင် တာထွက်တုန်းက ထင်ထားတာထက် အခြေအနေတွေက
အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top