Property Expo
×

 ထုိင္းဘုရင္ ဘူမိေဘာ အဒူလုိင္ဒက္ဂ်္၏ ႐ုပ္အေလာင္းကို ျပည္သူမ်ား ဂါရဝျပဳ ကန္ေတာ့ရန္ ပထမဆံုးအႀကိမ္ ခြင့္ျပဳလုိက္ၿပီးေနာက္ ဘန္ေကာက္ရွိ ေတာ္ဝင္နန္းေတာ္သို႔ လူေပါင္း ေထာင္ႏွင့္ေသာင္းႏွင့္ခ်ီ လာေရာက္ ဂါရဝျပဳခဲ့ေၾကာင္း သိရသည္။

ဝမ္းနည္းျခင္း အထိမ္းအမွတ္ အနက္ေရာင္ကို ဝတ္ဆင္ထားၾကသည့္ ျပည္သူအမ်ားအျပားသည္ လြန္ခဲ့သည့္ သီတင္းႏွစ္ပတ္က ကံေတာ္ကုန္သြားသည့္ ဘုရင္ႀကီး၏ ဓာတ္ပံုမ်ားကို ကိုင္ေဆာင္လာကာ သတ္မွတ္ေနရာသို႔ တိတ္ဆိတ္စြာ လာေရာက္စု႐ံုးခဲ့ၾကသည္။

ယခင္က နန္းေတာ္ျပင္ပတြင္ လာေရာက္ ဂါရဝျပဳ ကန္ေတာ့သူမ်ား ရွိခဲ့ေသာ္လည္း ယခုအခါတြင္မွ ပထမဆံုးအႀကိမ္အျဖစ္ နန္းေတာ္အတြင္း ျပည္သူမ်ားကို ဝင္ေရာက္ၿပီး ႐ုပ္အေလာင္းကို ၾကည့္ျမင္ရန္ ခြင့္ျပဳခဲ့ျခင္းဟု သိရွိရသည္။

နန္းေတာ္ တာဝန္ရွိသူမ်ားက ရာဇပလႅင္ ထားရွိရာ ခန္းမတြင္ ခင္းက်င္းျပင္ဆင္ထားသည့္ ႐ုပ္အေလာင္းကို ဂါရဝျပဳရန္ ေန႔စဉ္ လူတစ္ေသာင္းကို ဝင္ခြင့္ျပဳသြားမည္ဟု ဆိုသည္။ ဘုရင္ႀကီး ကံေတာ္ကုန္မႈအတြက္ ဝမ္းနည္းေၾကကြဲမႈ ကာလကို တစ္ႏွစ္ထိ သတ္မွတ္ထားမည္ ျဖစ္သည္။

“ဘုရင္ႀကီးကို ေနာက္ဆံုး ဂါရဝျပဳဖို႔ ေစာင့္ေနတာ ၾကာပါၿပီ။ နန္းေတာ္ထဲ ဝင္ခြင့္ျပဳတဲ့ သတင္းကို ၾကားေတာ့ ညက အိပ္ေတာင္ မအိပ္ႏုိင္ဘူး။ ဒီကိုလာၿပီး ဂါရဝ ျပဳခြင့္ရတဲ့အတြက္ သိပ္ကို ဂုဏ္ယူ ဝမ္းသာမိပါတယ္”ဟု အသက္ ၈၄ ႏွစ္အရြယ္ရွိ ဆာမန္ ေဒါင္႐ူအန္းက လူတန္းရွည္ႀကီးတြင္ ဝင္ေရာက္တန္းစီရင္း ေျပာၾကားခဲ့သည္။

ဘုရင္ႀကီးကို ဂါရဝျပဳ ကန္ေတာ့ၿပီးေနာက္ ထုိင္းျပည္သူ အမ်ားအျပားသည္ မ်က္ရည္လည္ရြဲျဖင့္ နန္းေတာ္မွ ထြက္ခြာသြားၾကေၾကာင္းလည္း သိရသည္။ ဘုရင္ ဘူမိေဘာသည္ ထုိင္းထီးနန္းကို ႏွစ္ေပါင္း ၇၀ မွ် စိုးစံၿပီးေနာက္ သက္ေတာ္ ၈၈ ႏွစ္တြင္ ကံေတာ္ကုန္သြားခဲ့သည္။

ထိုင္းထီးနန္းကို အိမ္  ေ႐ွ႕မင္းသား မဟာ ဗီဂ်ာရေလာင္ကြန္းက ဆက္ခံမည္ဟု သတင္းႀကီးေနေသာ္လည္း တရားဝင္ နန္းတက္မည့္ အစီအစဉ္ကို မသတ္မွတ္ေသးသလုိ ဝမ္းနည္းေၾကကြဲမႈကာလ ၿပီးဆံုးမွ ယင္းကိစၥကို အေကာင္အထည္ ေဖာ္ျဖစ္ဖြယ္ ရွိေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ထိုင်းဘုရင် ဘူမိဘော အဒူလိုင်ဒက်ဂျ်၏ ရုပ်အလောင်းကို ပြည်သူများ ဂါရဝပြု ကန်တော့ရန် ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပြီးနောက် ဘန်ကောက်ရှိ တော်ဝင်နန်းတော်သို့ လူပေါင်း ထောင်နှင့်သောင်းနှင့်ချီ လာရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။

ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်ကို ဝတ်ဆင်ထားကြသည့် ပြည်သူအများအပြားသည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ကံတော်ကုန်သွားသည့် ဘုရင်ကြီး၏ ဓာတ်ပုံများကို ကိုင်ဆောင်လာကာ သတ်မှတ်နေရာသို့ တိတ်ဆိတ်စွာ လာရောက်စုရုံးခဲ့ကြသည်။

ယခင်က နန်းတော်ပြင်ပတွင် လာရောက် ဂါရဝပြု ကန်တော့သူများ ရှိခဲ့သော်လည်း ယခုအခါတွင်မှ ပထမဆုံးအကြိမ်အဖြစ် နန်းတော်အတွင်း ပြည်သူများကို ဝင်ရောက်ပြီး ရုပ်အလောင်းကို ကြည့်မြင်ရန် ခွင့်ပြုခဲ့ခြင်းဟု သိရှိရသည်။

နန်းတော် တာဝန်ရှိသူများက ရာဇပလ္လင် ထားရှိရာ ခန်းမတွင် ခင်းကျင်းပြင်ဆင်ထားသည့် ရုပ်အလောင်းကို ဂါရဝပြုရန် နေ့စဉ် လူတစ်သောင်းကို ဝင်ခွင့်ပြုသွားမည်ဟု ဆိုသည်။ ဘုရင်ကြီး ကံတော်ကုန်မှုအတွက် ဝမ်းနည်းကြေကွဲမှု ကာလကို တစ်နှစ်ထိ သတ်မှတ်ထားမည် ဖြစ်သည်။

“ဘုရင်ကြီးကို နောက်ဆုံး ဂါရဝပြုဖို့ စောင့်နေတာ ကြာပါပြီ။ နန်းတော်ထဲ ဝင်ခွင့်ပြုတဲ့ သတင်းကို ကြားတော့ ညက အိပ်တောင် မအိပ်နိုင်ဘူး။ ဒီကိုလာပြီး ဂါရဝ ပြုခွင့်ရတဲ့အတွက် သိပ်ကို ဂုဏ်ယူ ဝမ်းသာမိပါတယ်”ဟု အသက် ၈၄ နှစ်အရွယ်ရှိ ဆာမန် ဒေါင်ရူအန်းက လူတန်းရှည်ကြီးတွင် ဝင်ရောက်တန်းစီရင်း ပြောကြားခဲ့သည်။

ဘုရင်ကြီးကို ဂါရဝပြု ကန်တော့ပြီးနောက် ထိုင်းပြည်သူ အများအပြားသည် မျက်ရည်လည်ရွဲဖြင့် နန်းတော်မှ ထွက်ခွာသွားကြကြောင်းလည်း သိရသည်။ ဘုရင် ဘူမိဘောသည် ထိုင်းထီးနန်းကို နှစ်ပေါင်း ၇၀ မျှ စိုးစံပြီးနောက် သက်တော် ၈၈ နှစ်တွင် ကံတော်ကုန်သွားခဲ့သည်။

ထိုင်းထီးနန်းကို အိမ်ရှေ့မင်းသား မဟာ ဗီဂျာရလောင်ကွန်းက ဆက်ခံမည်ဟု သတင်းကြီးနေသော်လည်း တရားဝင် နန်းတက်မည့် အစီအစဉ်ကို မသတ်မှတ်သေးသလို ဝမ်းနည်းကြေကွဲမှုကာလ ပြီးဆုံးမှ ယင်းကိစ္စကို အကောင်အထည် ဖော်ဖြစ်ဖွယ် ရှိကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top