Property Expo
×

၁။ ေျခဖဝါးနဲ႔ကြက္တိ

နည္းနည္းေလး ေသးေနတာပဲျဖစ္ျဖစ္၊ မသိမသာေလး ႀကီးေနတာပဲျဖစ္ျဖစ္ အဲဒီလိုဖိနပ္ေတြ မစီးပါနဲ႔။ ဘယ္ဖိနပ္ကိုပဲစီးစီး ကိုယ့္ေျခဖဝါးနဲ႔ အံဝင္ခြင္က်ျဖစ္ေနမွ ၾကည့္လို႔ေကာင္းတာပါ။

၂။ ခံုထူထူေဒါက္

ပလက္ေဖာင္းေဒါက္လို႔ေခၚတဲ့ ခံုထူထူေဒါက္ဖိနပ္ေတြကလည္း ေတာ္႐ံုလူနဲ႔ သိပ္ၿပီးမလိုက္ဖက္ပါဘူး။ အေရာင္နဲ႔ဒီဇိုင္းကို ေသေသခ်ာခ်ာမေ႐ြးမိရင္ အေပါစားနဲ႔ေတာင္ တူေနပါေသးတယ္။

၃။ တိရစၦာန္ကိုယ္ေပၚကဒီဇိုင္း

က်ားသစ္ကြက္ေတြ၊ ျမင္းက်ားဒီဇိုင္းေတြကို ထုတ္လုပ္မယ္ဆုိရင္ ေစ်းႀကီးပါတယ္။ တန္ဖိုးႀကီးဖိနပ္ေတြကသာ ေသေသခ်ာခ်ာ သပ္သပ္ရပ္ရပ္ ထုတ္လုပ္တာျဖစ္လို႔ အရည္အေသြးလည္း ကြာပါတယ္။ ေစ်းသက္သာတဲ့ အကြက္အေျပာက္ အက်ားဒီဇိုင္းေတြက အရည္အေသြးညံ့တာ ေပၚလြင္ပါတယ္။ တကယ္လို႔ အဲ့ဒီလိုဒီဇိုင္းေတြမွ ႀကိဳက္တယ္ဆုိရင္ေတာ့ က်ားသစ္ကြက္ဆိုလည္း အျပည့္မပါဘဲ နည္းနည္းပဲပါတဲ့ ဒီဇိုင္းမ်ိဳးကိုေရြးသင့္ပါတယ္။

၄။ Faux Suede

သားေရဖိနပ္ေတြကို ႀကိဳက္ေပမဲ့ ဝယ္ဖုိ႔ ေငြေၾကးမေလာက္ဘူးဆိုရင္ သားေရအတုေတြကိုလည္း ျငင္းပယ္လုိက္ပါ။ သားေရတုေတြက ပလတ္စတစ္ေတြလို ေျပာင္ေျပာင္ႀကီးျဖစ္ေနရင္ အေပါစားနဲ႔တူေနပါလိမ့္မယ္။ Faux Suede လို႔ေခၚတဲ့ ခ်ည္အေျခခံအသားနဲ႔ခ်ဳပ္လုပ္ထားတဲ့ ဖိနပ္ေတြက ပိုၿပီးထည္ဝါပါတယ္။ ေစ်းလည္းမႀကီးပါဘူး။

၅။ ႐ႈပ္ယွက္ေနတဲ့ႀကိဳး

ႀကိဳးသိုင္းဖိနပ္ေတြကို ေ႐ြးမယ္ဆို ႀကိဳးအမ်ားႀကီးနဲ႔ ႐ႈပ္ယွက္ေနတာမ်ိဳးကလည္း သိပ္ေကာင္းတဲ့အၾကံဉာဏ္မဟုတ္ပါဘူး။ ႀကိဳးနည္းနည္းနဲ႔ ႐ွင္းတာမ်ိဳးေလးကမွ ပိုၿပီးလွတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

၁။ ခြေဖဝါးနဲ့ကွက်တိ

နည်းနည်းလေး သေးနေတာပဲဖြစ်ဖြစ်၊ မသိမသာလေး ကြီးနေတာပဲဖြစ်ဖြစ် အဲဒီလိုဖိနပ်တွေ မစီးပါနဲ့။ ဘယ်ဖိနပ်ကိုပဲစီးစီး ကိုယ့်ခြေဖဝါးနဲ့ အံဝင်ခွင်ကျဖြစ်နေမှ ကြည့်လို့ကောင်းတာပါ။

၂။ ခုံထူထူဒေါက်

ပလက်ဖောင်းဒေါက်လို့ခေါ်တဲ့ ခုံထူထူဒေါက်ဖိနပ်တွေကလည်း တော်ရုံလူနဲ့ သိပ်ပြီးမလိုက်ဖက်ပါဘူး။ အရောင်နဲ့ဒီဇိုင်းကို သေသေချာချာမရွေးမိရင် အပေါစားနဲ့တောင် တူနေပါသေးတယ်။

၃။ တိရစ္ဆာန်ကိုယ်ပေါ်ကဒီဇိုင်း

ကျားသစ်ကွက်တွေ၊ မြင်းကျားဒီဇိုင်းတွေကို ထုတ်လုပ်မယ်ဆိုရင် ဈေးကြီးပါတယ်။ တန်ဖိုးကြီးဖိနပ်တွေကသာ သေသေချာချာ သပ်သပ်ရပ်ရပ် ထုတ်လုပ်တာဖြစ်လို့ အရည်အသွေးလည်း ကွာပါတယ်။ ဈေးသက်သာတဲ့ အကွက်အပြောက် အကျားဒီဇိုင်းတွေက အရည်အသွေးညံ့တာ ပေါ်လွင်ပါတယ်။ တကယ်လို့ အဲ့ဒီလိုဒီဇိုင်းတွေမှ ကြိုက်တယ်ဆိုရင်တော့ ကျားသစ်ကွက်ဆိုလည်း အပြည့်မပါဘဲ နည်းနည်းပဲပါတဲ့ ဒီဇိုင်းမျိုးကိုရွေးသင့်ပါတယ်။

၄။ Faux Suede

သားရေဖိနပ်တွေကို ကြိုက်ပေမဲ့ ဝယ်ဖို့ ငွေကြေးမလောက်ဘူးဆိုရင် သားရေအတုတွေကိုလည်း ငြင်းပယ်လိုက်ပါ။ သားရေတုတွေက ပလတ်စတစ်တွေလို ပြောင်ပြောင်ကြီးဖြစ်နေရင် အပေါစားနဲ့တူနေပါလိမ့်မယ်။ Faux Suede လို့ခေါ်တဲ့ ချည်အခြေခံအသားနဲ့ချုပ်လုပ်ထားတဲ့ ဖိနပ်တွေက ပိုပြီးထည်ဝါပါတယ်။ ဈေးလည်းမကြီးပါဘူး။

၅။ ရှုပ်ယှက်နေတဲ့ကြိုး

ကြိုးသိုင်းဖိနပ်တွေကို ရွေးမယ်ဆို ကြိုးအများကြီးနဲ့ ရှုပ်ယှက်နေတာမျိုးကလည်း သိပ်ကောင်းတဲ့အကြံဉာဏ်မဟုတ်ပါဘူး။ ကြိုးနည်းနည်းနဲ့ ရှင်းတာမျိုးလေးကမှ ပိုပြီးလှတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top