Property Expo
×

အခ်ိန္က မနက္ ၈ နာရီခြဲေလာက္…. နည္းနည္းအလုပ္ရႈပ္ေနတဲ့ မနက္ခင္းတစ္ခုမွာေပါ့ဗ်ာ.. အသက္ရွစ္ဆယ္ေလာက္ရွိတဲ့ လူႀကီးလူေကာင္းတစ္ေယာက္ဟာ သူ႔လက္က ဒဏ္ရာကို ခ်ဳပ္ရိုးေျဖဖို႔ေရာက္လာပါတယ္…

ေရာက္ေရာက္ခ်င္းပဲ သူ ၉ နာရီမွာ ခ်ိန္းထားတာေလးရွိလို႔ ျမန္ျမန္သြားခ်င္တဲ့အေၾကာင္းေျပာပါတယ္… သူ႔ကို သေဘာေပါက္ေၾကာင္းမ်က္ရိပ္ျပၿပီး ထုိင္ခံုမွာထုိင္ခိုင္းလုိက္ပါတယ္… တစ္ေယာက္ေယာက္လာမၾကည့္ေပးႏုိင္ေသးသ၍ သူတစ္နာရီေတာ့ေစာင့္ရဦးမယ္လို႔ ကၽြန္ေတာ္တြက္လုိက္ပါတယ္… သူ႔နာရီကုိၾကည္လိုက္ ဒဏ္ရာကိုၾကည့္လုိက္နဲ႔ ေသာကမ်ားေနတဲ့ပံုကို ကၽြန္ေတာ္သတိထားမိလုိက္တယ္… တျခားလူနာတစ္ေယာက္မွလည္း ၾကည့္စရာမရွိတဲ့အတြက္ သူ႔အနာကို ၾကည့္ေပးဖို႔ ကၽြန္ေတာ္ဆံုးျဖတ္လိုက္ပါတယ္….

အနာကိုၾကည့္လိုက္ေတာ့ ေကာင္းေကာင္းက်က္ေနပါၿပီ… ဒါနဲ႔ သူ႔ခ်ဳပ္ရိုးေျဖၿပီး ပတ္တီးျပန္စီးေပးဖို႔ လိုတဲ့ပစၥည္းေတြ အကူတစ္ေယာက္ကိုယူခိုင္းလိုက္တယ္… သူ႔အနာကို ကၽြန္ေတာ္ကုသေပးေနတုန္း သူနဲ႔စကားစေျပာျဖစ္ပါတယ္.. ဒီေလာက္အလ်င္လိုေနတာ တျခားဆရာဝန္တစ္ေယာက္ေယာက္နဲ႔မ်ား ခ်ိန္းထားလားလို႔ သူ႔ကိုကၽြန္ေတာ္ေမးၾကည့္တယ္…

ဦးေလးႀကီးက မဟုတ္ပါဘူးလို႔ဆုိၿပီး သူ႔ဇနီးနဲ႔တူတူ မနက္စာစားဖို႔ ဘုိးဘြားရိပ္သာကိုသြားရမွာလို႔ ေျပာျပပါတယ္… သူမရဲ့ က်န္းမာေရးအေျခအေနကို ကၽြန္ေတာ္ေမးၾကည့္တယ္… သူက သူ႔ဇနီးဟာ အယ္လ္ဇုိင္းမားေရာဂါခံစားေနရကတည္းက ဘိုးဘြားရိပ္သာကို ပို႔ထားရတာလို႔ ေျပာျပပါတယ္…

ကၽြန္ေတာ္လည္း သိခ်င္စိတ္ျဖစ္လာတာနဲ႔ သူနည္းနည္းေနာက္က်ရံုနဲ႔ သူ႔ဇနီးက ဝမ္းနည္းေနမွာမုိ႔ အလ်င္လိုေနတာလားလို႔ ေမးၾကည့္လိုက္တယ္…သူ႔ဇနီးက သူဘယ္သူလဲဆုိတာေတာင္မသိေတာ့ဘူးဆုိတာရယ္ ဒီလုိ သူ႔ကိုမမွတ္မိေတာ့တာ လြန္ခဲ့တဲ့ငါးႏွစ္ကတည္းကဆုိတာရယ္ကို ဦးေလးႀကီးကျပန္ေျပာျပတယ္…

ကၽြန္ေတာ္လည္း အံ့ၾသတႀကီးနဲ႔ သူ႔ကိုေမးလိုက္တယ္…
“ဦးေလးဘယ္သူလဲဆုိတာကို သူမသိေတာ့တာေတာင္ ဦးေလးက မနက္တုိင္းသြားေနတုန္းပဲလား…”

သူကၿပံဳးလိုက္တယ္…. ၿပီးေတာ့ ကၽြန္ေတာ့လက္ကို အသာပုတ္ၿပီး ေျပာတယ္…
“ငါ့ကိုသူမသိပါဘူး… ဒါေပမဲ့ ငါကေတာ့ သူ႔ကိုသိေနတုန္းပဲေလ…”

ကၽြန္ေတာ္သူနဲ႔အတူမ်က္ရည္မက်မိေအာင္ ခ်ဳပ္ထိန္းထားခဲ့ရပါတယ္… ကၽြန္ေတာ့္လက္ေမာင္းမွာ ၾကက္သီးေတြေတာင္ထလို႔… ၿပီးေတာ့ ကၽြန္ေတာ္ေတြးမိတယ္….
“လူေတြလိုခ်င္ေနၾကတဲ့ အခ်စ္စစ္ဆိုတာ ဒါမ်ိဳးေပါ့….”

တကယ့္အခ်စ္စစ္ေတြဟာ လက္ေတြ႔မက်သလို စိတ္ကူးယဥ္လည္းမဆန္ပါဘူး… အခ်စ္စစ္ဆိုတာဟာ ျဖစ္တည္မႈအားလံုး… ျဖစ္ပ်က္ခဲ့တာေတြအားလံုး… ျဖစ္လာႏုိင္စရာအားလံုးနဲ႔ မျဖစ္လာႏုိင္တဲ့အရာအားလံုးအေပၚမွာ နားလည္လက္ခံခ်က္တစ္ခုသာ ျဖစ္ပါတယ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ႏႈိင္းရင့္ေႏြ‬

#Unicode Version
အချိန်က မနက် ၈ နာရီခွဲလောက်…. နည်းနည်းအလုပ်ရှုပ်နေတဲ့ မနက်ခင်းတစ်ခုမှာပေါ့ဗျာ.. အသက်ရှစ်ဆယ်လောက်ရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ဟာ သူ့လက်က ဒဏ်ရာကို ချုပ်ရိုးဖြေဖို့ရောက်လာပါတယ်…

ရောက်ရောက်ချင်းပဲ သူ ၉ နာရီမှာ ချိန်းထားတာလေးရှိလို့ မြန်မြန်သွားချင်တဲ့အကြောင်းပြောပါတယ်… သူ့ကို သဘောပေါက်ကြောင်းမျက်ရိပ်ပြပြီး ထိုင်ခုံမှာထိုင်ခိုင်းလိုက်ပါတယ်… တစ်ယောက်ယောက်လာမကြည့်ပေးနိုင်သေးသ၍ သူတစ်နာရီတော့စောင့်ရဦးမယ်လို့ ကျွန်တော်တွက်လိုက်ပါတယ်… သူ့နာရီကိုကြည်လိုက် ဒဏ်ရာကိုကြည့်လိုက်နဲ့ သောကများနေတဲ့ပုံကို ကျွန်တော်သတိထားမိလိုက်တယ်… တခြားလူနာတစ်ယောက်မှလည်း ကြည့်စရာမရှိတဲ့အတွက် သူ့အနာကို ကြည့်ပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်….

အနာကိုကြည့်လိုက်တော့ ကောင်းကောင်းကျက်နေပါပြီ… ဒါနဲ့ သူ့ချုပ်ရိုးဖြေပြီး ပတ်တီးပြန်စီးပေးဖို့ လိုတဲ့ပစ္စည်းတွေ အကူတစ်ယောက်ကိုယူခိုင်းလိုက်တယ်… သူ့အနာကို ကျွန်တော်ကုသပေးနေတုန်း သူနဲ့စကားစပြောဖြစ်ပါတယ်.. ဒီလောက်အလျင်လိုနေတာ တခြားဆရာဝန်တစ်ယောက်ယောက်နဲ့များ ချိန်းထားလားလို့ သူ့ကိုကျွန်တော်မေးကြည့်တယ်…

ဦးလေးကြီးက မဟုတ်ပါဘူးလို့ဆိုပြီး သူ့ဇနီးနဲ့တူတူ မနက်စာစားဖို့ ဘိုးဘွားရိပ်သာကိုသွားရမှာလို့ ပြောပြပါတယ်… သူမရဲ့ ကျန်းမာရေးအခြေအနေကို ကျွန်တော်မေးကြည့်တယ်… သူက သူ့ဇနီးဟာ အယ်လ်ဇိုင်းမားရောဂါခံစားနေရကတည်းက ဘိုးဘွားရိပ်သာကို ပို့ထားရတာလို့ ပြောပြပါတယ်…

ကျွန်တော်လည်း သိချင်စိတ်ဖြစ်လာတာနဲ့ သူနည်းနည်းနောက်ကျရုံနဲ့ သူ့ဇနီးက ဝမ်းနည်းနေမှာမို့ အလျင်လိုနေတာလားလို့ မေးကြည့်လိုက်တယ်…သူ့ဇနီးက သူဘယ်သူလဲဆိုတာတောင်မသိတော့ဘူးဆိုတာရယ် ဒီလို သူ့ကိုမမှတ်မိတော့တာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းကဆိုတာရယ်ကို ဦးလေးကြီးကပြန်ပြောပြတယ်…

ကျွန်တော်လည်း အံ့သြတကြီးနဲ့ သူ့ကိုမေးလိုက်တယ်…
“ဦးလေးဘယ်သူလဲဆိုတာကို သူမသိတော့တာတောင် ဦးလေးက မနက်တိုင်းသွားနေတုန်းပဲလား…”

သူကပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာပုတ်ပြီး ပြောတယ်…
“ငါ့ကိုသူမသိပါဘူး… ဒါပေမဲ့ ငါကတော့ သူ့ကိုသိနေတုန်းပဲလေ…”

ကျွန်တော်သူနဲ့အတူမျက်ရည်မကျမိအောင် ချုပ်ထိန်းထားခဲ့ရပါတယ်… ကျွန်တော့်လက်မောင်းမှာ ကြက်သီးတွေတောင်ထလို့… ပြီးတော့ ကျွန်တော်တွေးမိတယ်….
“လူတွေလိုချင်နေကြတဲ့ အချစ်စစ်ဆိုတာ ဒါမျိုးပေါ့….”

တကယ့်အချစ်စစ်တွေဟာ လက်တွေ့မကျသလို စိတ်ကူးယဉ်လည်းမဆန်ပါဘူး… အချစ်စစ်ဆိုတာဟာ ဖြစ်တည်မှုအားလုံး… ဖြစ်ပျက်ခဲ့တာတွေအားလုံး… ဖြစ်လာနိုင်စရာအားလုံးနဲ့ မဖြစ်လာနိုင်တဲ့အရာအားလုံးအပေါ်မှာ နားလည်လက်ခံချက်တစ်ခုသာ ဖြစ်ပါတယ်…


ဖိုးသူတော် (www.phothutaw.com)
Credit:နှိုင်းရင့်နွေ‬
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top