Property Expo
×

 (၁) ဒါန ကုသိုလ္
မနက္ အိပ္ယာထ မ်က္ႏွာသစ္ေတာ့မယ္ ဆိုရင္ ေရဖလားထဲ ကို ေရထည့္ လိုက္ပါ။ မ်က္စိ နဲ႔ျမင္သာမယ့္ ရင္ေခါင္းေလာက္ မွာ ေရဖလား ကို ကိုင္ထားပါ။ ေရဖလား ကို အေပၚေတာ့ မေျမွာက္လိုက္ ပါနဲ႔။ ေမတၱာ ပို႔တဲ႔ အခါ အဆင္မေျပမွာ စိုးလို႔ပါ။

လက္က ကိုင္ထားတဲ႔ေရဖလား နဲ႔ '' ျမတ္စြာဘုရား မ်က္ႏွာ သစ္ေတာ္ေရ ကပ္လွဴပါ၏ ဘုရား။ ဘုရား တပည့္ေတာ္ ကို သနားခ်ီးေျမွာက္ေသာ အားျဖင့္ မ်က္ႏွာသစ္ေတာ္ မူပါဘုရား" လုိ႔ဆိုျပီး ကပ္လိုက္ပါ။ ဒါဆို ဒါန ကုသိုလ္ျဖစ္သြားပါျပီ။

(၂) ဗုဒၶႏုသာတိ ကုသိုလ္
ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ အသံုးျပဳေနတုန္းမွာ အရဟံ ကို အနက္ (၃) ခုနဲ႔ ပြါးလိုက္ပါ။
အရဟံ - ကိေလသာ ၿမဴမွဳန္ပင္ ကင္းစင္ေတာ္ မူေသာ ၿမတ္စြာဘုရား၊
အရဟံ - ပူေဇာ္အထူး ကို အထူးခံယူေတာ္ မူထိုက္ေသာ ၿမတ္စြာဘုရား၊
အရဟံ - ဆိတ္ကြယ္ရာ အရပ္မွာပင္ မေကာင္းမွဳကို မၿပဳေတာ္မူေသာၿမတ္စြာဘုရား။
ဒါဆို ဗုဒၶႏုသာတိ ကုသိုလ္ျဖစ္သြားပါျပီ။

(၃) ေမတၱာ ကုသိုလ္
ၾကည္လင္ေနတဲ႔ေရ ကိုၾကည့္ျပီး...
ဤေရေအးျမသလို အေဖ နဲ႔ အေမ စိတ္ေကာ ရုပ္ေကာ ေအးျမပါေစ။
ဤေရေအးျမသလို ငါ့ရဲ႔ အလုပ္ရွင္ စိတ္ေကာ ရုပ္ေကာ ေအးျမပါေစ။
ဤေရေအးျမသလို ငါ့ရဲ႔ လုပ္ေဖာ္ ကိုင္ဖက္ေတြ စိတ္ေကာ ရုပ္ေကာ ေအးျမၾကပါေစ။
ဤေရေအးျမသလို သတၱ၀ါအားလံုး စိတ္ေကာ ရုပ္ေကာ ေအးျမၾကပါေစ…လို႔ ေမတၱာပို႔လိုက္ပါ။
ဒါဆို ေမတၱာ ကုသိုလ္ျဖစ္သြားပါျပီ။

ဒါ့ေၾကာင့္ေရဖလား ကို အေပၚ မေျမွာက္ပါနဲ႔လို႔ ေျပာတာပါ။ အေပၚေျမွာက္ထားရင္ ေမတၱာ ပို႔ရတာ အဆင္ မေျပပါ ဘူး။ ေရကိုျမင္တဲ႔ေနရာ မွာ ေရဖလားကို ထားျပီး ေမတၱာ ပို႔ရတာက ပို အဆင္ေျပလို႔ပါ။



(၄) မရဏာႏုႆ         တိ  ကုသိုလ္
ျပီးရင္ ငါ ဒီ တစ္ညေတာ့ အသက္ရွင္ ခဲ႔ျပီ ။ ၀င္ေလ မဆံုးခင္ ထြက္ေလ မဆံုးခင္ နံနက္ ၊ေန ႔ည အခ်ိန္ မေရြး ေသ သြားႏိုင္ သည္ …လို႔ မရဏာႏုသာတိ ပြါးလိုက္ပါ။ ဒါဆို မရဏာႏုသာတိ ကုသိုလ္ျဖစ္သြားပါျပီ။

(၅) အသုဘ ဘာဝနာ ကုသိုလ္
မ်က္စိ အတြင္းမွာ ရွိေနတဲ႔ အညစ္ အေၾကးေတြ၊ ႏွာေခါင္းမွာ ရွိေနတဲ႔ အညစ္အေၾကးေတြ၊ ပါးစပ္ မွာ ရွိေနတဲ႔ အညစ္ အေၾကးေတြ ကို အာရံုျပဳျပီး ငါ့ရဲ႔ မ်က္ႏွာ ဟာ စက္ဆုပ္ ရြံရွာဖြယ္ ပါတစ္ကား….လို႔ အသုဘ ဘာ၀နာ ပြါးလိုက္ပါ။ ဒါဆို အသုဘ ဘာ၀နာ ကုသိုလ္ျဖစ္သြားပါျပီ ။

အသုဘ ဘာ၀နာ ပြါးရတာ အိပ္ယာထ ဆိုေတာ့ အသုဘ ရဲ႔ လကၡဏာေတြ ထင္ထင္ ရွားရွား ရွိေနတဲ႔ အတြက္ ပြါးရတာ ပိုေတာင္ ထင္သာျမင္သာ ရွိပါေသးတယ္။ အျပင္ သြားခါနီး ဖီးလိမ္းျပင္ဆင္ျပီးတဲ႔အခါ လွလွပပ ၀တ္ဆင္ထားတဲ႔ အခါ အသုဘ ပြါးရတာ အဆင္မေျပလွပါဘူး။

မိတ္ကပ္ေတြ အ၀တ္ေတြ နဲ ႔ဖံုးထားတဲ႔ အတြက္ အသုဘ လကၡဏာေတြက မေပၚပါဘူး။ အသုဘ ပြါးတာ မနက္ေစာေစာက အဆင္ေျပဆံုးပါပဲ။

အားလံုးျပီးမွ ျမတ္စြာဘုရား မ်က္ႏွာေတာ္ သစ္ျပီးျပီ ျဖစ္တဲ့ အတြက ္ေဆး အျဖစ္ ျပန္စြန္႔ေတာ္မူပါဘုရား… လို ႔စြန္႔ျပီး မ်က္ႏွာ သစ္ လိုက္ပါ။

ဒါဆို မ်က္ႏွာသစ္ရင္း ကုသိုလ္ (၅) မ်ိဳး ရသြားပါျပီ။


ကဲ.... စာဖတ္သူ အေပါင္းတို႔ေရ...
မ်က္ႏွာသစ္ရင္း ကုသိုလ္ ငါးမ်ိဳး ပြားၿပီး ကုသိုလ္ေတြ စုေဆာင္းထားလိုက္ပါေနာ္..။


(ဆရာေတာ္ရေ၀ႏြယ္-အင္းမ ၏ ရင္ထဲက အရဟံ စာအုပ္မွျပန္လည္မွ်ေ၀ျခင္းျဖင့္ ဒါန ကုသိုလ္ျပဳပါသည္။)
အရွင္စႏၵာဝရ (ေတာင္တြင္းၾကီး)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Dr.Shwe Tun

#Unicode Version
 (၁) ဒါန ကုသိုလ်
မနက် အိပ်ယာထ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလားထဲ ကို ရေထည့် လိုက်ပါ။ မျက်စိ နဲ့မြင်သာမယ့် ရင်ခေါင်းလောက် မှာ ရေဖလား ကို ကိုင်ထားပါ။ ရေဖလား ကို အပေါ်တော့ မမြှောက်လိုက် ပါနဲ့။ မေတ္တာ ပို့တဲ့ အခါ အဆင်မပြေမှာ စိုးလို့ပါ။

လက်က ကိုင်ထားတဲ့ရေဖလား နဲ့ '' မြတ်စွာဘုရား မျက်နှာ သစ်တော်ရေ ကပ်လှူပါ၏ ဘုရား။ ဘုရား တပည့်တော် ကို သနားချီးမြှောက်သော အားဖြင့် မျက်နှာသစ်တော် မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါန ကုသိုလ်ဖြစ်သွားပါပြီ။

(၂) ဗုဒ္ဓနုသာတိ ကုသိုလ်
မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံ ကို အနက် (၃) ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော် မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူး ကို အထူးခံယူတော် မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိ ကုသိုလ်ဖြစ်သွားပါပြီ။

(၃) မေတ္တာ ကုသိုလ်
ကြည်လင်နေတဲ့ရေ ကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေ နဲ့ အမေ စိတ်ကော ရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ အလုပ်ရှင် စိတ်ကော ရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ စိတ်ကော ရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကော ရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာ ကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလား ကို အပေါ် မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာ ပို့ရတာ အဆင် မပြေပါ ဘူး။ ရေကိုမြင်တဲ့နေရာ မှာ ရေဖလားကို ထားပြီး မေတ္တာ ပို့ရတာက ပို အဆင်ပြေလို့ပါ။



(၄) မရဏာနုဿ         တိ  ကုသိုလ်
ပြီးရင် ငါ ဒီ တစ်ညတော့ အသက်ရှင် ခဲ့ပြီ ။ ဝင်လေ မဆုံးခင် ထွက်လေ မဆုံးခင် နံနက် ၊နေ့ည အချိန် မရွေး သေ သွားနိုင် သည် …လို့ မရဏာနုသာတိ ပွါးလိုက်ပါ။ ဒါဆို မရဏာနုသာတိ ကုသိုလ်ဖြစ်သွားပါပြီ။

(၅) အသုဘ ဘာဝနာ ကုသိုလ်
မျက်စိ အတွင်းမှာ ရှိနေတဲ့ အညစ် အကြေးတွေ၊ နှာခေါင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ် မှာ ရှိနေတဲ့ အညစ် အကြေးတွေ ကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာ ဟာ စက်ဆုပ် ရွံရှာဖွယ် ပါတစ်ကား….လို့ အသုဘ ဘာဝနာ ပွါးလိုက်ပါ။ ဒါဆို အသုဘ ဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီ ။

အသုဘ ဘာဝနာ ပွါးရတာ အိပ်ယာထ ဆိုတော့ အသုဘ ရဲ့ လက္ခဏာတွေ ထင်ထင် ရှားရှား ရှိနေတဲ့ အတွက် ပွါးရတာ ပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင် သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ ဝတ်ဆင်ထားတဲ့ အခါ အသုဘ ပွါးရတာ အဆင်မပြေလှပါဘူး။

မိတ်ကပ်တွေ အဝတ်တွေ နဲ့ဖုံးထားတဲ့ အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။ အသုဘ ပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော် သစ်ပြီးပြီ ဖြစ်တဲ့ အတွက ်ဆေး အဖြစ် ပြန်စွန့်တော်မူပါဘုရား… လို့စွန့်ပြီး မျက်နှာ သစ် လိုက်ပါ။

ဒါဆို မျက်နှာသစ်ရင်း ကုသိုလ် (၅) မျိုး ရသွားပါပြီ။


ကဲ.... စာဖတ်သူ အပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ် ငါးမျိုး ပွားပြီး ကုသိုလ်တွေ စုဆောင်းထားလိုက်ပါနော်..။


(ဆရာတော်ရဝေနွယ်-အင်းမ ၏ ရင်ထဲက အရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါန ကုသိုလ်ပြုပါသည်။)
အရှင်စန္ဒာဝရ (တောင်တွင်းကြီး)


ဖိုးသူတော် (www.phothutaw.com)
Credit:Dr.Shwe Tun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top