Property Expo
×

 ေအာင္စိုးမိုးေက်ာ္ေရယာဥ္ နစ္ျမဳပ္မႈတြင္ ေသဆံုးၿပီဟု ယူဆ ခဲ့ေသာ မံုရြာအေ၀းသင္တကၠ သုိလ္မွ တတိယႏွစ္ေက်ာင္းသား သည္ မံုရြာတကၠသုိလ္သုိ႔ ေရ ယာဥ္နစ္ျမဳပ္ၿပီး တစ္ပတ္အၾကာ ေအာက္တိုဘာ ၂၁ ရက္တြင္ ျပန္လည္ ဆက္သြယ္လာေၾကာင္း ပါေမာကၡခ်ဳပ္ ေဒါက္တာ၀င္းႏုိင္ က ေျပာၾကားသည္။

‘‘ေသဆံုးၿပီလို႔ ယူဆခဲ့ၾကတဲ့ ေက်ာင္းသားက ေက်ာင္းကို ဆက္သြယ္လာတယ္။ မိဘေတြ ကလည္း ေသၿပီလို႔ ယူဆထား တာ။ ျပန္ဆက္သြယ္လာလို႔ ၀မ္း သာရတယ္’’ဟု ပါေမာကၡခ်ဳပ္က ေျပာသည္။

ေအာင္စိုးမိုးေက်ာ္ေရယာဥ္ နစ္ျမဳပ္မႈတြင္ မႏၲေလးအေ၀း သင္တကၠသိုလ္ (မံုရြာဌာနခဲြ)၌ ပညာသင္ၾကားေနေသာ ေက်ာင္း သား၊ ေက်ာင္းသူ ၃၇ ဦးအနက္ တစ္ဦးေသဆံုးခဲ့သည္ဟု ကနဦး သတင္းမ်ားထုတ္ျပန္ေသာ္လည္း ေသဆံုးသည္ဟု ယူဆခဲ့ေသာ ယင္းတတိယႏွစ္ အေ၀းသင္ (ျမန္မာစာ) ေက်ာင္းသား ေမာင္လြင္မိုးသည္ ေအာက္တိုဘာ ၂၁ ရက္တြင္ ျပန္လည္ဆက္သြယ္လာျခင္း ျဖစ္သည္။

‘‘ေရနစ္စဥ္ ျမစ္ေရ၌ ေမ်ာပါ ၿပီး နီးစပ္ရာေက်းရြာတစ္ရြာမွာ ၀င္ခိုေနလို႔ အခုမွ သတင္းရတာပါ။ သူ႔သတင္းၾကားရလို႔ ၀မ္းသာရပါ တယ္။ ေနာက္ထပ္သတင္းမရ ေသးသေရြ႕ တကၠသုိလ္ေက်ာင္း သား၊ ေက်ာင္းသူတစ္ဦးမွ မေသ ဘူးလို႔ ဆုိရမွာပါ’’ဟု ဒုတိယ ပါေမာကၡခ်ဳပ္ ဦးသက္ႏုိင္ဦးက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေရးသားထားသည္။

ေရယာဥ္သည္ ကနီၿမိဳ႕နယ္ မိေခ်ာင္းတြင္းေက်းရြာအနီး ခ်င္း တြင္းျမစ္အတြင္း ေအာက္တိုဘာ ၁၅ ရက္ နံနက္ ၅ နာရီခန္႔က ေက်ာက္ေဆာင္ကို ေရွာင္တိမ္း ရင္း အရွိန္လြန္တိမ္းေမွာက္ခဲ့ျခင္း ျဖစ္သည္။

ေရယာဥ္တိမ္းေမွာက္မႈျဖစ္ စဥ္တြင္ ခရီးသည္ ၁၅၇ ဦးကို ကယ္တင္ႏိုင္ခဲ့ၿပီး ေအာက္တိုဘာ ၂၁ ရက္အထိ ေသဆံုးသူ ႐ုပ္အ ေလာင္း ၇၃ ေလာင္း ျပန္လည္ ရွာေဖြႏုိင္ခဲ့ေၾကာင္း တုိင္းမီးသတ္ ဦးစီးဌာန ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှုတွင် သေဆုံးပြီဟု ယူဆ ခဲ့သော မုံရွာအဝေးသင်တက္က သိုလ်မှ တတိယနှစ်ကျောင်းသား သည် မုံရွာတက္ကသိုလ်သို့ ရေ ယာဉ်နစ်မြုပ်ပြီး တစ်ပတ်အကြာ အောက်တိုဘာ ၂၁ ရက်တွင် ပြန်လည် ဆက်သွယ်လာကြောင်း ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင် က ပြောကြားသည်။

‘‘သေဆုံးပြီလို့ ယူဆခဲ့ကြတဲ့ ကျောင်းသားက ကျောင်းကို ဆက်သွယ်လာတယ်။ မိဘတွေ ကလည်း သေပြီလို့ ယူဆထား တာ။ ပြန်ဆက်သွယ်လာလို့ ဝမ်း သာရတယ်’’ဟု ပါမောက္ခချုပ်က ပြောသည်။

အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှုတွင် မန္တလေးအဝေး သင်တက္ကသိုလ် (မုံရွာဌာနခွဲ)၌ ပညာသင်ကြားနေသော ကျောင်း သား၊ ကျောင်းသူ ၃၇ ဦးအနက် တစ်ဦးသေဆုံးခဲ့သည်ဟု ကနဦး သတင်းများထုတ်ပြန်သော်လည်း သေဆုံးသည်ဟု ယူဆခဲ့သော ယင်းတတိယနှစ် အဝေးသင် (မြန်မာစာ) ကျောင်းသား မောင်လွင်မိုးသည် အောက်တိုဘာ ၂၁ ရက်တွင် ပြန်လည်ဆက်သွယ်လာခြင်း ဖြစ်သည်။

‘‘ရေနစ်စဉ် မြစ်ရေ၌ မျောပါ ပြီး နီးစပ်ရာကျေးရွာတစ်ရွာမှာ ဝင်ခိုနေလို့ အခုမှ သတင်းရတာပါ။ သူ့သတင်းကြားရလို့ ဝမ်းသာရပါ တယ်။ နောက်ထပ်သတင်းမရ သေးသရွေ့ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူတစ်ဦးမှ မသေ ဘူးလို့ ဆိုရမှာပါ’’ဟု ဒုတိယ ပါမောက္ခချုပ် ဦးသက်နိုင်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

ရေယာဉ်သည် ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်း တွင်းမြစ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်က ကျောက်ဆောင်ကို ရှောင်တိမ်း ရင်း အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ရေယာဉ်တိမ်းမှောက်မှုဖြစ် စဉ်တွင် ခရီးသည် ၁၅၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ ရုပ်အ လောင်း ၇၃ လောင်း ပြန်လည် ရှာဖွေနိုင်ခဲ့ကြောင်း တိုင်းမီးသတ် ဦးစီးဌာန ထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top