Kantharyar Centre
×




Credit : trend myanmar

#Unicode Version

လူတွေဟာ အမြဲတမ်းပြောင်းလဲစီးဆင်းနေတဲ့ ဖက်ရှင်ရေစီးကြောင်းနောက် အမှီလိုက်ရင်း သူတို့ရဲ့အသွင်အပြင်တွေ ကို ခေတ်နဲ့အညီ ပြောင်းလဲဖို့ ကြိုးစားလာကြပါတယ်။ ခုလည်း မကြာခင်က ခေတ်စားခဲ့တဲ့ ခရမ်း၊ အစိမ်း၊ အပြာ၊ အဝါ၊ မီးခိုးရောင်လို တစ်ရောင်ချင်းစီး ဆံပင်ဆိုးမယ့်အစား သက်တံ့ရောင်ဆိုပြီး အရောင်ခုနှစ်မျိုးစလုံး ဆိုးလာကြတာ အားလုံးအသိပါ။

ဒါပေမယ့် အဲ့ဒီလို အရောင်ခုနှစ်မျိုးစလုံး ကိုယ့်ခေါင်းပေါ်တင်ထားရတာဟာ လူတွေအာရုံစိုက်ခံရတာမို့ အလုပ်၊ ရုံး၊ ကုမ္ပဏီသွားရတဲ့ ပျိုမေတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီအတွက် ခုနောက်ဆုံးခေတ်စားနေတဲ့ ဆံပင်ဆိုးနည်းကတော့ အပေါ်တစ်လွှာကို ဒီအတိုင်းထားပြီး ဆံပင်အတွင်းပိုင်းတွေကို သက်တံ့ရောင်၊ အရောင်၇မျိုး ဆိုးတဲ့နည်းပါ။  အထဲကအရောင် ခုနှစ်မျိုးကိုလည်း ကိုယ့်စိတ်ကြိုက်အရောင်တွေချည်း ရွေးချယ်ဆိုးနိုင်ပါတယ်။

ဆံပင်ကို အပေါ်တစ်လွှာချည်ထားမှ၊ ဒါမှမဟုတ် ဆံပင်အားလုံးစုစည်းလိုက်မှ မြင်ရတဲ့ ဒီ ကာလာဟာ အားလုံးကို ဟာခနဲဖြစ်သွားစေတဲ့အပြင် အထာလည်းကျတာမို့ ပျိုမေတွေကြား လက်ရှိမှာ ရေပန်းအစားဆုံး hair colour လို့ ဆိုရမှာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : trend myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top