Property Expo
×

အင္းဝအပ္ခ်ဳပ္ဆိုင္အမႈအေရးမယူခဲ့ဘဲ တာဝန္ေပါ့ေလွ်ာ့ခဲ့သည့္သက္ဆိုင္ရာ ခရိုင္ရဲမွဴး ျမိဳ႕နယ္ရဲမွဴး နယ္ထိန္းတို႔ကို ရဲစည္းကမ္းအရ ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ပါေႀကာင္း ရန္ကုန္တိုင္းေဒသႀကီး နယ္လံုဝန္ႀကီးဗိုလ္မွဴးႀကီးတင္ေအာင္ထြန္းကေျပာသည္။

ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ တတိယေန႔ အစည္းအေဝး(ဒုတိယေန႔)တြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ႏွစ္ဦး မွ အင္းဝအပ္ခ်ဳပ္ဆိုင္အမႈႏွင့္စပ္လ်ဥ္း ၍ ေမးျမန္းမႈ အေပၚ၎ကအထက္ပါအတိုင္းထည့္သြင္းေျဖႀကားခဲ့ျခင္းျဖစ္သည္။

အင္းဝအပ္ခ်ဳပ္ဆိုင္အမႈကို စစ္ေဆးရန္ Myanmar Now သတင္းေထာက္ခ်ဳပ္ ကိုေဆြဝင္းက ေက်ာက္တံတားရဲစခန္းသို႔တိုင္တန္းခဲ့ေသာ္လည္းသက္ဆိုင္ရာရဲဌာကအေရးယူျခင္းမရိွခဲ့ဘဲ လူ႕အခြင့္အေရးေကာ္မရွင္မွ သိန္း ၅၀ ေလ်ာ္ေႀကးျဖင့္ ႀကားဝင္ညိႈႏိႈင္းေပးခဲ့သည္။

အင္းဝအပ္ခ်ဳပ္ဆိုင္အမႈတြင္ ဖမ္းဆီးခံထားရသူ လူေျခာက္ဦးကို လူကုန္တားဥပေဒပုဒ္မ ၂၄/၂၉/၃၂ ။ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆။၃၂၅။၃၄၄။၁၁၄။ ကေလးသူငယ္ဥပေဒပုဒ္မ ၆၆(ဃ)စသည့္ ပုဒ္မမ်ားျဖင့္အေရးအမႈဖြင့္ထားေႀကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hinthar Media Corporation

#Unicode Version
အင်းဝအပ်ချုပ်ဆိုင်အမှုအရေးမယူခဲ့ဘဲ တာဝန်ပေါ့လျှော့ခဲ့သည့်သက်ဆိုင်ရာ ခရိုင်ရဲမှူး မြို့နယ်ရဲမှူး နယ်ထိန်းတို့ကို ရဲစည်းကမ်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး မှ အင်းဝအပ်ချုပ်ဆိုင်အမှုနှင့်စပ်လျဉ်း ၍ မေးမြန်းမှု အပေါ်၎င်းကအထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို စစ်ဆေးရန် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ကျောက်တံတားရဲစခန်းသို့တိုင်တန်းခဲ့သော်လည်းသက်ဆိုင်ရာရဲဌာကအရေးယူခြင်းမရှိခဲ့ဘဲ လူ့အခွင့်အရေးကော်မရှင်မှ သိန်း ၅၀ လျော်ကြေးဖြင့် ကြားဝင်ညှိုနှိုင်းပေးခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုတွင် ဖမ်းဆီးခံထားရသူ လူခြောက်ဦးကို လူကုန်တားဥပဒေပုဒ်မ ၂၄/၂၉/၃၂ ။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆။၃၂၅။၃၄၄။၁၁၄။ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)စသည့် ပုဒ်မများဖြင့်အရေးအမှုဖွင့်ထားကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Hinthar Media Corporation
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top