iGREEN Promotion Singapore
×

ေရႊေပါက္ကံၿမိဳ႕သစ္ အေလာင္းဘုရားလမ္းေနအိမ္တြင္ ဖမ္းမိခဲ့ေသာ ဘဂၤါလီမ်ား (ဓာတ္ပံု - yangon police facebook)

 ေျမာက္ဥကၠလာပၿမိဳ႕ နယ္ ေရႊေပါက္ကံ ၿမိဳ႕သစ္ အေလာင္းဘုရားလမ္းရွိ ေနအိမ္တစ္အိမ္သို႔ ဝင္ေရာက္စစ္ေဆးရာ တြင္ ခိုးဝင္လာသည့္ ဘဂၤါလီ ၁၇ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္း ရရွိသည္။

အေလာင္းဘုရားလမ္းရွိေန အိမ္တစ္အိမ္သို႔ အမ်ဳိးသားတစ္ဦး ေအာက္တိုဘာ ၂၂ ရက္ ည ၇ နာရီတြင္ ၿခံေက်ာ္ဝင္ေရာက္ခဲ့ သည္ကို မ်က္ျမင္ေတြ႕ရွိသူတစ္ဦး မွ သတင္းေပးတိုင္ၾကား၍ ယင္း ေနအိမ္သို႔ ဝင္ေရာက္စစ္ေဆးရာ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ေအာက္တုိဘာ ၂၂ ရက္ မနက္က တာေမြမွာ ခိုးဝင္လာတဲ့ ဘဂၤါလီ ငါးဦးမိတယ္။ ဒီေန႔လည္း သတင္းရလို႔ ဝင္စစ္ေတာ့ ခိုးဝင္ လာတဲ့သူေတြကို ဖမ္းမိတယ္။ သူတို႔ကို ဒီအထိေရာက္ေအာင္ ပို႔ေပးတဲ့ ပြဲစားတခ်ဳိ႕ေတာ့ လြတ္ ေနတယ္။ သူတို႔ေနာက္ကိုလည္း လိုက္ေနပါတယ္’’ဟု ၎က ေျပာသည္။

ဖမ္းဆီး  ရမိသူမ်ားသည္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ေနသည္မွာ ငါးရက္ခန္႔ ၾကာျမင့္ေနၿပီျဖစ္ကာ ရခိုင္ျပည္နယ္ ေျမာက္ဦး၊ မင္း ျပားႏွင့္ ေက်ာက္ေတာ္ၿမိဳ႕မ်ားမွ တစ္ဦးလွ်င္ က်ပ္ ၁၁ သိန္းႏႈန္းျဖင့္ ေရာက္ရွိလာၿပီးေနာက္ မေလးရွားႏိုင္ငံသို႔ ေအာက္လမ္းမွ ထြက္ခြာရန္ ေရာက္ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။

‘‘သူတို႔ေတြ ရန္ကုန္ကိုလာခ က တစ္ေယာက္ကို ၁၁ သိန္းေပး ရတယ္။ ရန္ကုန္ကေန မေလး ရွားကို ဆက္ၿပီးသြားဖို႔ တစ္ ေယာက္ကို ၁၂ သိန္းခြဲေတာင္း တယ္။ ရန္ကုန္ကိုေတာ့ ရခိုင္က ေန မေကြးကတစ္ဆင့္လာတယ္။ အဲဒီကတစ္ဆင့္ ရန္ကုန္ေရာက္ ေအာင္ ကားနဲ႔လာၾကတာပါ’’ဟု ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕မွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

ရခိုင္ျပည္နယ္မွ ရန္ကုန္သို႔ ကားျဖင့္ ပို႔ေဆာင္ေပးခဲ့သည့္ ဝင္းေက်ာ္၊ ေအးသိန္းႏွင့္ ေမာင္ေက်ာ္တို႔သံုးဦးကရခိုင္ျပည္နယ္မွတစ္ဆင့္ မေကြးၿမိဳ႕၊ထုိမွတစ္ဆင့္ ရန္ကုန္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ထြက္ေျပးလြတ္ေျမာက္ ေနျခင္းျဖစ္သည္။

ေရႊေပါက္ကံနယ္ေျမရဲစခန္း က ခိုးဝင္လာသူ ၁၇ ဦးတို႔အား ၁၉၄၉ ျမန္မာႏိုင္ငံအတြင္း ေန ထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒ ၆(၂)/၆(၃)ျဖင့္ အမႈဖြင့္ကာ ဟာဘီးႏွင့္ ဝင္းေက်ာ္၊ ေအးသိိန္းႏွင့္ ေမာင္ေက်ာ္တို႔ကို ရာဇသတ္ႀကီးပုဒ္မ ၃၆၇/၃၇၀ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရွှေပေါက်ကံမြို့သစ် အလောင်းဘုရားလမ်းနေအိမ်တွင် ဖမ်းမိခဲ့သော ဘင်္ဂါလီများ (ဓာတ်ပုံ - yangon police facebook)

 မြောက်ဥက္ကလာပမြို့ နယ် ရွှေပေါက်ကံ မြို့သစ် အလောင်းဘုရားလမ်းရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်စစ်ဆေးရာ တွင် ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၇ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။


အလောင်းဘုရားလမ်းရှိနေ အိမ်တစ်အိမ်သို့ အမျိုးသားတစ်ဦး အောက်တိုဘာ ၂၂ ရက် ည ၇ နာရီတွင် ခြံကျော်ဝင်ရောက်ခဲ့ သည်ကို မျက်မြင်တွေ့ရှိသူတစ်ဦး မှ သတင်းပေးတိုင်ကြား၍ ယင်း နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အောက်တိုဘာ ၂၂ ရက် မနက်က တာမွေမှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ငါးဦးမိတယ်။ ဒီနေ့လည်း သတင်းရလို့ ဝင်စစ်တော့ ခိုးဝင် လာတဲ့သူတွေကို ဖမ်းမိတယ်။ သူတို့ကို ဒီအထိရောက်အောင် ပို့ပေးတဲ့ ပွဲစားတချို့တော့ လွတ် နေတယ်။ သူတို့နောက်ကိုလည်း လိုက်နေပါတယ်’’ဟု ၎င်းက ပြောသည်။

ဖမ်းဆီး  ရမိသူများသည် ရန်ကုန်မြို့သို့ ရောက်နေသည်မှာ ငါးရက်ခန့် ကြာမြင့်နေပြီဖြစ်ကာ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်း ပြားနှင့် ကျောက်တော်မြို့များမှ တစ်ဦးလျှင် ကျပ် ၁၁ သိန်းနှုန်းဖြင့် ရောက်ရှိလာပြီးနောက် မလေးရှားနိုင်ငံသို့ အောက်လမ်းမှ ထွက်ခွာရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

‘‘သူတို့တွေ ရန်ကုန်ကိုလာခ က တစ်ယောက်ကို ၁၁ သိန်းပေး ရတယ်။ ရန်ကုန်ကနေ မလေး ရှားကို ဆက်ပြီးသွားဖို့ တစ် ယောက်ကို ၁၂ သိန်းခွဲတောင်း တယ်။ ရန်ကုန်ကိုတော့ ရခိုင်က နေ မကွေးကတစ်ဆင့်လာတယ်။ အဲဒီကတစ်ဆင့် ရန်ကုန်ရောက် အောင် ကားနဲ့လာကြတာပါ’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ကားဖြင့် ပို့ဆောင်ပေးခဲ့သည့် ဝင်းကျော်၊ အေးသိန်းနှင့် မောင်ကျော်တို့သုံးဦးကရခိုင်ပြည်နယ်မှတစ်ဆင့် မကွေးမြို့၊ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက် နေခြင်းဖြစ်သည်။

ရွှေပေါက်ကံနယ်မြေရဲစခန်း က ခိုးဝင်လာသူ ၁၇ ဦးတို့အား ၁၉၄၉ မြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆(၂)/၆(၃)ဖြင့် အမှုဖွင့်ကာ ဟာဘီးနှင့် ဝင်းကျော်၊ အေးသိန်းနှင့် မောင်ကျော်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top