Property Expo
×

ရည္းစားၿဖစ္ကာစကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ သဲသဲလႈပ္ေနတတ္တယ္။ အေၾကာင္းမဆီေလ်ာ္လို႔ ကဲြခါနီးေရာက္ရင္ေတာ့ ဘယ္လိုၿဖစ္ၾကမလဲ။

★ ေၿပာခ်င္သလိုလို၊ မေၿပာခ်င္သလိုလို

မိန္းကေလးက ေမးေနတဲ့ေမးခြန္းကို ဂရုတစိုက္မေၿဖခ်င္၊ စိတ္မဝင္စားရင္ေတာ့ သတိထားေတာ့ေနာ္။

★ အလုပ္အေၾကာင္းေတြပဲ ေၿပာေနရင္
အခ်ိန္မရွိတဲ့ၾကားက ေတြ႕ေနရတဲ့အခ်ိန္မွာ အလုပ္အေၾကာင္း၊ စိတ္ညစ္ရတဲ့အေၾကာင္းေတြကိုခ်ည္းပဲေၿပာေနရင္ေတာ့ စိတ္ပ်က္စရာေပါ့။

★ ပိုက္ဆံစကားမ်ားသည္ထက္မ်ားလာရင္
ဘာလို႔ပိုက္ဆံကို ဒီေလာက္သံုးေနရတာလဲ။ ဒီေနမွာ မသံုးနဲ႕ ဒီေနရာမွာသံုးဆိုၿပီး လိုက္ၿပီး ပိုက္ဆံအေၾကာင္းကို ခ်ဳပ္ခ်ယ္ေနရင္ေတာ့ အဆင္ေၿပႏုိင္မည္မဟုတ္ပါ။

★ ဂတိေတြပ်က္လာရင္
ဂတိဆိုတာဟာ ေပးၿပီး လုိက္နာရမွာပါ။ ဂတိေတြပ်က္လာရင္ေတာ့ ႏွစ္ေယာက္ၾကားက အခ်ိန္ေတြေပးၿပီး တည္ေဆာက္ထားတဲ့ ယံုၾကည္မႈေတြက ပ်က္ၿပားလာမွာပါ။

★ ဖုန္းၾကည့္ၿပီး စကားေၿပာလာရင္
ဖုန္းၾကည့္ၿပီးစကားေတြေၿပာနားေထာင္ေနတဲ့သူကို ေလးစားဖို႔ေကာင္းသလား။ ေလကုန္ခံၿပီးေၿပာေနတဲ့စကားေတြကို ေလးေလးစားစားနားမေထာင္ရင္ေတာ့ ဝမ္းနည္းစရာပါ။

★ ေဆာရီးကြာ၊ အလုပ္ေတြ မၿပီးေသးလို႔ေၿပာလာရင္
အရင္တုန္းကေတာ့ အလုပ္ေတြ ဘယ္ေလာက္မ်ားမ်ား မိန္းကေလးအတြက္ အခ်ိန္ေတြေပးၿပီး ေစာင့္ေရွာက္ေပးခဲ့ပင္မဲ့လည္း အခုက်ေတာ့ ခ်စ္သူထက္ အလုပ္က အေရးၾကီးေနၿပီဆိုရင္ေတာ့ ေၿဖရွင္းရခက္ပါၿပီ။

★ ေဝဖန္မႈေတြမ်ားလာရင္
မင္းရဲ႕အက်င့္ေတြကို ၿပင္သင့္တယ္။ ဒါကို ဒီလုိလုပ္ဆိုၿပီး ေနရာတိုင္းမွာ ဆရာလုပ္ေနရင္ေတာ့ မိန္းကေလးက သူ႕ဝန္ထမ္းမဟုတ္သလို စက္ရုပ္မွ မဟုတ္တာ။ ေကာင္းေအာင္ၿပင္တာထက္ အႏုိင္က်င့္သလို ေၿပာေနမယ္ဆိုရင္ေတာ့ မဟုတ္ေတာ့ပါ။

★ အမွားကိုပဲေထာက္ၿပေနရင္
ဘာၿဖစ္လို႔ ဒါေလးေတာင္မလုပ္ႏုိင္တာလဲ။ တစ္ေယာက္နဲ႕တစ္ေယာက္ဟာ ၾကီးၿပင္းလာတဲ့ ေနရာ၊ မိသားစု အသိုင္းအဝိုင္းလဲ တူတာမဟုတ္တာေၾကာင့္ ေနပံုထိုင္ပံုလည္း တူမွာမဟုတ္ပါ။ ဒါေတြကို အၿပစ္ေတြခ်ည္းပဲ လိုက္ေၿပာေနရင္ေတာ့ ဆံုးေတာ့မွာမဟုတ္သလို၊ ေရွ႕ဆက္ၿပီးေတာ့လည္း လက္တဲြႏုိင္မွာ မဟုတ္ေတာ့ပါ။

★ သူ႕လိုၿဖစ္ေစခ်င္တယ္
မိန္းကေလးကို သူလိုခ်င္တဲ့ပံုစံခြက္ထဲထည့္ၿပီး ေခါင္းထဲကအတိုင္း ၿဖစ္ေအာင္ ပံုစံသြင္းမယ္ဆိုရင္ေတာ့ မၿဖစ္ႏုိင္ပါ။ ေၿပာင္းလဲႏုိင္တယ္ဆိုတာ ကိုယ္ကိုယ္တိုင္သာ ေၿပာင္းလဲႏုိင္မွာပါ။ သူတပါးကို ေၿပာင္းလဲေစခ်င္ရင္ ကိုယ္ကအရင္ေၿပာင္းလဲေအာင္ ၾကိဳးစားရမွာေပါ့။

အေပၚမွာေရးထားတဲ့အခ်က္ေတြထဲက ၃ ခ်က္အထက္ ကိုယ္ရဲ႕ရည္းစားမွာ ရွိေနၿပီဆိုရင္ေတာ့ သတိထားပါ။ ေပ်ာ္ရႊင္စရာေကာင္းတဲ့ သမီးရည္းစားဘဝကို ပိုင္ဆိုင္ၾကပါေစလို႔ ခ်ယ္မိုက ဆုေတာင္းလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelmo Team

#Unicode Version
ရည်းစားဖြစ်ကာစကတော့ တစ်ယောက်နဲ့တစ်ယောက် သဲသဲလှုပ်နေတတ်တယ်။ အကြောင်းမဆီလျော်လို့ ကွဲခါနီးရောက်ရင်တော့ ဘယ်လိုဖြစ်ကြမလဲ။

★ ပြောချင်သလိုလို၊ မပြောချင်သလိုလို

မိန်းကလေးက မေးနေတဲ့မေးခွန်းကို ဂရုတစိုက်မဖြေချင်၊ စိတ်မဝင်စားရင်တော့ သတိထားတော့နော်။

★ အလုပ်အကြောင်းတွေပဲ ပြောနေရင်
အချိန်မရှိတဲ့ကြားက တွေ့နေရတဲ့အချိန်မှာ အလုပ်အကြောင်း၊ စိတ်ညစ်ရတဲ့အကြောင်းတွေကိုချည်းပဲပြောနေရင်တော့ စိတ်ပျက်စရာပေါ့။

★ ပိုက်ဆံစကားများသည်ထက်များလာရင်
ဘာလို့ပိုက်ဆံကို ဒီလောက်သုံးနေရတာလဲ။ ဒီနေမှာ မသုံးနဲ့ ဒီနေရာမှာသုံးဆိုပြီး လိုက်ပြီး ပိုက်ဆံအကြောင်းကို ချုပ်ချယ်နေရင်တော့ အဆင်ပြေနိုင်မည်မဟုတ်ပါ။

★ ဂတိတွေပျက်လာရင်
ဂတိဆိုတာဟာ ပေးပြီး လိုက်နာရမှာပါ။ ဂတိတွေပျက်လာရင်တော့ နှစ်ယောက်ကြားက အချိန်တွေပေးပြီး တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေက ပျက်ပြားလာမှာပါ။

★ ဖုန်းကြည့်ပြီး စကားပြောလာရင်
ဖုန်းကြည့်ပြီး စကားတွေပြောနားထောင်နေတဲ့သူကို လေးစားဖို့ကောင်းသလား။ လေကုန်ခံပြီးပြောနေတဲ့စကားတွေကို လေးလေးစားစားနားမထောင်ရင်တော့ ဝမ်းနည်းစရာပါ။

★ ဆောရီးကွာ၊ အလုပ်တွေ မပြီးသေးလို့ပြောလာရင်
အရင်တုန်းကတော့ အလုပ်တွေ ဘယ်လောက်များများ မိန်းကလေးအတွက် အချိန်တွေပေးပြီး စောင့်ရှောက်ပေးခဲ့ပင်မဲ့လည်း အခုကျတော့ ချစ်သူထက် အလုပ်က အရေးကြီးနေပြီဆိုရင်တော့ ဖြေရှင်းရခက်ပါပြီ။

★ ဝေဖန်မှုတွေများလာရင်
မင်းရဲ့အကျင့်တွေကို ပြင်သင့်တယ်။ ဒါကို ဒီလိုလုပ်ဆိုပြီး နေရာတိုင်းမှာ ဆရာလုပ်နေရင်တော့ မိန်းကလေးက သူ့ဝန်ထမ်းမဟုတ်သလို စက်ရုပ်မှ မဟုတ်တာ။ ကောင်းအောင်ပြင်တာထက် အနိုင်ကျင့်သလို ပြောနေမယ်ဆိုရင်တော့ မဟုတ်တော့ပါ။

★ အမှားကိုပဲထောက်ပြနေရင်
ဘာဖြစ်လို့ ဒါလေးတောင်မလုပ်နိုင်တာလဲ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ကြီးပြင်းလာတဲ့ နေရာ၊ မိသားစု အသိုင်းအဝိုင်းလဲ တူတာမဟုတ်တာကြောင့် နေပုံထိုင်ပုံလည်း တူမှာမဟုတ်ပါ။ ဒါတွေကို အပြစ်တွေချည်းပဲ လိုက်ပြောနေရင်တော့ ဆုံးတော့မှာမဟုတ်သလို၊ ရှေ့ဆက်ပြီးတော့လည်း လက်တွဲနိုင်မှာ မဟုတ်တော့ပါ။

★ သူ့လိုဖြစ်စေချင်တယ်
မိန်းကလေးကို သူလိုချင်တဲ့ပုံစံခွက်ထဲထည့်ပြီး ခေါင်းထဲကအတိုင်း ဖြစ်အောင် ပုံစံသွင်းမယ်ဆိုရင်တော့ မဖြစ်နိုင်ပါ။ ပြောင်းလဲနိုင်တယ်ဆိုတာ ကိုယ်ကိုယ်တိုင်သာ ပြောင်းလဲနိုင်မှာပါ။ သူတပါးကို ပြောင်းလဲစေချင်ရင် ကိုယ်ကအရင်ပြောင်းလဲအောင် ကြိုးစားရမှာပေါ့။

အပေါ်မှာရေးထားတဲ့အချက်တွေထဲက ၃ ချက်အထက် ကိုယ်ရဲ့ရည်းစားမှာ ရှိနေပြီဆိုရင်တော့ သတိထားပါ။ ပျော်ရွှင်စရာကောင်းတဲ့ သမီးရည်းစားဘဝကို ပိုင်ဆိုင်ကြပါစေလို့ ချယ်မိုက ဆုတောင်းလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top