Property Expo
×

ဒီတစ္ခါေတာ့ လြန္ခဲ့တဲ့ ၾသဂုတ္လ (၅) ရက္ေန့က ၿဖစ္သြားခဲ့တဲ့ အေၾကာင္းအရာတခုကို ၿပန္ေၿပာၿပခ်င္ပါတယ္။ ရန္ကုန္ၿမိဳ့၊ မရမ္းကုန္းၿမိဳ့နယ္၊ ကမၻာေအးဘုရားလမ္းေပၚမွာ အထည္ခ်ဳပ္စက္ရံုတရံုရွိတယ္။ စက္ရံုဝန္ထမ္းေတြ ေနထိုင္ဖို့အတြက္ စက္ရံုရဲ့အေနာက္ဖက္မွာတင္ တန္းလ်ားေလးတခု ေဆာက္ထားေပးတယ္။ ကုန္လြန္ခဲ့တဲ့လရဲ့ ပထမဆံုး တနလၤာေန့မွာေတာ့ အဲ့ဒီ အထည္ခ်ဳပ္စက္ရံုမွာ ခါတိုင္းနဲ့မတူတဲ့ အၿဖစ္အပ်က္ေလးတခု စတင္ေပၚေပါက္လာေတာ့တာပါပဲ။

အထည္ခ်ဳပ္ဝန္ထမ္းေတြထဲမွာ အသက္အငယ္ဆံုးခ်ာတိတ္မေလးတေယာက္က သူ့လည္ပင္းမွာဆြဲထားတဲ့ ပရိတ္ၾကိဳးကို အလုပ္လုပ္ရင္းတန္းလန္းကေန ဆြဲၿပီးၿဖဳတ္ဖို့အၾကိမ္ၾကိမ္အခါခါ ၾကိဳးစားေနတာကို စက္ရံုထဲမွာ လိုက္ၾကည့္ေနတဲ့ စက္ရံုပိုင္ရွင္အန္တီက သတိထားမိလိုက္တယ္။ အစပိုင္းေတာ့ မသိသလိုေနလိုက္မိေပမယ့္ ခေလးမေလး သူ့လည္ပင္းက ပရိတ္ၾကိဳးကိုၿဖဳတ္ဖို့ ၾကိဳးစားေနတာ အၾကိမ္ေရအေတာ္မ်ားလာေတာ့ စက္ရံုပိုင္ရွင္လည္း မေနႏိုင္ေတာ့ပဲ

” နင္ .. အလုပ္မလုပ္ပဲ ဒါဘာလုပ္ေနတာလဲ ?? ” ဆိုၿပီး သြားေမးေတာ့တာပါပဲ။ ခါတိုင္းဆိုရင္ ကေလးမေလးက စက္ရံုပိုင္ရွင္အန္တီၾကီးကို တရိုတေသဆက္ဆံတတ္ေပမယ့္ ဒီတၾကိမ္မွာေတာ့ မ်က္ႏွာကိုေတာင္ မၾကည့္ေတာ့ပဲ

” ဒါၾကီးက ရွဳပ္လို့ မၾကိဳက္ဘူး ” ဆိုၿပီး ေလသံခပ္ၿပတ္ၿပတ္နဲ့ ၿပန္ေၿဖလိုက္ရင္း သူ့လည္ပင္းက ပရိတ္ၾကိဳးကို သဲသဲမဲမဲဆြဲၿဖဳတ္ေနပါေတာ့တယ္။ အရင္ေန့ေတြတုန္းကဆိုရင္ သီခ်င္းေလးတေအးေအးဆိုလိုက္၊ ေဘးနားမွာ အတူအလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြနဲ့ စကားေတြရွြန္းရွြန္းေဝေအာင္ေၿပာလိုက္နဲ့ေနတတ္တဲ့ ေကာင္မေလးက ဒီေန့မွ ထူးထူးဆန္းဆန္း ဘယ္သူနဲ့မွ စကားမေၿပာပဲ သူ့လည္ပင္းက ပရိတ္ၾကိဳးနဲ့တင္ အေတာ္အလုပ္ရွဳပ္ေနေတာ့တာပဲ။

ခ်ာတိတ္မေလးရဲ့အေၿခအေနကို တေနရာကေနေတြ့လိုက္ရတဲ့ စက္ရံုပိုင္ရွင္အန္တီရဲ့သားက ဒါေသြးရိုးသားရိုးမဟုတ္ေလာက္ဘူးဆိုတဲ့အေတြးဝင္လာၿပီး သူတို့ဘုရားေက်ာင္းေဆာင္ေပၚက ပရိတ္ရည္ကိုယူလာၿပီး ခ်ာတိတ္မကို ေသာက္ခိုင္းပါေလေရာ။ ပရိတ္ရည္ေသာက္ခိုင္းေတာ့မွ အေၿခအေနက ပိုၿပီးရွဳပ္ေထြးသြားတယ္ ေၿပာရမလားပဲ။

ေကာင္မေလးရဲ့ ပင္ကိုအသံမဟုတ္ေတာ့ပဲ အသက္အရြယ္အိုမင္းေနတဲ့ မိန္းမၾကီးတေယာက္ရဲ့ အသံ၊ ေလယူေလသိမ္းနဲ့

” ငါ မေသာက္ခ်င္ဘူး ” လို့ ယတိၿပတ္ၿငင္းပါေတာ့တယ္။ ခေလးမရဲ့လည္ပင္းက ပရိတ္ၾကိဳးကလည္း က်ြတ္သြားၿပီး သူ့ေရွ့က စက္ခ်ဳပ္ခံုေပၚၿပဳတ္က်သြားတယ္။ ၿပီးေတာ့ ခ်ာတိတ္မက သူ့ထက္အသက္အမ်ားၾကီး ၾကီးတဲ့စက္ရံုပိုင္ရွင္အန္တီ့ကို

” ငါ ဗိုက္ဆာတယ္။ ထမင္းခူးေက်ြးစမ္း ” ဆိုၿပီး ေၿပာလာပါေရာ။ စက္ရံုပိုင္ရွင္အန္တီခမ်ာလည္း ဘာလုပ္လို့လုပ္ရမွန္းမသိတာနဲ့ သူ့အိမ္က အိမ္ေဖာ္အလုပ္သမားတေယာက္ကိုလွမ္းေခၚၿပီး ေကာင္မေလးအတြက္ ထမင္းသြားခူးၿပီးယူလာေပးဖို့ မွာလိုက္တယ္။ ထမင္းဟင္းေတြေရာက္လာေတာ့ ေကာင္မေလး ခါတိုင္းအရင္ေန့ေတြစားေနက်ပမာဏထက္ကိုပိုၿပီး စားေနလိုက္တာ ရိုင္းရိုင္းေၿပာရရင္ တခါမွ ထမင္းဟင္းမၿမင္ဘူးတဲ့ အငတ္တေယာက္အတိုင္းပါပဲ။ ထမင္းစားေနရင္းက စက္ရံုပိုင္ရွင္ကို ” ငါ့ကို ေရခပ္ေပးစမ္း ” လို့ ေၿပာလာၿပန္ပါေရာ။ တကယ္ဆိုရင္ ခေလးမေလးက ဒီအထည္ခ်ဳပ္စက္ရံုမွာ အသက္အငယ္ဆံုးၿဖစ္သလို တခါမွလည္း ဘယ္သူ့ဘယ္သူကိုမွ ငါဆိုတဲ့နာမ္စားကို သံုးၿပီး ေၿပာေလ့ေၿပာထလည္း မရွိခဲ့ပါဘူး။

ေကာင္မေလး ထမင္းစားၿပီးေတာ့မွ စက္ရံုပိုင္ရွင္လည္း ေၾကာက္စိတ္ကိုအားတင္းၿပီး ” နင္က ဘယ္ကလဲ??? ဘယ္သူလဲ??? ဘာလို႔ဒီလိုလုပ္တာလဲ??? ” ဆိုၿပီး အင္တာဗ်ဴ း လုပ္ရပါေတာ့တယ္။ အဲ့ဒီလိုေမးေတာ့ ဟိုကလည္း အမယ္အိုၾကီးတေယာက္ရဲ့ ခက္ထန္တဲ့ေလသံနဲ့…..

” ငါက ေဒၚေအးသင္။ ဒီအိမ္က ငါ့အိမ္ ဟဲ့။ နင္တိို႔ က လူေတြကလည္းမ်ားတယ္။ ငါ မေနတတ္ေတာ့ဘူး။ ခုခ်က္ခ်င္း အကုန္ထြက္သြားၾက။ ငါ့အိမ္ ငါ့ကို ျပန္ေပး ။ ” ဆိုၿပီးေတာ့ ၿပန္ေၿပာေတာ့တာပါပဲ။

စက္ရံုပိုင္ရွင္အန္တီကလည္း သူ့ထမင္းအိုးကို တုတ္နဲ့ထိုးတာေတာ့ ဘယ္ခံႏိုင္ပါလိမ့္မတုန္း။ ၿပန္ေၿပာေတာ့တာပါေပါ့။ ” ရွင္ အဲဒီလိုေတာ့ မေၿပာနဲ့ေလ။ ဒီအိမ္က က်ြန္မတို့ေနေနတာ။ ဘယ္လိုလုပ္ၿပီး ဖယ္ေပးလို့ ၿဖစ္မလဲ ” ဆိုၿပီး ေစာဒက တက္ေတာ့တာေပါ့။ ေဒၚေအးသင္တၿဖစ္လဲ ေကာင္မေလးကလည္း စိတ္ၾကီးတယ္။

” မဖယ္လို့ မရဘူး။ နင္တို့အားလံုး ဒီေနရာကေန ထြက္သြားၾက ” လို့ ထပ္ေၿပာလာပါေလေရာ။

ဒီမွာတင္ စက္ရံုပိုင္ရွင္လည္း ” ေကာင္းျပီေလ။ ဒီလိုဆိုရင္ ရွင္က်ြန္မတို့ကို ေနရာရွာေပး။ ရွင္ က်ြန္မတို့အတြက္ ေနရာရွာေပးရင္ က်ြန္မတို့ ဒီအိမ္ကေန ဖယ္ေပးမယ္ ” ဆိုၿပီးေတာ့ အေပးအယူလုပ္ၾကည့္လိုက္တယ္။

ဒီေတာ့မွာ ဟိုတေယာက္က ” ေအး ေကာင္းၿပီေလ။ ညည္းစကား ညည္း တည္ပေစ ” လို့ေၿပာၿပီး ခဏၿငိမ္သြားတယ္။

ခ်ာတိတ္မေလးရဲ့ ခႏၶာကိုယ္ထဲေရာက္ေနတဲ့ ေဒၚေအးသင္ၿငိမ္ေနတုန္းမွာ အန္တီ့ခမ်ာ သူ့သမီးဆီကို အက်ိဳးအေၾကာင္းဖုန္းဆက္ၿပီး ဘုန္းၾကီးေတြပင့္၊ ကမၼဝါဖတ္ရင္ေကာင္းမလားလို့ အၾကံဥာဏ္ေတာင္းရပါေတာ့တယ္။ သူ့သမီးကလည္း ဖုန္းထဲက သူ့အေမေၿပာတာေတြကို နားေထာင္ၿပီးမွ ” အို အေမကလည္း… သူနဲ႔အေပးအယူသြားလုပ္ ၿပီးမွ ႏွင္ခ်ရင္ပိုေသာင္းက်န္းမွာေပါ့ ” လို့ ၿပန္ေၿပာတယ္။ ဒါနဲ့ပဲ ဘာဆက္လုပ္လို့ လုပ္ရေကာင္းမွန္းမသိေတာ့ပဲ အခ်ိန္တရက္ကုန္သြားပါေလေရာ။ ေကာင္မေလးလည္း ဘာၿပႆ နာတခုမွ ထပ္မၿဖစ္ေတာ့ အားလံုးေအးေအးေဆးေဆးၿဖစ္သြားၿပီလို့ပဲ ထင္ေနၾကတုန္းမွာ ညဘက္ေရာက္ေတာ့ ေနာက္ထပ္ၿပႆ နာတခု ထပ္ၿဖစ္ၿပန္ပါေတာ့တယ္။ စက္ခ်ဳပ္အလုပ္သမားေတြထဲက အစအေနာက္သန္တဲ့ ေကာင္ေလးတေယာက္က အဲ့ဒီေကာင္မေလးကို

” ဟဲ့ !!! ေအးသင္ ” လိ့ု လွမ္းေခၚၿပီး ေနာက္လိုက္တဲ့အခါမွာ ေကာင္ေလးကို ေပေစာင္းေစာင္းၾကည့္ၿပီးေတာ့ ကပ္ေၾကးနဲ့ထိုးဖို့ ၾကိဳးစားေတာ့တာပါပဲ။ ေကာင္မေလးကို အတင္းဝိုင္းခ်ဳပ္ၿပီး ဘုရားေက်ာင္းေဆာင္ေရွ့ကို ေခၚသြားၾကေတာ့ ဘုရားကန္ေတာ့တယ္။

ၿပီးေတာ့ ဘုရားဆင္းတုေတာ္ကို သူ့ေခါင္းေပၚမွာတင္ၿပီး ခ်ံဳးပြဲခ်ငိုပါေတာ့တယ္။ အေၿခအေနေတြက တမ်ိဳးတဖံုၿဖစ္လာေတာ့ စက္ရံုပိုင္ရွင္အန္တီၾကီးလည္း ေၾကာက္စိတ္ကိုအားတင္းၿပီးေတာ့ ” ရွင္ ဒီေနရာမွာ ဒီအတိုင္းဆက္ေနသြားလို့ေတာ့ ဘယ္နည္းနဲ့မွ မၿဖစ္ဘုူး။ ရွင္ဆံုးေတာ့ ရွင့္အတြက္ ဘုန္းၾကီးပင့္၊ ဆြမ္းကပ္၊ အမွ်ေဝမလုပ္ေပးၾကဘူးလား ” လို့ ေမးတဲ့အခါမွာ ဟိုကလည္း ” ဆြမ္းကပ္တယ္။ သာဓုေခၚလို့ မရဘူး ” လို့ ၿပန္ေၿဖတယ္။ ၿပီးေတာ့ ငိုရတာေမာသြားလို့လား မသိပါဘူး။ ခဏ ၿငိမ္သြားၿပန္တယ္။ သူၿငိမ္ေနတုန္းမွာ အန္တီ့ရဲ့သားက တရားေခြဖြင့္လိုက္ေတာ့လည္း ငိုရင္းနဲ့ ၿငိမ္ၿငိမ္ေလး
နားေထာင္ေနၿပန္ေရာ။ ေကာင္မေလးလည္း ဘာမွထပ္မေသာင္းက်န္းေတာ့သလို ညည့္ကလည္းအေတာ္နက္ေနၿပီမို့ ေဘးနားမွာ ေယာက်္ားေလး၊ မိန္းကေလးတခ်ိဳ့ကို အေစာင့္သေဘာမ်ိဳးေစာင့္အိပ္ခိုင္းၿပီး ဒီတိုင္းထားခဲ့လိုက္ၾကတယ္။

မနက္မိုးလင္းေတာ့ ဘုန္းၾကီးေတြပင့္ၿပီး တရားနာ၊ ကမၼဝါညွပ္ၿပီး ေရစက္ခ် အမွ်ေပးေဝလိုက္ေတာ့ ဘုန္းၾကီးေတြကို ကန္ေတာ့ၿပီး ေကာင္မေလးခႏၶာကိုယ္ထဲကေန ထြက္သြားတယ္။ ကိုယ္တိုင္ၾကံဳခဲ့တဲ့ ကာယကံရွင္ေတြအေၿပာအရေတာ့ ဝင္ပူးခံရတဲ့ေကာင္မေလးက အရင္တုန္းကလို မဟုတ္ေတာ့ပဲ အသားအရည္ ဝင္းဝင္းဝါဝါနဲ့ မ်က္ႏွာလည္း ဟိုးအရင္တုန္းကထက္ ပိုၿပီးေတာ့ ၾကည္ၾကည္လင္လင္ၿဖစ္လာပါသတဲ့။ ကိုယ္တိုင္ၾကံဳရၿခင္းမဟုတ္လို့ စီကာပတ္ကံုးမေရးတတ္ေပမယ့္ ဘိလပ္ၿပည္ လန္ဒန္က တကယ့္ အၿဖစ္အပ်က္ေတြနဲ့ ေက်းဇူး ရွင္ ေမြးသဖခင္ရဲ့ကိုယ္ေတြ့အေၾကာင္းအရာေတြကို ေနာက္တၾကိမ္မွာ ေၿပာၿပဖို့ ၾကိဳးစားပါဦးမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သရဲအေၾကာင္းေျပာၾကမယ္

#Unicode Version
ဒီတစ်ခါတော့ လွန်ခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတခုကို ပြန်ပြောပြချင်ပါတယ်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ အထည်ချုပ်စက်ရုံတရုံရှိတယ်။ စက်ရုံဝန်ထမ်းတွေ နေထိုင်ဖို့အတွက် စက်ရုံရဲ့အနောက်ဖက်မှာတင် တန်းလျားလေးတခု ဆောက်ထားပေးတယ်။ ကုန်လွန်ခဲ့တဲ့လရဲ့ ပထမဆုံး တနင်္လာနေ့မှာတော့ အဲ့ဒီ အထည်ချုပ်စက်ရုံမှာ ခါတိုင်းနဲ့မတူတဲ့ အဖြစ်အပျက်လေးတခု စတင်ပေါ်ပေါက်လာတော့တာပါပဲ။

အထည်ချုပ်ဝန်ထမ်းတွေထဲမှာ အသက်အငယ်ဆုံးချာတိတ်မလေးတယောက်က သူ့လည်ပင်းမှာဆွဲထားတဲ့ ပရိတ်ကြိုးကို အလုပ်လုပ်ရင်းတန်းလန်းကနေ ဆွဲပြီးဖြုတ်ဖို့အကြိမ်ကြိမ်အခါခါ ကြိုးစားနေတာကို စက်ရုံထဲမှာ လိုက်ကြည့်နေတဲ့ စက်ရုံပိုင်ရှင်အန်တီက သတိထားမိလိုက်တယ်။ အစပိုင်းတော့ မသိသလိုနေလိုက်မိပေမယ့် ခလေးမလေး သူ့လည်ပင်းက ပရိတ်ကြိုးကိုဖြုတ်ဖို့ ကြိုးစားနေတာ အကြိမ်ရေအတော်များလာတော့ စက်ရုံပိုင်ရှင်လည်း မနေနိုင်တော့ပဲ

” နင် .. အလုပ်မလုပ်ပဲ ဒါဘာလုပ်နေတာလဲ ?? ” ဆိုပြီး သွားမေးတော့တာပါပဲ။ ခါတိုင်းဆိုရင် ကလေးမလေးက စက်ရုံပိုင်ရှင်အန်တီကြီးကို တရိုတသေဆက်ဆံတတ်ပေမယ့် ဒီတကြိမ်မှာတော့ မျက်နှာကိုတောင် မကြည့်တော့ပဲ

” ဒါကြီးက ရှုပ်လို့ မကြိုက်ဘူး ” ဆိုပြီး လေသံခပ်ပြတ်ပြတ်နဲ့ ပြန်ဖြေလိုက်ရင်း သူ့လည်ပင်းက ပရိတ်ကြိုးကို သဲသဲမဲမဲဆွဲဖြုတ်နေပါတော့တယ်။ အရင်နေ့တွေတုန်းကဆိုရင် သီချင်းလေးတအေးအေးဆိုလိုက်၊ ဘေးနားမှာ အတူအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ စကားတွေရှွန်းရှွန်းဝေအောင်ပြောလိုက်နဲ့နေတတ်တဲ့ ကောင်မလေးက ဒီနေ့မှ ထူးထူးဆန်းဆန်း ဘယ်သူနဲ့မှ စကားမပြောပဲ သူ့လည်ပင်းက ပရိတ်ကြိုးနဲ့တင် အတော်အလုပ်ရှုပ်နေတော့တာပဲ။

ချာတိတ်မလေးရဲ့အခြေအနေကို တနေရာကနေတွေ့လိုက်ရတဲ့ စက်ရုံပိုင်ရှင်အန်တီရဲ့သားက ဒါသွေးရိုးသားရိုးမဟုတ်လောက်ဘူးဆိုတဲ့အတွေးဝင်လာပြီး သူတို့ဘုရားကျောင်းဆောင်ပေါ်က ပရိတ်ရည်ကိုယူလာပြီး ချာတိတ်မကို သောက်ခိုင်းပါလေရော။ ပရိတ်ရည်သောက်ခိုင်းတော့မှ အခြေအနေက ပိုပြီးရှုပ်ထွေးသွားတယ် ပြောရမလားပဲ။

ကောင်မလေးရဲ့ ပင်ကိုအသံမဟုတ်တော့ပဲ အသက်အရွယ်အိုမင်းနေတဲ့ မိန်းမကြီးတယောက်ရဲ့ အသံ၊ လေယူလေသိမ်းနဲ့

” ငါ မသောက်ချင်ဘူး ” လို့ ယတိပြတ်ငြင်းပါတော့တယ်။ ခလေးမရဲ့လည်ပင်းက ပရိတ်ကြိုးကလည်း ကျွတ်သွားပြီး သူ့ရှေ့က စက်ချုပ်ခုံပေါ်ပြုတ်ကျသွားတယ်။ ပြီးတော့ ချာတိတ်မက သူ့ထက်အသက်အများကြီး ကြီးတဲ့စက်ရုံပိုင်ရှင်အန်တီ့ကို

” ငါ ဗိုက်ဆာတယ်။ ထမင်းခူးကျွေးစမ်း ” ဆိုပြီး ပြောလာပါရော။ စက်ရုံပိုင်ရှင်အန်တီခမျာလည်း ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ သူ့အိမ်က အိမ်ဖော်အလုပ်သမားတယောက်ကိုလှမ်းခေါ်ပြီး ကောင်မလေးအတွက် ထမင်းသွားခူးပြီးယူလာပေးဖို့ မှာလိုက်တယ်။ ထမင်းဟင်းတွေရောက်လာတော့ ကောင်မလေး ခါတိုင်းအရင်နေ့တွေစားနေကျပမာဏထက်ကိုပိုပြီး စားနေလိုက်တာ ရိုင်းရိုင်းပြောရရင် တခါမှ ထမင်းဟင်းမမြင်ဘူးတဲ့ အငတ်တယောက်အတိုင်းပါပဲ။ ထမင်းစားနေရင်းက စက်ရုံပိုင်ရှင်ကို ” ငါ့ကို ရေခပ်ပေးစမ်း ” လို့ ပြောလာပြန်ပါရော။ တကယ်ဆိုရင် ခလေးမလေးက ဒီအထည်ချုပ်စက်ရုံမှာ အသက်အငယ်ဆုံးဖြစ်သလို တခါမှလည်း ဘယ်သူ့ဘယ်သူကိုမှ ငါဆိုတဲ့နာမ်စားကို သုံးပြီး ပြောလေ့ပြောထလည်း မရှိခဲ့ပါဘူး။

ကောင်မလေး ထမင်းစားပြီးတော့မှ စက်ရုံပိုင်ရှင်လည်း ကြောက်စိတ်ကိုအားတင်းပြီး ” နင်က ဘယ်ကလဲ??? ဘယ်သူလဲ??? ဘာလို့ဒီလိုလုပ်တာလဲ??? ” ဆိုပြီး အင်တာဗျူ း လုပ်ရပါတော့တယ်။ အဲ့ဒီလိုမေးတော့ ဟိုကလည်း အမယ်အိုကြီးတယောက်ရဲ့ ခက်ထန်တဲ့လေသံနဲ့…..

” ငါက ဒေါ်အေးသင်။ ဒီအိမ်က ငါ့အိမ် ဟဲ့။ နင်တို့ က လူတွေကလည်းများတယ်။ ငါ မနေတတ်တော့ဘူး။ ခုချက်ချင်း အကုန်ထွက်သွားကြ။ ငါ့အိမ် ငါ့ကို ပြန်ပေး ။ ” ဆိုပြီးတော့ ပြန်ပြောတော့တာပါပဲ။

စက်ရုံပိုင်ရှင်အန်တီကလည်း သူ့ထမင်းအိုးကို တုတ်နဲ့ထိုးတာတော့ ဘယ်ခံနိုင်ပါလိမ့်မတုန်း။ ပြန်ပြောတော့တာပါပေါ့။ ” ရှင် အဲဒီလိုတော့ မပြောနဲ့လေ။ ဒီအိမ်က ကျွန်မတို့နေနေတာ။ ဘယ်လိုလုပ်ပြီး ဖယ်ပေးလို့ ဖြစ်မလဲ ” ဆိုပြီး စောဒက တက်တော့တာပေါ့။ ဒေါ်အေးသင်တဖြစ်လဲ ကောင်မလေးကလည်း စိတ်ကြီးတယ်။

” မဖယ်လို့ မရဘူး။ နင်တို့အားလုံး ဒီနေရာကနေ ထွက်သွားကြ ” လို့ ထပ်ပြောလာပါလေရော။

ဒီမှာတင် စက်ရုံပိုင်ရှင်လည်း ” ကောင်းပြီလေ။ ဒီလိုဆိုရင် ရှင်ကျွန်မတို့ကို နေရာရှာပေး။ ရှင် ကျွန်မတို့အတွက် နေရာရှာပေးရင် ကျွန်မတို့ ဒီအိမ်ကနေ ဖယ်ပေးမယ် ” ဆိုပြီးတော့ အပေးအယူလုပ်ကြည့်လိုက်တယ်။

ဒီတော့မှာ ဟိုတယောက်က ” အေး ကောင်းပြီလေ။ ညည်းစကား ညည်း တည်ပစေ ” လို့ပြောပြီး ခဏငြိမ်သွားတယ်။

ချာတိတ်မလေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေတဲ့ ဒေါ်အေးသင်ငြိမ်နေတုန်းမှာ အန်တီ့ခမျာ သူ့သမီးဆီကို အကျိုးအကြောင်းဖုန်းဆက်ပြီး ဘုန်းကြီးတွေပင့်၊ ကမ္မဝါဖတ်ရင်ကောင်းမလားလို့ အကြံဉာဏ်တောင်းရပါတော့တယ်။ သူ့သမီးကလည်း ဖုန်းထဲက သူ့အမေပြောတာတွေကို နားထောင်ပြီးမှ ” အို အမေကလည်း… သူနဲ့အပေးအယူသွားလုပ် ပြီးမှ နှင်ချရင်ပိုသောင်းကျန်းမှာပေါ့ ” လို့ ပြန်ပြောတယ်။ ဒါနဲ့ပဲ ဘာဆက်လုပ်လို့ လုပ်ရကောင်းမှန်းမသိတော့ပဲ အချိန်တရက်ကုန်သွားပါလေရော။ ကောင်မလေးလည်း ဘာပြဿ နာတခုမှ ထပ်မဖြစ်တော့ အားလုံးအေးအေးဆေးဆေးဖြစ်သွားပြီလို့ပဲ ထင်နေကြတုန်းမှာ ညဘက်ရောက်တော့ နောက်ထပ်ပြဿ နာတခု ထပ်ဖြစ်ပြန်ပါတော့တယ်။ စက်ချုပ်အလုပ်သမားတွေထဲက အစအနောက်သန်တဲ့ ကောင်လေးတယောက်က အဲ့ဒီကောင်မလေးကို

” ဟဲ့ !!! အေးသင် ” လိ့ု လှမ်းခေါ်ပြီး နောက်လိုက်တဲ့အခါမှာ ကောင်လေးကို ပေစောင်းစောင်းကြည့်ပြီးတော့ ကပ်ကြေးနဲ့ထိုးဖို့ ကြိုးစားတော့တာပါပဲ။ ကောင်မလေးကို အတင်းဝိုင်းချုပ်ပြီး ဘုရားကျောင်းဆောင်ရှေ့ကို ခေါ်သွားကြတော့ ဘုရားကန်တော့တယ်။

ပြီးတော့ ဘုရားဆင်းတုတော်ကို သူ့ခေါင်းပေါ်မှာတင်ပြီး ချုံးပွဲချငိုပါတော့တယ်။ အခြေအနေတွေက တမျိုးတဖုံဖြစ်လာတော့ စက်ရုံပိုင်ရှင်အန်တီကြီးလည်း ကြောက်စိတ်ကိုအားတင်းပြီးတော့ ” ရှင် ဒီနေရာမှာ ဒီအတိုင်းဆက်နေသွားလို့တော့ ဘယ်နည်းနဲ့မှ မဖြစ်ဘုူး။ ရှင်ဆုံးတော့ ရှင့်အတွက် ဘုန်းကြီးပင့်၊ ဆွမ်းကပ်၊ အမျှဝေမလုပ်ပေးကြဘူးလား ” လို့ မေးတဲ့အခါမှာ ဟိုကလည်း ” ဆွမ်းကပ်တယ်။ သာဓုခေါ်လို့ မရဘူး ” လို့ ပြန်ဖြေတယ်။ ပြီးတော့ ငိုရတာမောသွားလို့လား မသိပါဘူး။ ခဏ ငြိမ်သွားပြန်တယ်။ သူငြိမ်နေတုန်းမှာ အန်တီ့ရဲ့သားက တရားခွေဖွင့်လိုက်တော့လည်း ငိုရင်းနဲ့ ငြိမ်ငြိမ်လေး
နားထောင်နေပြန်ရော။ ကောင်မလေးလည်း ဘာမှထပ်မသောင်းကျန်းတော့သလို ညည့်ကလည်းအတော်နက်နေပြီမို့ ဘေးနားမှာ ယောကျ်ားလေး၊ မိန်းကလေးတချို့ကို အစောင့်သဘောမျိုးစောင့်အိပ်ခိုင်းပြီး ဒီတိုင်းထားခဲ့လိုက်ကြတယ်။

မနက်မိုးလင်းတော့ ဘုန်းကြီးတွေပင့်ပြီး တရားနာ၊ ကမ္မဝါညှပ်ပြီး ရေစက်ချ အမျှပေးဝေလိုက်တော့ ဘုန်းကြီးတွေကို ကန်တော့ပြီး ကောင်မလေးခန္ဓာကိုယ်ထဲကနေ ထွက်သွားတယ်။ ကိုယ်တိုင်ကြုံခဲ့တဲ့ ကာယကံရှင်တွေအပြောအရတော့ ဝင်ပူးခံရတဲ့ကောင်မလေးက အရင်တုန်းကလို မဟုတ်တော့ပဲ အသားအရည် ဝင်းဝင်းဝါဝါနဲ့ မျက်နှာလည်း ဟိုးအရင်တုန်းကထက် ပိုပြီးတော့ ကြည်ကြည်လင်လင်ဖြစ်လာပါသတဲ့။ ကိုယ်တိုင်ကြုံရခြင်းမဟုတ်လို့ စီကာပတ်ကုံးမရေးတတ်ပေမယ့် ဘိလပ်ပြည် လန်ဒန်က တကယ့် အဖြစ်အပျက်တွေနဲ့ ကျေးဇူး ရှင် မွေးသဖခင်ရဲ့ကိုယ်တွေ့အကြောင်းအရာတွေကို နောက်တကြိမ်မှာ ပြောပြဖို့ ကြိုးစားပါဦးမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:သရဲအကြောင်းပြောကြမယ်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top