Kantharyar Centre
×

 ေမာင္ေတာၿမိဳ႕ နယ္ရွိ နယ္ျခားေစာင့္ရဲစခန္းသံုးခု အၾကမ္းဖက္တိုက္ခိုက္ခံရသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ႀကိဳတင္ သတင္းရယူမႈ အပိုင္းတြင္ အား နည္းေၾကာင္းႏွင့္ တာဝန္ ေပါ့ ေလ်ာ့သည့္ ရဲဝန္ထမ္းမ်ားအား စစ္ေဆး အေရးယူမည္ ျဖစ္ ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္စိုး က ေျပာသည္။

‘‘ဒီျဖစ္စဥ္နဲ႔  ပတ္သက္ၿပီး ေတာ့ သတင္းရယူမႈ အပိုင္းမွာ အားနည္းခ်က္ေတြ ျဖစ္ခဲ့ပါတယ္’’ဟု ေအာက္တုိဘာ ၁၇ ရက္က ရခုိင္ျပည္နယ္ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ျပန္ၾကားေရးဝန္ႀကီးဌာန တြင္ ျပဳလုပ္ေသာ သတင္းစာရွင္း လင္းပြဲ၌ မီဒီယာမ်ား၏ ေမးျမန္း မႈကို ျပည္ထဲေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုးက ျပန္လည္ေျဖ ၾကားခဲ့သည္။

ေမာင္ေတာၿမိဳ႕နယ္ရွိ က်ီး ကန္းျပင္ဌာနခ်ဳပ္၊ ငါးခူရနယ္ေျမ စခန္းႏွင့္ ကိုးတန္ေကာက္ရဲကင္း စခန္းသံုးေနရာသည္ ေအာက္တိုဘာ ၉ ရက္ နံနက္ ၁ နာရီခန္႔ တြင္ တစ္ၿပိဳင္နက္တည္း တိုက္ခိုက္ခံရၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားအား သတ္ျဖတ္ကာ လက္နက္မ်ားႏွင့္ ပစၥည္း မ်ားအား အၾကမ္းဖက္သမားမ်ား ယူေဆာင္သြားခဲ့သည္။

 အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ရဲတပ္ဖြဲ႕ဝင္မ်ားဘက္မွ က်ဆံုးသူကိုးဦး၊ ဒဏ္ရာရသူခုနစ္ ဦးႏွင့္ တပ္မေတာ္သား ငါးဦးက် ဆံုးခဲ့သည္။

ျဖစ္စဥ္တြင္ က်ဆံုးစစ္သည္ မ်ား၏ က်န္ရစ္သူမိသားစုဝင္မ်ား အား ကာကြယ္ေရးဝန္ႀကီးဌာနကဘဝအာမခံခ်က္ရွိသည့္ ေထာက္ ပံ့မႈမ်ား ျပဳလုပ္ေပးထားေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန တပ္ မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ ဗိုလ္မွဴးႀကီးေဇာ္မင္း ထြန္းက ေျဖၾကားခဲ့သည္။

ထို႔အျပင္ က်ဆံုးရဲတပ္ဖြဲ႕ဝင္ မ်ားႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕မွ ရဲခ်ဳပ္ေဇာ္ဝင္းက ဝန္ ႀကီးဌာနေလးခုမွ စုေပါင္းေထာက္ ပံ့ေငြအျဖစ္ က်ဆံုး ရဲတပ္ဖြဲ႕ဝင္ တစ္ဦးလွ်င္ က်ပ္သိန္း ၈၀ ႏွင့္ ဒဏ္ရာရသူ တစ္ဦးလွ်င္ က်ပ္ သိန္း ၃၀ စီ ေထာက္ပံ့ေပးထား ေၾကာင္း ေျဖၾကားသည္။

‘‘ျဖစ္စဥ္ ျပန္ၾကည့္တဲ့အခါ မွာ စခန္းသံုးခုမွာ စခန္းႏွစ္ခုဟာ ေဆာင္ရြက္ခ်က္ေတြ ေတာ္ေတာ္ ေလးေကာင္းတာ ေတြ႕ပါတယ္။ ကိုးတန္ေကာက္ ရဲကင္းစခန္းဆုိ ရင္ အရွင္တစ္ေယာက္၊ အေသ တစ္ေယာက္ရေအာင္ ခုခံတိုက္ ခိုက္ႏုိင္တယ္။ ငါးခူရဆုိရင္ အ ေလာင္း ခုနစ္ေလာင္း ရေအာင္ ေဆာင္ရြက္ႏုိင္တယ္။  အဲဒါ ေၾကာင့္ အဲဒီမွာရွိတဲ့ တပ္ဖြဲ႕ဝင္ ေတြအားလံုးကို အဆင့္ျမင့္ ရာထူး ခ်ီးျမႇင့္လိုက္ၿပီျဖစ္ပါတယ္’’ ဟု ရဲခ်ဳပ္ေဇာ္ဝင္းက ေျပာသည္။

‘‘ေဆာင္ရြက္ခ်က္ေကာင္း တဲ့ စခန္းက လူေတြအားလံုးကို လည္း အဆင့္ျမင့္ရာထူးေတြေပး လိုက္ၿပီးျဖစ္သလို ေပါ့ေလ်ာ့မႈနဲ႔ တာဝန္ရွိသူေတြကိုေတာ့ စစ္ေဆး ေတြ႕ရွိခ်က္ စံုစမ္းစစ္ေဆးေရးခံု႐ံုးအေပၚ မူတည္ၿပီးေတာ့ အေရးယူမႈကလည္း ဆက္လက္ၿပီး ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္’’ ဟု ၎က ဆက္လက္ေျပာၾကား သည္။

နယ္ျခားေစာင့္ရဲဌာနခ်ဳပ္အ ပါအဝင္ ရဲစခန္းသံုးခုကို အၾကမ္း ဖက္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့သည့္ ေမာင္ေတာခ႐ိုင္ကို စစ္ဆင္ေရး နယ္ေျမအျဖစ္ သတ္မွတ္လိုက္ၿပီး လံုၿခံဳေရး  တပ္ဖြဲ႕ဝင္မ်ားအျပင္ လဝက  ဝန္ထမ္းမ်ားကိုလည္း လက္နက္မ်ား တပ္ဆင္ေပးထား ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မောင်တောမြို့ နယ်ရှိ နယ်ခြားစောင့်ရဲစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုတင် သတင်းရယူမှု အပိုင်းတွင် အား နည်းကြောင်းနှင့် တာဝန် ပေါ့ လျော့သည့် ရဲဝန်ထမ်းများအား စစ်ဆေး အရေးယူမည် ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောသည်။

‘‘ဒီဖြစ်စဉ်နဲ့  ပတ်သက်ပြီး တော့ သတင်းရယူမှု အပိုင်းမှာ အားနည်းချက်တွေ ဖြစ်ခဲ့ပါတယ်’’ဟု အောက်တိုဘာ ၁၇ ရက်က ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ် သက်၍ ပြန်ကြားရေးဝန်ကြီးဌာန တွင် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌ မီဒီယာများ၏ မေးမြန်း မှုကို ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြန်လည်ဖြေ ကြားခဲ့သည်။

မောင်တောမြို့နယ်ရှိ ကျီး ကန်းပြင်ဌာနချုပ်၊ ငါးခူရနယ်မြေ စခန်းနှင့် ကိုးတန်ကောက်ရဲကင်း စခန်းသုံးနေရာသည် အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီခန့် တွင် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ကာ လက်နက်များနှင့် ပစ္စည်း များအား အကြမ်းဖက်သမားများ ယူဆောင်သွားခဲ့သည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ရဲတပ်ဖွဲ့ဝင်များဘက်မှ ကျဆုံးသူကိုးဦး၊ ဒဏ်ရာရသူခုနစ် ဦးနှင့် တပ်မတော်သား ငါးဦးကျ ဆုံးခဲ့သည်။

ဖြစ်စဉ်တွင် ကျဆုံးစစ်သည် များ၏ ကျန်ရစ်သူမိသားစုဝင်များ အား ကာကွယ်ရေးဝန်ကြီးဌာနကဘဝအာမခံချက်ရှိသည့် ထောက် ပံ့မှုများ ပြုလုပ်ပေးထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီးဇော်မင်း ထွန်းက ဖြေကြားခဲ့သည်။

ထို့အပြင် ကျဆုံးရဲတပ်ဖွဲ့ဝင် များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းက ဝန် ကြီးဌာနလေးခုမှ စုပေါင်းထောက် ပံ့ငွေအဖြစ် ကျဆုံး ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် ကျပ်သိန်း ၈၀ နှင့် ဒဏ်ရာရသူ တစ်ဦးလျှင် ကျပ် သိန်း ၃၀ စီ ထောက်ပံ့ပေးထား ကြောင်း ဖြေကြားသည်။

‘‘ဖြစ်စဉ် ပြန်ကြည့်တဲ့အခါ မှာ စခန်းသုံးခုမှာ စခန်းနှစ်ခုဟာ ဆောင်ရွက်ချက်တွေ တော်တော် လေးကောင်းတာ တွေ့ပါတယ်။ ကိုးတန်ကောက် ရဲကင်းစခန်းဆို ရင် အရှင်တစ်ယောက်၊ အသေ တစ်ယောက်ရအောင် ခုခံတိုက် ခိုက်နိုင်တယ်။ ငါးခူရဆိုရင် အ လောင်း ခုနစ်လောင်း ရအောင် ဆောင်ရွက်နိုင်တယ်။  အဲဒါ ကြောင့် အဲဒီမှာရှိတဲ့ တပ်ဖွဲ့ဝင် တွေအားလုံးကို အဆင့်မြင့် ရာထူး ချီးမြှင့်လိုက်ပြီဖြစ်ပါတယ်’’ ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

‘‘ဆောင်ရွက်ချက်ကောင်း တဲ့ စခန်းက လူတွေအားလုံးကို လည်း အဆင့်မြင့်ရာထူးတွေပေး လိုက်ပြီးဖြစ်သလို ပေါ့လျော့မှုနဲ့ တာဝန်ရှိသူတွေကိုတော့ စစ်ဆေး တွေ့ရှိချက် စုံစမ်းစစ်ဆေးရေးခုံရုံးအပေါ် မူတည်ပြီးတော့ အရေးယူမှုကလည်း ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။

နယ်ခြားစောင့်ရဲဌာနချုပ်အ ပါအဝင် ရဲစခန်းသုံးခုကို အကြမ်း ဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် မောင်တောခရိုင်ကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး လုံခြုံရေး  တပ်ဖွဲ့ဝင်များအပြင် လဝက  ဝန်ထမ်းများကိုလည်း လက်နက်များ တပ်ဆင်ပေးထား ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top