Property Expo
×

ရန္ကုန္ၿမိဳ႕ထဲမွာရွိတဲ့ အေဆာက္အဦေတြကို ငလ်င္ဒဏ္ခံႏုိင္ရည္ရွိ စစ္ေဆးသြားမွာျဖစ္ၿပီး ဦးစားေပးအေနနဲ႔ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့အေဆာက္အအံုေတြကုိ အရင္စစ္ေဆးသြားမယ္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိးက ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕က ငလ်င္ေၾကာေပၚမွာ က်ေရာက္ေနလုိ႔ လူေနအေဆာက္အအုံေတြကို ေျမငလ်င္ဒဏ္ခံႏိုင္ရည္ ရွိမရွိ စီစစ္ဖို႔ အစီအစဥ္ရွိမရွိကို ဒီေန႔က်င္းပခဲ့တဲ့ ျပည္သူလႊတ္ေတာ္မွာ တာေမြၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းျမင္႔က ေမးျမန္းခဲ့ရာမွာ ရန္ကုန္ၿမိဳ႕ေတာ္၀န္ဦးေမာင္ေမာင္စုိးက အခုလိုေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

အမ်ားျပည္သူသုံးတဲ့ ေဆးရုံေတြ၊ ေဆးခန္းေတြ၊ မီးသတ္အေဆာက္အဦးေတြ၊ စာသင္ေက်ာင္းေတြ ဘာသာေရးဆိုင္ရာ သာသနိက အေဆာက္အအုံေတြနဲ႔ အဓိကလမ္းပန္းဆက္သြယ္ေပးေနတဲ႔ လမ္းတံတားေတြကို ပထမဦးစားေပးအဆင္႔အေနနဲ႔ ငလ်င္ဒဏ္ခံႏိုင္ရည္ရွိမရွိ ဆန္းစစ္႔ေလ႔လာသြားမွာျဖစ္ၿပီး

ပုဂၢလိကပိုင္ေဆးရုံ၊ ေဆးခန္းနဲ႔ ေစ်းဝယ္စင္တာေတြကို သူတို႔အစီစဥ္နဲ႔ ငလ်င္ဒဏ္ခံႏိုင္ေရးရွိမရွိ ဆန္းစစ္ဖို႔ ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္သြားမယ္လို႔ ၿမိဳ႕ေတာ္၀န္က ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရန်ကုန်မြို့ထဲမှာရှိတဲ့ အဆောက်အဦတွေကို ငလျင်ဒဏ်ခံနိုင်ရည်ရှိ စစ်ဆေးသွားမှာဖြစ်ပြီး ဦးစားပေးအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့အဆောက်အအုံတွေကို အရင်စစ်ဆေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့က ငလျင်ကြောပေါ်မှာ ကျရောက်နေလို့ လူနေအဆောက်အအုံတွေကို မြေငလျင်ဒဏ်ခံနိုင်ရည် ရှိမရှိ စီစစ်ဖို့ အစီအစဉ်ရှိမရှိကို ဒီနေ့ကျင်းပခဲ့တဲ့ ပြည်သူလွှတ်တော်မှာ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က မေးမြန်းခဲ့ရာမှာ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူသုံးတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ မီးသတ်အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံတွေနဲ့ အဓိကလမ်းပန်းဆက်သွယ်ပေးနေတဲ့ လမ်းတံတားတွေကို ပထမဦးစားပေးအဆင့်အနေနဲ့ ငလျင်ဒဏ်ခံနိုင်ရည်ရှိမရှိ ဆန်းစစ့်လေ့လာသွားမှာဖြစ်ပြီး

ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းနဲ့ ဈေးဝယ်စင်တာတွေကို သူတို့အစီစဉ်နဲ့ ငလျင်ဒဏ်ခံနိုင်ရေးရှိမရှိ ဆန်းစစ်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top