Property Expo
×

ရန္ကုန္ၿမိဳ႕တြင္ ဖြင့္လွစ္ ထားသည့္ တ႐ုတ္ေဆးခန္းမ်ား သည္ ဥပေဒႏွင့္အညီ လိုင္စင္ျဖင့္ ဖြင့္လွစ္ထားျခင္း မဟုတ္သကဲ့သို႔ အဆိုပါေဆးခန္းမ်ားရွိ ေဆး ဆရာမ်ားသည္လည္း တရား၀င္ ေဆးကုသခြင့္ (ဆ/မ)လိုင္စင္ မရွိေသာေၾကာင့္ ဥပေဒႏွင့္အညီ စိစစ္အေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႕ လူမႈ ေရး၀န္ႀကီး ဦးႏိုင္ငံလင္းက ရန္ကုန္တိုင္းေဒသႀကီး လႊတ္ ေတာ္အစည္းအေ၀း၌ ေျပာ ၾကားသည္။

အဆိုပါ တ႐ုတ္ေဆးခန္း မ်ားႏွင့္ ေဆးဆရာမ်ားကို သက္ ဆိုင္ရာၿမိဳ႕နယ္ တာ၀န္ရွိပုဂၢိဳလ္ က ႀကီးၾကပ္ေကာ္မတီႏွင့္ တိုင္း ေဒသႀကီး ႀကီးၾကပ္ေကာ္မတီတို႔ ႏွင့္ပူးေပါင္း၍ စစ္ေဆးအေရးယူ မည္ျဖစ္ေၾကာင္း လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းက ဆက္လက္ေျပာ သည္။

ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕တြင္း ေျခာက္ၿမိဳ႕နယ္အတြင္း ဖြင့္လွစ္ ထားသည့္တ႐ုတ္ေဆးခန္းမ်ား ႏွင့္ တ႐ုတ္ေဆးဆရာ၀န္မ်ားသည္ လူစည္ကားေသာေနရာမ်ား၊လမ္း ဆံုလမ္းခြမ်ား၊ ေမာ္ေတာ္ယာဥ္ မ်ားေပၚတြင္ ေရာဂါဆုိင္ရာ အ ေၾကာင္းအရာမ်ားပါ၀င္ေသာ လက္ကမ္းေၾကာ္ျငာမ်ား ျဖန္႔ေ၀ ေနသည္ကို ေတြ႕ရွိေၾကာင္း၊ သို႔ ျဖစ္၍ ယင္းေဆးခန္းမ်ားသည္ ပုဂၢလိကက်န္းမာေရးဆိုင္ရာ ဥပ ေဒႏွင့္အညီ လိုင္စင္ျဖင့္ ဖြင့္လွစ္ ထားျခင္းရွိ၊မရွိ ၊ တ႐ုတ္ေဆး ဆရာမ်ားသည္ တရား၀င္ေဆးကု သခြင့္လိုင္စင္ (ဆ/မ) လက္မွတ္ ရွိ၊မရွိ၊ ၎ေဆးဆရာမ်ားသည္ မည္သည့္ဗီဇာျဖင့္ လာေရာက္ လုပ္ကိုင္သနည္းဟု ပန္းဘဲတန္း ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ ဦးက ယမန္ေန႔တြင္ ျပဳလုပ္ေသာ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ ေတာ္၌ ေမးျမန္းခဲ့သည္။

ေမးျမန္းမႈကိိုရန္ကုန္တိုင္း  အစိုးရအဖဲြ႕ လူမႈေရး၀န္ႀကီး ဦး ႏိုင္ငံလင္းက ေျဖၾကားရာ‘‘ၿမိဳ႕နယ္ အခ်ိဳ႕တြင္ ဖြင့္လွစ္ထားသည့္ တ႐ုတ္ေဆးခန္းမ်ားႏွင့္ တ႐ုတ္ ေဆးဆရာမ်ားသည္ က်န္းမာေရး လုပ္ငန္းလိုင္စင္ ဥပေဒမ်ားႏွင့္ အညီ ေလွ်ာက္ထားျခင္း မရွိဘဲ လိုင္စင္ခ်ထားေၾကာင္းလည္း မရွိ ပါေၾကာင္းႏွင့္ ယင္းေဆးခန္းမ်ား ကို သက္ဆိုင္ရာၿမိဳ႕နယ္ ႀကီးၾကပ္ေကာ္မတီႏွင့္ တိုင္းေဒသ ႀကီး ႀကီးၾကပ္ေကာ္မတီတို႔က စစ္ ေဆး အေရးယူမည္ျဖစ္ေၾကာင္း ေလးစားစြာေျဖၾကား အပ္ပါ တယ္’’ ဟု ေျပာၾကားခဲ့သည္။

တ႐ုတ္ ေဆးခန္းမ်ားႏွင့္ ပတ္သက္၍ စိစစ္ထားသည့္ေဆး ခန္းႏွစ္ခုရွိၿပီး ေဆးခန္းမ်ားအား လံုး စိစစ္ၿပီးပါက တစ္ေျပးညီ အ ေရးယူ ေဆာင္ရြက္မည္ျဖစ္ၿပီး ေထာင္ဒဏ္သံုးလမွ ေျခာက္ႏွစ္ အထိ ျပစ္ဒဏ္မ်ားခ်မွတ္ႏိုင္ ေၾကာင္း ဦးႏိုင္ငံလင္းကဆိုသည္။

‘‘ယင္းေဆးခန္းမ်ားသည္ ပံု ႏွိပ္မီဒီယာမ်ားႏွင့္ သတင္းစာႏွင့္ ဂ်ာနယ္မ်ားတြင္ ေၾကာ္ျငာထည့္ ၿပီး လုပ္ေဆာင္ေနတာေတြ႕ရွိရ ေၾကာင္း၊ အထူးသျဖင့္ အမ်ိဳးသား ဆိုင္ရာ ေရာဂါမ်ားကို ႏိုင္ငံျခားသုိ႔ သြား၍ ကုသရန္မလိုဘဲ ရန္ကုန္ ျပည္တြင္း၌သာ ကုသႏိုင္သည္ဆို ၿပီးေတာ့ အထူးေလွ်ာ့ေစ်းႏႈန္းျဖင့္ ေၾကာ္ျငာေနသည္ကို ေတြ႕ရ ေၾကာင္း၊ အသက္အႏၲရာယ္ အ ေရးႀကီးသည့္ ကင္ဆာေရာဂါမ်ိဳး ကို သူတို႔ေဆးခန္းေတြက ကုသ ေပးေနေၾကာင္း၊ ရာဇ၀တ္မႈ ေျမာက္သည့္ ကိုယ္၀န္ဖ်က္ခ်မႈ မ်ား၊ ကိုယ္အဂၤါအစိတ္အပိုင္း မ်ားကို ထုတ္ယူသည္အထိ ျပဳ လုပ္လာႏိုင္ပါသည္’’ဟု လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ ဦးက တင္ျပသည္။

ရန္ကုန္တိုင္းေဒသႀကီးအ တြင္းတ႐ုတ္ေဆးခန္းမ်ား သိသာ စြာမ်ားျပားလာၿပီး ယင္းေဆးခန္း မ်ားတြင္ ကုသရန္လာေရာက္ စဥ္က တစ္မ်ိဳး၊ ကုသေနစဥ္တစ္ မ်ိဳး ေငြေၾကးေကာက္ခံေန ေၾကာင္း၊ ကုသရာတြင္လည္း အ ဆင္ေျပစြာကုသႏိုင္ျခင္း မရွိ ေသာေၾကာင့္ ေဆးခန္းလာျပ ေသာ လူနာမ်ား စိတ္ဆင္းရဲမႈ မ်ားရွိေနေၾကာင္း ဦးသန္းႏိုင္ဦးက ေျပာသည္။

‘‘သူတို႔သံုးတဲ့ေဆးေတြက စနစ္တက်မွတ္ပံုတင္ထားတာ လည္းမရွိဘူး။ ေဘးထြက္ဆိုးက်ိဳး ဘာျဖစ္တာကို ဘာမွစမ္းသပ္ ခ်က္ေတြလည္း လုပ္မထားဘူး။ ေရာဂါေပ်ာက္မယ္၊ မေပ်ာက္ဘူး ဆိုတာလည္း သက္ေသဘာမွ မရွိ ဘူးေပါ့။ အဓိကက ေဆးေတြသံုး တာက အကိုက္အခဲေပ်ာက္ေဆး ေတြပဲသံုးတာ။ သူတို႔သံုးတဲ့ေဆး ေတြက ေရာဂါေပ်ာက္သြားတာ ထက္ လကၡဏာသက္သာဖို႔အ တြက္ပဲ လုပ္တာ။ ေရာဂါသက္ သာသြားတာ မဟုတ္ဘူး’’ဟု ရန္ကုန္ၿမိိဳ႕ ေက်ာက္တံတားၿမိဳ႕ နယ္ေန ေဒါက္တာ မ်ိဳးခန္႔ကိုကို ကေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔ လမ္းမေတာ္ မွာ အမ်ားႀကီးရွိတယ္။ တ႐ုတ္ ေဆးခန္းေတြကို အယံုအၾကည္ လည္းမရွိဘူး။ သြားျပတဲ့သူေတြရဲ႕ ေျပာစကားအရဆို တ႐ုတ္ဆရာ ၀န္ေတြက တျဖည္းျဖည္းနဲ႔ေရာဂါ နဲ႔ေဆးနဲ႔ကိုသဲ့ၿပီးေတာ့ ပိုက္ဆံကို ယူတယ္လို႔ ၾကားဖူးတယ္။ေနာက္ ၿပီးေရာဂါလည္းေပ်ာက္သြား တယ္လို႔ မၾကားဖူးဘူး’’ဟု လမ္းမ ေတာ္ၿမိဳ႕နယ္ေန ကိုေက်ာ္စိုးႏိုင္ က ေျပာသည္။

တ႐ုတ္ေဆးခန္းအမ်ားစုမွာ လမ္းမေတာ္၊ လသာႏွင့္ ေက်ာက္ တံတားၿမိဳ႕နယ္မ်ားတြင္ ဖြင့္လွစ္ ေဆးကုသေနေၾကာင္း သတင္းရရွိသည္။ ၂၀၁၃ က ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္တြင္ တ႐ုတ္ႏိုင္ငံသားမ်ား တရားမ၀င္ဖြင့္လွစ္ခဲ့ေသာ အပုိ လိုေဆးခန္းကို အစိုးရက ပိတ္ သိမ္းခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရန်ကုန်မြို့တွင် ဖွင့်လှစ် ထားသည့် တရုတ်ဆေးခန်းများ သည် ဥပဒေနှင့်အညီ လိုင်စင်ဖြင့် ဖွင့်လှစ်ထားခြင်း မဟုတ်သကဲ့သို့ အဆိုပါဆေးခန်းများရှိ ဆေး ဆရာများသည်လည်း တရားဝင် ဆေးကုသခွင့် (ဆ/မ)လိုင်စင် မရှိသောကြောင့် ဥပဒေနှင့်အညီ စိစစ်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေး၌ ပြော ကြားသည်။

အဆိုပါ တရုတ်ဆေးခန်း များနှင့် ဆေးဆရာများကို သက် ဆိုင်ရာမြို့နယ် တာဝန်ရှိပုဂ္ဂိုလ် က ကြီးကြပ်ကော်မတီနှင့် တိုင်း ဒေသကြီး ကြီးကြပ်ကော်မတီတို့ နှင့်ပူးပေါင်း၍ စစ်ဆေးအရေးယူ မည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆက်လက်ပြော သည်။

ရန်ကုန်မြို့ရှိ မြို့တွင်း ခြောက်မြို့နယ်အတွင်း ဖွင့်လှစ် ထားသည့်တရုတ်ဆေးခန်းများ နှင့် တရုတ်ဆေးဆရာဝန်များသည် လူစည်ကားသောနေရာများ၊လမ်း ဆုံလမ်းခွများ၊ မော်တော်ယာဉ် များပေါ်တွင် ရောဂါဆိုင်ရာ အ ကြောင်းအရာများပါဝင်သော လက်ကမ်းကြော်ငြာများ ဖြန့်ေ၀ နေသည်ကို တွေ့ရှိကြောင်း၊ သို့ ဖြစ်၍ ယင်းဆေးခန်းများသည် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ဥပ ဒေနှင့်အညီ လိုင်စင်ဖြင့် ဖွင့်လှစ် ထားခြင်းရှိ၊မရှိ ၊ တရုတ်ဆေး ဆရာများသည် တရားဝင်ဆေးကု သခွင့်လိုင်စင် (ဆ/မ) လက်မှတ် ရှိ၊မရှိ၊ ၎င်းဆေးဆရာများသည် မည်သည့်ဗီဇာဖြင့် လာရောက် လုပ်ကိုင်သနည်းဟု ပန်းဘဲတန်း မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင် ဦးက ယမန်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်၌ မေးမြန်းခဲ့သည်။

မေးမြန်းမှုကိုရန်ကုန်တိုင်း  အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦး နိုင်ငံလင်းက ဖြေကြားရာ‘‘မြို့နယ် အချို့တွင် ဖွင့်လှစ်ထားသည့် တရုတ်ဆေးခန်းများနှင့် တရုတ် ဆေးဆရာများသည် ကျန်းမာရေး လုပ်ငန်းလိုင်စင် ဥပဒေများနှင့် အညီ လျှောက်ထားခြင်း မရှိဘဲ လိုင်စင်ချထားကြောင်းလည်း မရှိ ပါကြောင်းနှင့် ယင်းဆေးခန်းများ ကို သက်ဆိုင်ရာမြို့နယ် ကြီးကြပ်ကော်မတီနှင့် တိုင်းဒေသ ကြီး ကြီးကြပ်ကော်မတီတို့က စစ် ဆေး အရေးယူမည်ဖြစ်ကြောင်း လေးစားစွာဖြေကြား အပ်ပါ တယ်’’ ဟု ပြောကြားခဲ့သည်။

တရုတ် ဆေးခန်းများနှင့် ပတ်သက်၍ စိစစ်ထားသည့်ဆေး ခန်းနှစ်ခုရှိပြီး ဆေးခန်းများအား လုံး စိစစ်ပြီးပါက တစ်ပြေးညီ အ ရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး ထောင်ဒဏ်သုံးလမှ ခြောက်နှစ် အထိ ပြစ်ဒဏ်များချမှတ်နိုင် ကြောင်း ဦးနိုင်ငံလင်းကဆိုသည်။

‘‘ယင်းဆေးခန်းများသည် ပုံ နှိပ်မီဒီယာများနှင့် သတင်းစာနှင့် ဂျာနယ်များတွင် ကြော်ငြာထည့် ပြီး လုပ်ဆောင်နေတာတွေ့ရှိရ ကြောင်း၊ အထူးသဖြင့် အမျိုးသား ဆိုင်ရာ ရောဂါများကို နိုင်ငံခြားသို့ သွား၍ ကုသရန်မလိုဘဲ ရန်ကုန် ပြည်တွင်း၌သာ ကုသနိုင်သည်ဆို ပြီးတော့ အထူးလျှော့ဈေးနှုန်းဖြင့် ကြော်ငြာနေသည်ကို တွေ့ရ ကြောင်း၊ အသက်အန္တရာယ် အ ရေးကြီးသည့် ကင်ဆာရောဂါမျိုး ကို သူတို့ဆေးခန်းတွေက ကုသ ပေးနေကြောင်း၊ ရာဇဝတ်မှု မြောက်သည့် ကိုယ်ဝန်ဖျက်ချမှု များ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း များကို ထုတ်ယူသည်အထိ ပြု လုပ်လာနိုင်ပါသည်’’ဟု လွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင် ဦးက တင်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းတရုတ်ဆေးခန်းများ သိသာ စွာများပြားလာပြီး ယင်းဆေးခန်း များတွင် ကုသရန်လာရောက် စဉ်က တစ်မျိုး၊ ကုသနေစဉ်တစ် မျိုး ငွေကြေးကောက်ခံနေ ကြောင်း၊ ကုသရာတွင်လည်း အ ဆင်ပြေစွာကုသနိုင်ခြင်း မရှိ သောကြောင့် ဆေးခန်းလာပြ သော လူနာများ စိတ်ဆင်းရဲမှု များရှိနေကြောင်း ဦးသန်းနိုင်ဦးက ပြောသည်။

‘‘သူတို့သုံးတဲ့ဆေးတွေက စနစ်တကျမှတ်ပုံတင်ထားတာ လည်းမရှိဘူး။ ဘေးထွက်ဆိုးကျိုး ဘာဖြစ်တာကို ဘာမှစမ်းသပ် ချက်တွေလည်း လုပ်မထားဘူး။ ရောဂါပျောက်မယ်၊ မပျောက်ဘူး ဆိုတာလည်း သက်သေဘာမှ မရှိ ဘူးပေါ့။ အဓိကက ဆေးတွေသုံး တာက အကိုက်အခဲပျောက်ဆေး တွေပဲသုံးတာ။ သူတို့သုံးတဲ့ဆေး တွေက ရောဂါပျောက်သွားတာ ထက် လက္ခဏာသက်သာဖို့အ တွက်ပဲ လုပ်တာ။ ရောဂါသက် သာသွားတာ မဟုတ်ဘူး’’ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့ နယ်နေ ဒေါက်တာ မျိုးခန့်ကိုကို ကပြောသည်။

‘‘ကျွန်တော်တို့ လမ်းမတော် မှာ အများကြီးရှိတယ်။ တရုတ် ဆေးခန်းတွေကို အယုံအကြည် လည်းမရှိဘူး။ သွားပြတဲ့သူတွေရဲ့ ပြောစကားအရဆို တရုတ်ဆရာ ဝန်တွေက တဖြည်းဖြည်းနဲ့ရောဂါ နဲ့ဆေးနဲ့ကိုသဲ့ပြီးတော့ ပိုက်ဆံကို ယူတယ်လို့ ကြားဖူးတယ်။နောက် ပြီးရောဂါလည်းပျောက်သွား တယ်လို့ မကြားဖူးဘူး’’ဟု လမ်းမ တော်မြို့နယ်နေ ကိုကျော်စိုးနိုင် က ပြောသည်။

တရုတ်ဆေးခန်းအများစုမှာ လမ်းမတော်၊ လသာနှင့် ကျောက် တံတားမြို့နယ်များတွင် ဖွင့်လှစ် ဆေးကုသနေကြောင်း သတင်းရရှိသည်။ ၂၀၁၃ က ကြည့်မြင်တိုင် မြို့နယ်တွင် တရုတ်နိုင်ငံသားများ တရားမဝင်ဖွင့်လှစ်ခဲ့သော အပို လိုဆေးခန်းကို အစိုးရက ပိတ် သိမ်းခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top