Shwe Zabu River View Condominium Promotion
×
Credit:7Day Daily
Unicode Version
မိမိအနေဖြင့် အင်္ဂ လိပ်ဘောလုံးလောကအကြောင်း ကို လေ့လာသင်ယူနေဆဲဖြစ် သည်ဟု မန်ယူနှင့် လိဂ်ဖလား ဒါဘီပွဲမတိုင်မီ မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောသည်။
မန်စီးတီးသည် ပြိုင်ပွဲအား လုံးတွင် ၁၀ ပွဲဆက်တိုက်အနိုင် ရရှိခဲ့ပြီး ရာသီအစအလွန်ကောင်း ခဲ့သော်လည်း မကြာသေးမီ သီ တင်းပတ်များအတွင်း အရှိန်လျော့ကျလာသည်။ တနင်္ဂနွေနေ့ကကစားခဲ့သော ဆောက်သမ်တန် နှင့်ပွဲသည် ၎င်းတု့ိ၏ ပဉ္စမမြောက် သရေပွဲဖြစ်ခဲ့သည်။
ချန်ပီယံလိဂ်တွင်လည်း အုပ်စုပွဲ သုံးပွဲကစားပြီးချိန်၌ ထိပ်ဆုံး မှ ဘာစီလိုနာကို ငါးမှတ်ပြတ်နေ သည်။
‘‘ကျွန်တော်တို့ရဲ့ နောက်ဆုံး ပွဲတွေက ခက်ခဲပါတယ်။ နောက် ဆုံး ၁၅ မိနစ်၊ မိနစ် ၂၀ လောက် မှာ ၃-၀ ဂိုးနဲ့ နိုင်နေတာမျိုးဆို ရင် နည်းနည်းလွယ်ကူပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကို ၁၀ ယောက်၊ ၁၁ ယောက်နဲ့ ကစားခဲ့ ရတယ်။ ဒါဟာ ချန်ပီယံလိဂ်မှာ ခက်ခဲပါတယ်။ အဲဒီနောက် ဆောက်သမ်တန်နဲ့ ပွဲမှာ အမှား တစ်ခုလုပ်ပြီး နောက်ကလိုက်ကစားရတယ်။ မန်ယူနဲ့ တွေ့ပြီးသုံးရက်ကြာ ဝက်စ်ဘရွန်း၊ အဲဒီနောက် ဘာစီလိုနာ။ အဲဒီပွဲတွေ အ ကုန် အရမ်းအရေးကြီးပါတယ်။ ကျွန်တော်ဒီနိုင်ငံဘောလုံး လောက်ကကို လေ့လာသင်ယူနေ ဆဲပါ’’ဟု ဂွါဒီယိုလာက ပြောကြားသည်။
နိုင်ပွဲရခြင်းနှင့် မရခြင်းအ ပေါ် အသင်း၏ တုံ့ပြန်ပုံ၊ ချန်ပီ ယံလိဂ်ပွဲကစားပြီး အိမ်ကွင်းပွဲ ကစားရခြင်းအထိ လေ့လာသင် ယူနေဆဲဖြစ်ပြီး မိမိအနေဖြင့် အ ချိန်လိုအပ်သည်ဟု ဂွါဒီယိုလာက ပြောသည်။
မန်စီးတီးသည် ဂိုးကွာခြား ချက်ဖြင့် အာဆင်နယ်နှင့် လီဗာ ပူးတို့အထက် ထိပ်ဆုံးနေရာကို ရယူထားပြီး စနေနေ့တွင် ဝက်စ်ဘရွန်းအိမ်ကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top