Kantharyar Centre
×

ယခုဘ႑ာႏွစ္အစ ဧၿပီ မွ စက္တင္ဘာ လကုန္အထိ ျပည္ပႏိုင္ငံမ်ားသို႔ ဆန္တန္ခ်ိန္ ငါးသိန္းေက်ာ္တင္ပို႔ထားၿပီး ၿပီးခဲ့ သည့္ ဘ႑ာႏွစ္ကာလတူတြင္ ပို႔ ထားသည့္ ပမာဏႏွင့္ႏႈိင္းယွဥ္ပါ က တန္ခ်ိန္တစ္သိန္းေက်ာ္ေလ်ာ့ နည္းေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီး ဌာနမွ သတင္းရရွိသည္။

ယခုႏွစ္ ေျခာက္လတာ အတြင္း ဆန္တင္ပို႔ျခင္းမွ ကန္ ေဒၚလာ ၁၇၇ သန္းရရွိထားၿပီး ယခင္ႏွစ္က ကန္ေဒၚလာ ၂၄၁ သန္းရရွိသျဖင့္ ကန္ေဒၚလာသန္း ၆၀ ေက်ာ္ ေလ်ာ့နည္းေနေၾကာင္း  စီးပြားကူးသန္း၀န္ႀကီးဌာန ၫႊန္ၾကားေရး မွဴးတစ္ဦးကေျပာၾကားသည္။

‘‘တ႐ုတ္ဘက္က ဆန္အ ဖမ္းအဆီးရွိတဲ့အတြက္ တင္ပို႔တာ ေလ်ာ့သြားတယ္။ လတ္တေလာ မွာ မူဆယ္ဘက္က ဆန္အေရာင္း အ၀ယ္မရွိဘူး’’ ဟု ၎က ေျပာၾကားသည္။

ျပည္ပႏိုင္ငံမ်ားသို႔ ဆန္စပါး အပါအ၀င္ လယ္ယာထြက္ကုန္ တင္ပို႔ျခင္းမွ ကန္ေဒၚလာ ၁ဒသမ ၃ ဘီလီယံေက်ာ္ ရရွိထားၿပီး ျပည္ပႏိုင္ငံမ်ားသို႔ ပို႔ကုန္တင္ပို႔ ျခင္းမွ အေမရိကန္ေဒၚလာ ၅ ဒသမ ၅ ဘီလီယံေက်ာ္ရရွိထား ကာ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ တစ္ ႏွစ္လံုးတြင္ ျပည္ပႏိုင္ငံမ်ားသို႔ လယ္ယာထြက္ကုန္ပစၥည္း ကန္ ေဒၚလာ ၂ ဒသမ ၅ ဘီလီယံဖိုး တင္ပို႔ထားခဲ့သည္။

ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ ဆန္တန္ခ်ိန္ ၁၃ သန္းခန္႔ထြက္ရွိၿပီး ျပည္တြင္း စားသံုးမႈမွာရွစ္သန္းခန္႔ရွိကာ ငါးသန္းခန္႔ ပိုလွ်ံေနေၾကာင္း စီးပြားကူးသန္း ၀န္ႀကီးဌာနမွ ေကာက္ယူထားသည့္ စာရင္းအရသိရသည္။

ယခု ဘ႑ာႏွစ္ေျခာက္လ တာအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကန္ေဒၚလာ ၁၃ ဘီလီယံခန္႔ ကုန္ သြယ္ထားေၾကာင္း ၀န္ႀကီးဌာန စာရင္းမ်ားအရသိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ယခုဘဏ္ဍာနှစ်အစ ဧပြီ မှ စက်တင်ဘာ လကုန်အထိ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ငါးသိန်းကျော်တင်ပို့ထားပြီး ပြီးခဲ့ သည့် ဘဏ္ဍာနှစ်ကာလတူတွင် ပို့ ထားသည့် ပမာဏနှင့်နှိုင်းယှဉ်ပါ က တန်ချိန်တစ်သိန်းကျော်လျော့ နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

ယခုနှစ် ခြောက်လတာ အတွင်း ဆန်တင်ပို့ခြင်းမှ ကန် ဒေါ်လာ ၁၇၇ သန်းရရှိထားပြီး ယခင်နှစ်က ကန်ဒေါ်လာ ၂၄၁ သန်းရရှိသဖြင့် ကန်ဒေါ်လာသန်း ၆၀ ကျော် လျော့နည်းနေကြောင်း  စီးပွားကူးသန်းဝန်ကြီးဌာန ညွှန်ကြားရေး မှူးတစ်ဦးကပြောကြားသည်။

‘‘တရုတ်ဘက်က ဆန်အ ဖမ်းအဆီးရှိတဲ့အတွက် တင်ပို့တာ လျော့သွားတယ်။ လတ်တလော မှာ မူဆယ်ဘက်က ဆန်အရောင်း အဝယ်မရှိဘူး’’ ဟု ၎င်းက ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ ဆန်စပါး အပါအဝင် လယ်ယာထွက်ကုန် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁ဒသမ ၃ ဘီလီယံကျော် ရရှိထားပြီး ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့ ခြင်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ရရှိထား ကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် တစ် နှစ်လုံးတွင် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်ပစ္စည်း ကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖိုး တင်ပို့ထားခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆန်တန်ချိန် ၁၃ သန်းခန့်ထွက်ရှိပြီး ပြည်တွင်း စားသုံးမှုမှာရှစ်သန်းခန့်ရှိကာ ငါးသန်းခန့် ပိုလျှံနေကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ ကောက်ယူထားသည့် စာရင်းအရသိရသည်။

ယခု ဘဏ္ဍာနှစ်ခြောက်လ တာအတွင်း ပြည်ပနိုင်ငံများနှင့် ကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ကုန် သွယ်ထားကြောင်း ဝန်ကြီးဌာန စာရင်းများအရသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top