Property Expo
×

ခ်ယ္လ္ဆီးအသင္း ကုိင္တြယ္ခဲ့စဥ္က အထူးအမွတ္ရဖြယ္မ်ားသည္ ယေန႔ညပြဲ ကုိင္တြယ္မႈကုိ အေႏွာင့္အယွက္ျဖစ္ေစမည္မဟုတ္ဟု မန္ယူနည္းျပ ေမာ္ရင္ ဟုိက ေျပာၾကားသည္။

တနဂၤေႏြေန႔တြင္ အသင္း ေဟာင္း ခ်ယ္လ္ဆီးကို ပထမဆံုး ရင္ဆုိင္ရမည့္ ေမာ္ရင္ဟုိက ခ်ယ္လ္ဆီးမွ ၎ထြက္ခြာလာ ျခင္းသည္ ႏွစ္ဖက္နားလည္မႈ ျဖင့္ ထြက္ခြာလာျခင္းမဟုတ္ဘဲ ထုတ္ပယ္ခဲ့ျခင္းသာျဖစ္သည္ဟု ေျပာသည္။

မိမိအေနျဖင့္ ရင္ဆုိင္ရမည့္ ပြဲအတြက္သာ အာ႐ံုစုိက္ထားၿပီး အျခားေသာ ကိစၥမ်ားကုိ ေခါင္းထဲမရိွဟု ေမာ္ရင္ဟုိက ေျပာသည္။

၂၀၁၅ က ခ်ယ္လ္ဆီးမွ ထုတ္ပယ္ခံရေသာ ေမာ္ရင္ဟုိကုိ မန္ယူ ႏွင့္ ယွဥ္ၿပိဳင္မည့္ ယေန႔ညပြဲတြင္ အျမင့္မားဆံုး ေလးစားမႈျဖင့္ ႀကိဳ ဆုိသင့္သည္ဟု ခ်ယ္လ္ဆီးနည္း ျပ ကြန္တီကေျပာၾကားသည္။

မိမိ ကိုင္တြယ္စဥ္ကာလအတြင္း ခ်ယ္လ္ဆီးသည္ သေရရလဒ္ရရွိေအာင္ လံုး၀ႀကိဳးစားမည္ မဟုတ္ဟု ကြန္တီက ေျပာသည္။

မန္ယူသည္ အမွတ္ေပး ဇယားနံပါတ္ (၇) ေနရာတြင္ ခ်ယ္လ္ဆီးထက္ ႏွစ္မွတ္ေလ်ာ့ နည္းေနသည္။ ထုိအေတာအ တြင္း မန္ယူကြင္းလယ္လူ ေပါ့ဂ္ ဘာက ခ်ယ္လ္ဆီးႏွင့္ ရင္ဆုိင္ရ မည့္ပြဲမတုိင္မီ ခ်ယ္လ္ဆီးသည္ အေကာင္းဆံုးအသင္းမ်ားအနက္ တစ္သင္းျဖစ္သည္ဟု ေျပာၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ချယ်လ်ဆီးအသင်း ကိုင် တွယ်ခဲ့စဉ်က အထူးအမှတ်ရဖွယ်များသည် ယနေ့ညပွဲ ကိုင်တွယ်မှုကို အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ဟု မန်ယူနည်းပြ မော်ရင် ဟိုက ပြောကြားသည်။

တနင်္ဂနွေနေ့တွင် အသင်း ဟောင်း ချယ်လ်ဆီးကို ပထမဆုံး ရင်ဆိုင်ရမည့် မော်ရင်ဟိုက ချယ်လ်ဆီးမှ ၎င်းထွက်ခွာလာ ခြင်းသည် နှစ်ဖက်နားလည်မှု ဖြင့် ထွက်ခွာလာခြင်းမဟုတ်ဘဲ ထုတ်ပယ်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောသည်။

မိမိအနေဖြင့် ရင်ဆိုင်ရမည့် ပွဲအတွက်သာ အာရုံစိုက်ထားပြီး အခြားသော ကိစ္စများကို ခေါင်းထဲမရှိဟု မော်ရင်ဟိုက ပြောသည်။

၂၀၁၅ က ချယ်လ်ဆီးမှ ထုတ်ပယ်ခံရသော မော်ရင်ဟိုကို မန်ယူ နှင့် ယှဉ်ပြိုင်မည့် ယနေ့ညပွဲတွင် အမြင့်မားဆုံး လေးစားမှုဖြင့် ကြို ဆိုသင့်သည်ဟု ချယ်လ်ဆီးနည်း ပြ ကွန်တီကပြောကြားသည်။

မိမိ ကိုင်တွယ်စဉ်ကာလအတွင်း ချယ်လ်ဆီးသည် သရေရလဒ်ရရှိအောင် လုံးဝကြိုးစားမည် မဟုတ်ဟု ကွန်တီက ပြောသည်။

မန်ယူသည် အမှတ်ပေး ဇယားနံပါတ် (၇) နေရာတွင် ချယ်လ်ဆီးထက် နှစ်မှတ်လျော့ နည်းနေသည်။ ထိုအတောအ တွင်း မန်ယူကွင်းလယ်လူ ပေါ့ဂ် ဘာက ချယ်လ်ဆီးနှင့် ရင်ဆိုင်ရ မည့်ပွဲမတိုင်မီ ချယ်လ်ဆီးသည် အကောင်းဆုံးအသင်းများအနက် တစ်သင်းဖြစ်သည်ဟု ပြောကြား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top