Property Expo
×

မႏၱေလးတိုင္းေဒသၾကီး၊ ေက်ာက္ဆည္ျမိဳ႕နယ္၊ ေဘာဂ၀တီရပ္ကြက္၊ ေဇာ္ဂ်ီဆည္ေဘာင္အနီးရိွ အမိႈက္ပုံ တြင္ ၃ရက္သားအရြယ္ ကေလးငယ္ကို လာေရာက္စြန္႔ပစ္ခဲ့သည့္ မိခင္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရိွသည္။
စြန္႔ပစ္ခံရသည့္ကေလးငယ္မွာ ၃ ရက္သားအရြယ္အမ်ိဳးသမီးကေလးငယ္ျဖစ္ျပီး မိခင္ျဖစ္သူက ေအာက္တိုဘာ ၁၈ ရက္ ညေန ၆ နာရီခန္႔တြင္ အမိႈက္ပုံအနီး လာေရာက္စြန္႔ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္ဆည္ရဲစခန္းမွ ဒုရဲအုပ္ ေကာင္းျမတ္သူကေျပာသည္။
“မိခင္အရင္းျဖစ္တဲ့သူက အမိႈက္ပုံမွာ လာပစ္သြားတာပါ။ ေဇာ္ဂ်ီရပ္ကြက္ကလူၾကီးေတြ ကိုယ္တိုင္ ကေလးကိုေတြ႔တယ္။ ရပ္ကြက္ထဲမွာ ကေလးေမြးတဲ့အမ်ိဳးသမီးကို လိုက္စုံစမ္းေတာ့ ကေလးလာပစ္တဲ့ အမ်ိဳးသမီးကိုရွာေတြ႔တယ္။ အမႈဖြင့္ျပီး ကေလးနဲ႔အမ်ိဳးသမီးကိုရဲစခန္းလာပို႔တာပါ”ဟု ၄င္းရဲအရာရိွကေျပာသည္။

ကေလးလာေရာက္စြန္႔ပစ္ခဲ့သည့္အမ်ိဳးသမီးမွာ အသက္ ၃၅ ႏွစ္အရြယ္ရိွ ေက်ာက္ဆည္ၿမိဳ႕လက္ပံ ေက်းရြာေနသူ ျဖစ္ျပီးကေလးငယ္ကို လာေရာက္စြန္႔ပစ္ျပီး နာရီပိုင္းအတြင္း ရပ္ကြက္အတြင္းေနထိုင္သူမ်ားမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
ကေလးငယ္ကို လာေရာက္စြန္႔ပစ္ခဲ့သည့္ မိခင္ျဖစ္သူကို ေက်ာက္ဆည္ရဲစခန္းမွ ရာဇသတ္ၾကီးပုဒ္မ ၃၁၈ ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ ဇော်ဂျီဆည်ဘောင်အနီးရှိ အမှိုက်ပုံ တွင် ၃ရက်သားအရွယ် ကလေးငယ်ကို လာရောက်စွန့်ပစ်ခဲ့သည့် မိခင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
စွန့်ပစ်ခံရသည့်ကလေးငယ်မှာ ၃ ရက်သားအရွယ်အမျိုးသမီးကလေးငယ်ဖြစ်ပြီး မိခင်ဖြစ်သူက အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီခန့်တွင် အမှိုက်ပုံအနီး လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ရဲစခန်းမှ ဒုရဲအုပ် ကောင်းမြတ်သူကပြောသည်။
“မိခင်အရင်းဖြစ်တဲ့သူက အမှိုက်ပုံမှာ လာပစ်သွားတာပါ။ ဇော်ဂျီရပ်ကွက်ကလူကြီးတွေ ကိုယ်တိုင် ကလေးကိုတွေ့တယ်။ ရပ်ကွက်ထဲမှာ ကလေးမွေးတဲ့အမျိုးသမီးကို လိုက်စုံစမ်းတော့ ကလေးလာပစ်တဲ့ အမျိုးသမီးကိုရှာတွေ့တယ်။ အမှုဖွင့်ပြီး ကလေးနဲ့အမျိုးသမီးကိုရဲစခန်းလာပို့တာပါ”ဟု ၎င်းရဲအရာရှိကပြောသည်။

ကလေးလာရောက်စွန့်ပစ်ခဲ့သည့်အမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ်ရှိ ကျောက်ဆည်မြို့လက်ပံ ကျေးရွာနေသူ ဖြစ်ပြီးကလေးငယ်ကို လာရောက်စွန့်ပစ်ပြီး နာရီပိုင်းအတွင်း ရပ်ကွက်အတွင်းနေထိုင်သူများမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကလေးငယ်ကို လာရောက်စွန့်ပစ်ခဲ့သည့် မိခင်ဖြစ်သူကို ကျောက်ဆည်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top