Shwe Zabu River View Condominium Promotion
×

ဂျိမ်းစ်ဘွန်းအဖြစ်သာ သရုပ်မဆောင်ရရင် အရမ်းကို လွမ်းနေတော့မှာပဲလို့ ပြောကြားရင်း ဒန်နီရယ်လ်ခရေ့ခ်ျဟာ ဗြိတိသျှစပိုင် ဂျိမ်းစ်ဘွန်းအဖြစ် ဆက်လက်သရုပ်ဆောင်မယ်လို့ ပြောခဲ့တယ်လို့ ယူဆရပါတယ်။

ဂျိမ်းစ်ဘွန်းရဲ့ နောက်ဆုံးထွက်ဇာတ်ကား Sepctre ဇာတ်ကားကို ကြော်ငြာခဲ့စဉ်တုန်းက Time Out မဂ္ဂဇင်းကို ဂျိမ်းစ်ဘွန်းအဖြစ် ဆက်ပြီး သရုပ်ဆောင်မယ့်အစား ဒီဖန်ခွက်ကိုသာ ခွဲပြီး လက်ကောက်ဝစ်တွေသာ လှီးလိုက်မယ်လို့ ပြောခဲ့တဲ့ ဒန်နီရယ်ဟာ အခုတော့ စိတ်ကူးပြောင်းသွားပုံပါပဲ။

ဒန်နီရယ်ခရေ့ဂ်ျဟာ သူ ပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီးတော့လည်း အောက်တိုဘာလ ၇ ရက်က The New York Festival မှာ ပရိသတ်တွေကို ရှင်းပြခဲ့ပါသေးတယ်။

"ဘာလို့လဲဆိုတော့ မာရသွန်ပြီးလို့ ခြေလှမ်း ၂၀ ပဲလှမ်းရသေးတဲ့အချိန်မှာ နောက်ထပ် မာရသွန်ထပ်ပြိုင်ဦးမှာလားလို့မေးရင် ဘယ်သူမဆို မပြိုင်ဘူးလို့ ပြောမှာပဲ"လို့ ဒန်ရီရယ်က ဆိုခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်တော် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားမှာ လုပ်ခဲ့တဲ့အရာတွေနဲ့ အဲဒီအလုပ်အမျိုးအစားက ဘာနဲ့မှ မတူပါဘူး။ တကယ်လို့ ကျွန်တော် ဆက်မလုပ်ဖြစ်တော့ဘူးဆိုရင် အရမ်းကို လွမ်းနေမိမှာ" လို့ သူက ထပ်ပြီး ပြောခဲ့ပါတယ်။

ဒီဇာတ်ရုပ်ဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရင်ဖိုစရာအကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သူက ဝန်ခံခဲ့ပါတယ်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top