Kantharyar Centre
×

ဒီေန ့ လက္ဘက္ရည္ဆိုင္ထိုင္ေတာ့ မ်က္လံုး ထဲ ခေရာ ့စ္ ျဖစ္တာေတြ ေတြ ့လိုက္ရပါတယ္…
ဆိုင္ထဲ ကို ကိုရင္ ငယ္ တစ္ပါး (အသက္ ၆ ႏွစ္ခန္ ့ ) ဆြမ္းခံၾကြ ပါတယ္… တစ္ခ်ိဳ ့ ၀ိုင္းေတြ က ေငြ အေၾကြ လွဴၾကပါတယ္.. တစ္ခ်ိဳ ့ က မသိခ်င္ေယာင္ေဆာင္ၾကပါ တယ္.. တစ္ခ်ိဳ ့ ၀ိုင္း က လက္ကာ ျပ ပါတယ္… ကိုရင္ ကေတာ့ ေခါက္ရိုး က်ိဳး ေနလို ့လား မသိ ဘာမွ ေထြေထြ ထူးထူး ခံစား ရတဲ ့ပံု မေပၚပါဘူး ……. ကိုရင္ေတာ္ေတာ္မ်ားမ်ား လည္း ဒီလို မ်ိဳး ၾကံဳဖူးမယ္လို ့ ယူဆပါတယ္…

တကယ္ေတာ့ ကိုယ္ထက္ ဘုန္ကံၾကီး တဲ ့ သူ ကို ရိုေသကန္ ေတာ့ရတာခ်စ္စရာေကာင္းလွတဲ ့ ျမန္မာဓေလ့ပါ ..(ယိုးဒယားလို ေတြ ့ကရာ လက္အုပ္ခ်ီတာ မ်ိဳးမဟုတ္ ).. အခုေခတ္လူငယ္ေတြမွာ ဒီလို ဓေလ့ေတြ ေခတ္မစားေတာ့ဘူးလား လို ့ စိတ္မေကာင္းျဖစ္မိပါတယ္..

(( ဘုန္းကံဆိုတာ အသက္ၾကီးတာ ငယ္တာ ၊ အာဏာရွိတာ မရွိတာ၊ ထင္ေပၚေက်ာ္ၾကားတာ မေက်ာ္ၾကား တာ နဲ ့ တိုင္းတာ လို ့မရပါဘူး … သူ သီလ ၊သမာဓိ၊ပညာ ဘယ္ေလာက္ျပည့္စံုလဲ ဆိုတာ နဲ ့ တိုင္းတာ ပါတယ္… (ပညာဆိုတာ ေခတ္ပညာမဟုတ္.. အရာရာ ကို ထိုးထြင္းသိျမင္ေသာ ဥာဏ္ )ဒီေတာ့ က်ေတာ္တို ့လို ငါးပါးသီလ ေစာင့္ရတဲ ့သာမန္ လူသား နဲ ့ ၁၀ ပါးသီလ ေစာင့္ျပီး သိကၡာပုဒ္ ၁၀၉ ပါး ကို ေစာင့္စည္းရတဲ ့ကိုရင္ငယ္ ႏိႈင္းယွဥ္လိုက္ရင္ မိုးနဲ ့ေျမေလာက္ ကို ကြာ ပါ တယ္…. ))
က်ေတာ္တို ့လို လူေတြ အေနနဲ ့ အမ်ားဆံုးလုပ္ႏိုင္တာ ၈ ပါးသီလ ဥပုပ္ နဲ ့ ေမတၱာပြားလို သူေတြ အတြက္ ၉ ပါးသီလ ေစာင့္တာ ..ဒါအလြန္ဆံုးပါပဲ….

ဒါနဲ ့ ပတ္သက္ျပီး က်ေတာ္ ကိုယ္တိုင္ၾကံဳ ခဲ ့ရတဲ ့ကုိရင္ ငယ္ တစ္ပါး ကို လူေတြ သူဖုန္းစားလို သနားေနၾကတဲ ့ အျဖစ္တစ္ခု ေျပာခ်င္လာပါတယ္….ဒါကို မေျပာခင္ ဗလီေရွ ့မွာ ေတာင္းရမ္းစားေသာက္ေနတဲ ့ အစၥလမ္ ကေလးငယ္ အေၾကာင္း ကို အရင္ ေျပာပါမယ္… ႏိႈင္ယွဥ္ျပခ်င္လို ့ပါ

ည 8နာရီခြဲ ကိုးနာရီ ၀န္က်င္ေလာက္..သမိုင္းလမ္းဆံု City Mark ေရွ ့မွာဗလီအုပ္ထုတ္ေဆာင္းထားေသာ (၇)ႏွစ္ ၀န္က်င္ခန္ ့ ကေလးတစ္ေယာက္ နဲ ့ သူ ့ေပါင္ေပၚ ေခါင္းတင္ျပီး အိပ္ေနတဲ ့ ၃ ႏွစ္ အရြယ္ ခန္ ့ ကေလးတစ္ေယာက္ ေတာင္းရမ္း ေနတာ ကို ေတြ ့လိုက္ရပါတယ္… အဲ့ဒီကေလး ကိုင္ထားတဲ ့ ေငြေတြမွာ တစ္ေထာင္တန္ေတြေရာ ငါးရာတန္ေတြ ေရာေတာ္ေတာ္မ်ားမ်ား အထပ္လိုက္ ကိုင္ထားတာကိုလည္း သတိထားမိပါတယ္.. ( ၅ေထာင္ ၀န္က်င္ေလာက္ရွိမလား ပဲ )ဒါနဲ ့ က်ေတာ္လည္း အျမင္မေတာ္ တာ နဲ ့.. ကေလးငယ္ဆီကို ေငြ ၂၀၀ ေပးျပီး ပိုက္ဆံေတြ သိမ္းထားဖို ့သတိေပးလိုက္ပါတယ္.. ကေလးငယ္ကလည္း ေဖာ္ေရြစြာပဲ သူ ဗလီမွာေနတဲ ့ အေၾကာင္း ယခုပဲ သိမ္းပါ့မယ္ဆိုတဲ ့အေၾကာင္း ေျပာျပီး သူ ေနတဲ ့ဗလီ ကို လက္ညိဳးထိုးျပပါတယ္… က်ေတာ္လည္း စိတ္မခ် တစ္ခ် နဲ ့ ထြက္လာလိုက္ပါတယ္ … မလွမ္းမကမ္းေရာက္ေတာ့မွ ကေလးစကားနားေထာင္ရဲ ့လား လို ့ လွည့္အၾကည့္မွာေတာ့……

ကေလးငယ္ကို ပ၀ါအမဲေရာင္ တစ္ကိုယ္လံုးျခံဳ ထားတဲ ့ (ဘိုခါ ေခၚမလား ) အမ်ိဳးသမီး တစ္ဦး က ေစာင့္ေၾကာင့္ထိုင္ျပီး ကေလးကို ပိုက္ဆံေပးေနတဲ ့ ျမင္ကြင္း ကို ေတြ ့လိုက္ရပါတယ္… စကားေတြလည္း ေျပာေနပံုပါပဲ … ဒီျမင္ကြင္းေၾကာင့္ က်ေတာ္ စိတ္ထဲ ဘာေၾကာင့္မွန္းမသိ ပီတိ ျဖစ္သြားမိပါရဲ ့… ေျပာခ်င္တာက အစၥလမ္ ဘာသာ၀င္ေတြ ဟာ ဗုဒၶဘာသာႏိုင္ငံမွာ အေျခခ် ေနထိုင္ေပမဲ ့ သူတို ့ရဲ ့ ဘာသာ၀င္အခ်င္းခ်င္း ကို ရိုင္းပင္းကူညီမႈ ဟာ က်ေတာ္တို ့ထက္သာပါတယ္… ဟုတ္တယ္.. က်ေတာ္တို ့ထက္သာတယ္… ဘာေၾကာင့္ ဒီစကားေျပာသလဲ ဆိုရင္ …..

လြန္ခဲ ့ တဲ ့ သံုးႏွစ္ခန္ ့က မဟာဗႏၶဳလ ပန္းျခံ အျပင္ဘက္မွာ ၾကံဳခဲ ့ရတဲ ့ အျဖစ္တစ္ခု ကို သတိရသြားေစလို ့ပါပဲ…
ကိုရင္ငယ္တစ္ပါးဟာ ပန္းျခံ နံရံ ကို မွီျပီး ငုတ္တုတ္ထိုင္ေနပါတယ္… သူ ့ေဘးမွာ ျခင္ေတြ ျဖဳတ္ေတြ ကလည္း ၀ိုင္းေနပံု က စိတ္မသက္သာစရာပါပဲ… ကိုရင္ငယ္ ခင္မ် ငိုထားပံုလည္းရပါတယ္… လက္ထဲမွာ လည္း (မွတ္မွတ္ရရ) တစ္ရာတန္ တစ္ရြက္ နဲ ့ ႏွစ္ရာတန္ သံုးရြက္ က်စ္က်စ္ပါေအာင္ ဆုတ္ကိုင္ထားျပီး ဟိုလူ ကို ေမာ့ၾကည့္လိုက္ ဒီလူ ကို ေမာ ့ၾကည့္ လိုက္ နဲ ့ ပါ… က်ေတာ္ ကလည္း မေနႏိုင္တာ နဲ ့ ကိုရင္ ကိုေမး ေလွ်ာက္မိေတာ့မွ….

ကိုရင္ဟာ သူ ဘဘုန္းၾကီး နဲ ့ လမ္းကြဲ သြားျပီး လမ္းေပ်ာက္ေနေၾကာင္း ေျပာပါတယ္..အစက ရွမ္းလို ေျပာတာ ပါ … က်ေတာ္လည္း သိပ္နားမလည္တာ နဲ ့သူ ဗမာလို ၾကိဳးစားျပီး ေျပာတာပါ..သူလက္ထဲမွာ ကိုင္ထားတဲ ့ ပိုက္ဆံေတြ ကလည္း လမ္းသြားလမ္းလာေတြ က ေပး တယ္ ဆိုတဲ ့အေၾကာင္းသိရပါတယ္… (စိတ္မေကာင္းစရာက သူ ဒီပိုက္ဆံေတြ ကိုင္ထားေပမဲ ့ .. ဒါဘယ္ေလာက္လဲ ဘာတန္လဲ ဆိုတာ ကို မသိတာပါပဲ)..
သူ က်ေတာ္ ့ကို ရင္းႏွီးသြားလို ့လား မသိ …. ရိႈက္ၾကီးတငင္ ငို ကာ သူ ့ကို ျပန္ပို ့ေပးဖို ့ေျပာျပီး သူ ့လက္ထဲက ပိုက္ဆံ ကိုလည္း က်ေတာ္ ကိုအတင္း ေပးပါတယ္… သူ ့ ကို ဒီပိုက္ဆံ နဲ ့လိုက္ပို ့ေပးလို ့ရရင္ ပို ့ေပး ပါဆိုတဲ ့သေဘာပါ …

က်ေတာ္ မ်က္ရည္၀ဲရတဲ ့ အထိ စိတ္မေကာင္းျဖစ္ရတယ္… ေဒါသလည္း ျဖစ္ရပါတယ္… ဒီေလာက္ လူေတြ သြားလာေနတဲ ့လမ္းမွာ ကိုရင္ ငယ္တစ္ပါး အကူအညီလို တာ ကို မသိေလေရာ့သလား … ပို အံ့ၾသဖို ့ေကာင္းတာက ကိုရင္ကို သနားလို ့ဆိုျပီး ေငြ ကို သူဖုန္းစားေပးသလို ျဖစ္ကတက္ဆန္း ေပးသြားတဲ ့သူေတြ ကလည္း ရွိေနေသးပါ့လား လို ့ ေဒါသ ျဖစ္မိတယ္.. ဟူးးးးးးးး … ဒါနဲ ့က်ေတာ္လည္း သူ ့ ေက်ာင္းရွိတဲ ့ကမၻာေအး ကိုျပန္ေရာက္ေအာင္ စီစဥ္ေပးျဖစ္ျပီး ရိုေသစြာ ကန္ေတာ့လိုက္ပါတယ္…(ရံုးေနာက္က်ေတာ့ သေဌးဆဲတာ ခံလိုက္ရတာ… တန္ပါတယ္.. )

ေျပာခ်င္တာ က ကိုရင္ေတြ ကို ျဖစ္ကတက္ဆန္း မဆက္ဆံပါနဲ ့… ေငြလွဴမယ္ဆိုရင္လည္း သနားလို ့ဆိုတာ ထက္ ၾကည္ညိဳ လို ့လွဴတာ မ်ိဳး ပဲ ျဖစ္သင့္ပါတယ္… အနည္းဆံုးေတာ့ လက္အုပ္ေလးေတာ့ ခ်ီသင့္ပါတယ္…
ကိုရင္ဆိုတာ ေတာင္းရမ္းစားေသာက္သူ မဟုတ္ပါဘူး…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:shwemyotaw

#Unicode Version

ဒီနေ့ လက်ဘက်ရည်ဆိုင်ထိုင်တော့ မျက်လုံး ထဲ ခရော့စ် ဖြစ်တာတွေ တွေ့လိုက်ရပါတယ်…
ဆိုင်ထဲ ကို ကိုရင် ငယ် တစ်ပါး (အသက် ၆ နှစ်ခန့် ) ဆွမ်းခံကြွ ပါတယ်… တစ်ချို့ ဝိုင်းတွေ က ငွေ အကြွေ လှူကြပါတယ်.. တစ်ချို့ က မသိချင်ယောင်ဆောင်ကြပါ တယ်.. တစ်ချို့ ဝိုင်း က လက်ကာ ပြ ပါတယ်… ကိုရင် ကတော့ ခေါက်ရိုး ကျိုး နေလို့လား မသိ ဘာမှ ထွေထွေ ထူးထူး ခံစား ရတဲ့ပုံ မပေါ်ပါဘူး ……. ကိုရင်တော်တော်များများ လည်း ဒီလို မျိုး ကြုံဖူးမယ်လို့ ယူဆပါတယ်…

တကယ်တော့ ကိုယ်ထက် ဘုန်ကံကြီး တဲ့ သူ ကို ရိုသေကန် တော့ရတာချစ်စရာကောင်းလှတဲ့ မြန်မာဓလေ့ပါ ..(ယိုးဒယားလို တွေ့ကရာ လက်အုပ်ချီတာ မျိုးမဟုတ် ).. အခုခေတ်လူငယ်တွေမှာ ဒီလို ဓလေ့တွေ ခေတ်မစားတော့ဘူးလား လို့ စိတ်မကောင်းဖြစ်မိပါတယ်..

(( ဘုန်းကံဆိုတာ အသက်ကြီးတာ ငယ်တာ ၊ အာဏာရှိတာ မရှိတာ၊ ထင်ပေါ်ကျော်ကြားတာ မကျော်ကြား တာ နဲ့ တိုင်းတာ လို့မရပါဘူး … သူ သီလ ၊သမာဓိ၊ပညာ ဘယ်လောက်ပြည့်စုံလဲ ဆိုတာ နဲ့ တိုင်းတာ ပါတယ်… (ပညာဆိုတာ ခေတ်ပညာမဟုတ်.. အရာရာ ကို ထိုးထွင်းသိမြင်သော ဉာဏ် )ဒီတော့ ကျတော်တို့လို ငါးပါးသီလ စောင့်ရတဲ့သာမန် လူသား နဲ့ ၁၀ ပါးသီလ စောင့်ပြီး သိက္ခာပုဒ် ၁၀၉ ပါး ကို စောင့်စည်းရတဲ့ကိုရင်ငယ် နှိုင်းယှဉ်လိုက်ရင် မိုးနဲ့မြေလောက် ကို ကွာ ပါ တယ်…. ))
ကျတော်တို့လို လူတွေ အနေနဲ့ အများဆုံးလုပ်နိုင်တာ ၈ ပါးသီလ ဥပုပ် နဲ့ မေတ္တာပွားလို သူတွေ အတွက် ၉ ပါးသီလ စောင့်တာ ..ဒါအလွန်ဆုံးပါပဲ….

ဒါနဲ့ ပတ်သက်ပြီး ကျတော် ကိုယ်တိုင်ကြုံ ခဲ့ရတဲ့ကိုရင် ငယ် တစ်ပါး ကို လူတွေ သူဖုန်းစားလို သနားနေကြတဲ့ အဖြစ်တစ်ခု ပြောချင်လာပါတယ်….ဒါကို မပြောခင် ဗလီရှေ့မှာ တောင်းရမ်းစားသောက်နေတဲ့ အစ္စလမ် ကလေးငယ် အကြောင်း ကို အရင် ပြောပါမယ်… နှိုင်ယှဉ်ပြချင်လို့ပါ

ည 8နာရီခွဲ ကိုးနာရီ ဝန်ကျင်လောက်..သမိုင်းလမ်းဆုံ City Mark ရှေ့မှာဗလီအုပ်ထုတ်ဆောင်းထားသော (၇)နှစ် ဝန်ကျင်ခန့် ကလေးတစ်ယောက် နဲ့ သူ့ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်နေတဲ့ ၃ နှစ် အရွယ် ခန့် ကလေးတစ်ယောက် တောင်းရမ်း နေတာ ကို တွေ့လိုက်ရပါတယ်… အဲ့ဒီကလေး ကိုင်ထားတဲ့ ငွေတွေမှာ တစ်ထောင်တန်တွေရော ငါးရာတန်တွေ ရောတော်တော်များများ အထပ်လိုက် ကိုင်ထားတာကိုလည်း သတိထားမိပါတယ်.. ( ၅ထောင် ဝန်ကျင်လောက်ရှိမလား ပဲ )ဒါနဲ့ ကျတော်လည်း အမြင်မတော် တာ နဲ့.. ကလေးငယ်ဆီကို ငွေ ၂၀၀ ပေးပြီး ပိုက်ဆံတွေ သိမ်းထားဖို့သတိပေးလိုက်ပါတယ်.. ကလေးငယ်ကလည်း ဖော်ရွေစွာပဲ သူ ဗလီမှာနေတဲ့ အကြောင်း ယခုပဲ သိမ်းပါ့မယ်ဆိုတဲ့အကြောင်း ပြောပြီး သူ နေတဲ့ဗလီ ကို လက်ညိုးထိုးပြပါတယ်… ကျတော်လည်း စိတ်မချ တစ်ချ နဲ့ ထွက်လာလိုက်ပါတယ် … မလှမ်းမကမ်းရောက်တော့မှ ကလေးစကားနားထောင်ရဲ့လား လို့ လှည့်အကြည့်မှာတော့……

ကလေးငယ်ကို ပဝါအမဲရောင် တစ်ကိုယ်လုံးခြုံ ထားတဲ့ (ဘိုခါ ခေါ်မလား ) အမျိုးသမီး တစ်ဦး က စောင့်ကြောင့်ထိုင်ပြီး ကလေးကို ပိုက်ဆံပေးနေတဲ့ မြင်ကွင်း ကို တွေ့လိုက်ရပါတယ်… စကားတွေလည်း ပြောနေပုံပါပဲ … ဒီမြင်ကွင်းကြောင့် ကျတော် စိတ်ထဲ ဘာကြောင့်မှန်းမသိ ပီတိ ဖြစ်သွားမိပါရဲ့… ပြောချင်တာက အစ္စလမ် ဘာသာဝင်တွေ ဟာ ဗုဒ္ဓဘာသာနိုင်ငံမှာ အခြေချ နေထိုင်ပေမဲ့ သူတို့ရဲ့ ဘာသာဝင်အချင်းချင်း ကို ရိုင်းပင်းကူညီမှု ဟာ ကျတော်တို့ထက်သာပါတယ်… ဟုတ်တယ်.. ကျတော်တို့ထက်သာတယ်… ဘာကြောင့် ဒီစကားပြောသလဲ ဆိုရင် …..

လွန်ခဲ့ တဲ့ သုံးနှစ်ခန့်က မဟာဗန္ဓုလ ပန်းခြံ အပြင်ဘက်မှာ ကြုံခဲ့ရတဲ့ အဖြစ်တစ်ခု ကို သတိရသွားစေလို့ပါပဲ…
ကိုရင်ငယ်တစ်ပါးဟာ ပန်းခြံ နံရံ ကို မှီပြီး ငုတ်တုတ်ထိုင်နေပါတယ်… သူ့ဘေးမှာ ခြင်တွေ ဖြုတ်တွေ ကလည်း ဝိုင်းနေပုံ က စိတ်မသက်သာစရာပါပဲ… ကိုရင်ငယ် ခင်မျ ငိုထားပုံလည်းရပါတယ်… လက်ထဲမှာ လည်း (မှတ်မှတ်ရရ) တစ်ရာတန် တစ်ရွက် နဲ့ နှစ်ရာတန် သုံးရွက် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး ဟိုလူ ကို မော့ကြည့်လိုက် ဒီလူ ကို မော့ကြည့် လိုက် နဲ့ ပါ… ကျတော် ကလည်း မနေနိုင်တာ နဲ့ ကိုရင် ကိုမေး လျှောက်မိတော့မှ….

ကိုရင်ဟာ သူ ဘဘုန်းကြီး နဲ့ လမ်းကွဲ သွားပြီး လမ်းပျောက်နေကြောင်း ပြောပါတယ်..အစက ရှမ်းလို ပြောတာ ပါ … ကျတော်လည်း သိပ်နားမလည်တာ နဲ့သူ ဗမာလို ကြိုးစားပြီး ပြောတာပါ..သူလက်ထဲမှာ ကိုင်ထားတဲ့ ပိုက်ဆံတွေ ကလည်း လမ်းသွားလမ်းလာတွေ က ပေး တယ် ဆိုတဲ့အကြောင်းသိရပါတယ်… (စိတ်မကောင်းစရာက သူ ဒီပိုက်ဆံတွေ ကိုင်ထားပေမဲ့ .. ဒါဘယ်လောက်လဲ ဘာတန်လဲ ဆိုတာ ကို မသိတာပါပဲ)..
သူ ကျတော့်ကို ရင်းနှီးသွားလို့လား မသိ …. ရှိုက်ကြီးတငင် ငို ကာ သူ့ကို ပြန်ပို့ပေးဖို့ပြောပြီး သူ့လက်ထဲက ပိုက်ဆံ ကိုလည်း ကျတော် ကိုအတင်း ပေးပါတယ်… သူ့ ကို ဒီပိုက်ဆံ နဲ့လိုက်ပို့ပေးလို့ရရင် ပို့ပေး ပါဆိုတဲ့သဘောပါ …

ကျတော် မျက်ရည်ဝဲရတဲ့ အထိ စိတ်မကောင်းဖြစ်ရတယ်… ဒေါသလည်း ဖြစ်ရပါတယ်… ဒီလောက် လူတွေ သွားလာနေတဲ့လမ်းမှာ ကိုရင် ငယ်တစ်ပါး အကူအညီလို တာ ကို မသိလေရော့သလား … ပို အံ့သြဖို့ကောင်းတာက ကိုရင်ကို သနားလို့ဆိုပြီး ငွေ ကို သူဖုန်းစားပေးသလို ဖြစ်ကတက်ဆန်း ပေးသွားတဲ့သူတွေ ကလည်း ရှိနေသေးပါ့လား လို့ ဒေါသ ဖြစ်မိတယ်.. ဟူးးးးးးးး … ဒါနဲ့ကျတော်လည်း သူ့ ကျောင်းရှိတဲ့ကမ္ဘာအေး ကိုပြန်ရောက်အောင် စီစဉ်ပေးဖြစ်ပြီး ရိုသေစွာ ကန်တော့လိုက်ပါတယ်…(ရုံးနောက်ကျတော့ သဌေးဆဲတာ ခံလိုက်ရတာ… တန်ပါတယ်.. )

ပြောချင်တာ က ကိုရင်တွေ ကို ဖြစ်ကတက်ဆန်း မဆက်ဆံပါနဲ့… ငွေလှူမယ်ဆိုရင်လည်း သနားလို့ဆိုတာ ထက် ကြည်ညို လို့လှူတာ မျိုး ပဲ ဖြစ်သင့်ပါတယ်… အနည်းဆုံးတော့ လက်အုပ်လေးတော့ ချီသင့်ပါတယ်…
ကိုရင်ဆိုတာ တောင်းရမ်းစားသောက်သူ မဟုတ်ပါဘူး…။

ဖိုးသူတော် (www.phothutaw.com)
Credit:shwemyotaw
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top