Property Expo
×

ေနာ္ေဝႏုိင္ငံေျမာက္ပိုင္းက ေဘာလံုးနည္းျပတစ္ဦးဟာ အနာဂတ္မွာ ေအာင္ျမင္တဲ့ေဘာလံုးအသင္းတစ္သင္းကို တည္ေဆာက္ဖို႔အတြက္ ထူးဆန္းတဲ့အႀကံဉာဏ္တစ္ခုကို ေၾကညာလုိက္ပါတယ္။

ေအာ္လီဗီဒါလို႔ အမည္ရတဲ့ အဆိုပါနည္းျပဟာ ေနာ္ထရန္ဒါအသင္းရဲ႕ ေဘာလံုးနည္းျပျဖစ္ပါတယ္။ သူဟာ ေဘာလံုးနည္းျပအျဖစ္ ႏွစ္ေပါင္း ၃၀ ေလာက္ၾကာေအာင္ အလုပ္လုပ္ကိုင္ခဲ့ၿပီးေနာက္ ကစားသမားေပါင္းတစ္ေထာင္ေက်ာ္ကို ေလ့က်င့္သင္ၾကားခဲ့ၿပီးၿပီလို႔လည္းဆိုပါတယ္။ ဒါေပမဲ့ ေဘာလံုးသမားအမ်ားစုဟာ ေျခစြမ္းဆိုး႐ြားၿပီး ကမၻာ့ေဘာလံုးေလာကမွာ ေအာင္ျမင္သူေတြျဖစ္မလာခဲ့ဘူးလို႔ နည္းျပေအာ္လီက ညည္းတြားပါတယ္။

အဲဒီအတြက္ အနာဂတ္မွာေအာင္ျမင္တဲ့ေဘာလံုးအသင္းကို တည္ေထာင္ဖုိ႔ ကမၻာေက်ာ္ေဘာလံုးသမားေတြထံက သုတ္ပိုးအလွဴခံမယ့္ အစီအစဥ္ကိုသူေတြးမိခဲ့တာပါ။ မန္ယူအသင္း တိုက္စစ္မွဴး ဇေလတန္အီဗရာဟီမိုဗစ္ခ်္နဲ႔ ေရာ္နယ္ဒိုတို႔လုိ ကစားသမားေတြဆီက သုတ္ပိုးအလွဴခံလိုတယ္လို႔ သူကိုယ္တုိင္႐ုိက္ကူးထားတဲ့ ဗီဒီယုိကို လူမႈကြန္ရက္ကေန ျဖန္႔ေဝခဲ့တာပါ။

ေရာ္နယ္ဒို၊ အီဗရာဟီမိုဗစ္ခ်္ တို႔လိုကစားသမားေတြဆီက သုတ္ပိုးအလွဴခံလို႔ ရခဲ့မယ္ဆိုရင္ လက္ရွိ ေနာထရန္ဒါအသင္း ကစားသမားေတြရဲ႕ ခ်စ္သူ၊ ဇနီးေတြကို အငွားကိုယ္ဝန္ေဆာင္ဖို႔ နားခ်မယ္လို႔ နည္းျပ ေအာ္လီက ေျပာပါတယ္။ အဲဒီအတြက္ အဆိုပါေဘာလံုးသမားေတြသိေအာင္ ဗီဒီယုိဖိုင္ကို ကူညီမွ်ေဝေပးဖို႔ တိုက္တြန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

နော်ဝေနိုင်ငံမြောက်ပိုင်းက ဘောလုံးနည်းပြတစ်ဦးဟာ အနာဂတ်မှာ အောင်မြင်တဲ့ဘောလုံးအသင်းတစ်သင်းကို တည်ဆောက်ဖို့အတွက် ထူးဆန်းတဲ့အကြံဉာဏ်တစ်ခုကို ကြေညာလိုက်ပါတယ်။

အော်လီဗီဒါလို့ အမည်ရတဲ့ အဆိုပါနည်းပြဟာ နော်ထရန်ဒါအသင်းရဲ့ ဘောလုံးနည်းပြဖြစ်ပါတယ်။ သူဟာ ဘောလုံးနည်းပြအဖြစ် နှစ်ပေါင်း ၃၀ လောက်ကြာအောင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ကစားသမားပေါင်းတစ်ထောင်ကျော်ကို လေ့ကျင့်သင်ကြားခဲ့ပြီးပြီလို့လည်းဆိုပါတယ်။ ဒါပေမဲ့ ဘောလုံးသမားအများစုဟာ ခြေစွမ်းဆိုးရွားပြီး ကမ္ဘာ့ဘောလုံးလောကမှာ အောင်မြင်သူတွေဖြစ်မလာခဲ့ဘူးလို့ နည်းပြအော်လီက ညည်းတွားပါတယ်။

အဲဒီအတွက် အနာဂတ်မှာအောင်မြင်တဲ့ဘောလုံးအသင်းကို တည်ထောင်ဖို့ ကမ္ဘာကျော်ဘောလုံးသမားတွေထံက သုတ်ပိုးအလှူခံမယ့် အစီအစဉ်ကိုသူတွေးမိခဲ့တာပါ။ မန်ယူအသင်း တိုက်စစ်မှူး ဇလေတန်အီဗရာဟီမိုဗစ်ချ်နဲ့ ရော်နယ်ဒိုတို့လို ကစားသမားတွေဆီက သုတ်ပိုးအလှူခံလိုတယ်လို့ သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုကို လူမှုကွန်ရက်ကနေ ဖြန့်ဝေခဲ့တာပါ။

ရော်နယ်ဒို၊ အီဗရာဟီမိုဗစ်ချ် တို့လိုကစားသမားတွေဆီက သုတ်ပိုးအလှူခံလို့ ရခဲ့မယ်ဆိုရင် လက်ရှိ နောထရန်ဒါအသင်း ကစားသမားတွေရဲ့ ချစ်သူ၊ ဇနီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့ နားချမယ်လို့ နည်းပြ အော်လီက ပြောပါတယ်။ အဲဒီအတွက် အဆိုပါဘောလုံးသမားတွေသိအောင် ဗီဒီယိုဖိုင်ကို ကူညီမျှဝေပေးဖို့ တိုက်တွန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top