Shwe Zabu River View Condominium Promotion
×

 ကင္ဆာေ၀ဒနာရွင္မ်ား၏ က်န္ရွိေနေသာ ေနာက္ဆံုးအခ်ိန္တိုအတြင္း သက္ေသာင့္သက္သာႏွင့္ ဂုဏ္သိကၡာရွိရွိ ဘ၀နိဂံုးခ်ဳပ္ႏိုင္ရန္ လိုအပ္ေသာ ျပဳစုေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားကို အစိုးရႏွင့္ ပုဂၢလိကပိုင္းက ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း သတင္းရရွိသည္။

ကင္ဆာေရာဂါေ၀ဒနာႀကီးမားစြာခံစားေနရေသာ လူနာႏွင့္ လူနာကိုျပဳစုေစာင့္ေရွာက္သူ မိသားစု၀င္မ်ားအတြက္ စိတ္ပိုင္းႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာမ်ား ေျဖရွင္းေပးျခင္း၊ စိတ္ဓာတ္ခြန္ အား ျမႇင့္တင္ေပးျခင္း၊ ေရာဂါျပင္းထန္နာက်င္မႈအတြက္ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) ၏ ၫႊန္ၾကားခ်က္ႏွင့္အညီ ကုသေပးျခင္းစသည့္ ဘက္စံုေထာက္ကူျပဳ ကုသ၀န္ေဆာင္မႈ (Palliative Care Service) မ်ား ေပးေနသည္ဟု သိရသည္။

‘‘ကင္ဆာေ၀ဒနာရွင္ေတြဟာ နာက်င္မႈခံစားရတာ ဘ၀ေနာက္ဆံုးအခ်ိန္ထိ ပါသြားႏိုင္တယ္။ ႐ုပ္ပိုင္းဆိုင္ရာနာက်င္မႈေတြ၊ ေမာပန္းတာ၊ မအီမသာျဖစ္တာ အစာမစားႏိုင္တာေတြရွိမယ္။ စိတ္ပိုင္းဆိုင္ရာအရ အားငယ္တာ၊ မိသားစုကို စိတ္မခ်တာေတြရွိတယ္။ မိသားစုထဲမွာက်ေတာ့ ႏွစ္ရွည္လမ်ားဒီေရာဂါရွင္ကို ျပဳစုေစာင့္ေရွာက္ရင္း မိသားစုနဲ႔လူနာအၾကား အဖုအထံုးေလးေတြရွိတယ္။ ဒါေတြကို ဓာတ္ေရာင္ျခည္နဲ႔ ကုသတာ၊ ေဆးသြင္း တာေတြနဲ႔တြဲၿပီး၀ိုင္း၀န္းေျဖရွင္း ကုသေပးတယ္’’ဟု ရန္ကုန္ျပည္ သူ႔ေဆး႐ံုႀကီး ဓာတ္ေရာင္ျခည္ကင္ဆာဌာနမွ Consultant ေဒါက္တာ ၀ါ၀ါမၪၨဴ  (Palliative Care Lead Clinician) ကဆိုသည္။

ကင္ဆာေ၀ဒနာရွင္မ်ား၏ ေနာက္ဆံုးအေျခအေနသည္ နာက်င္မႈကို ထိန္းခ်ဳပ္ျခင္းသည္ အဓိက လိုအပ္ခ်က္တစ္ခုျဖစ္ၿပီးေရာဂါေ၀ဒနာကို ျပင္းျပင္းထန္ထန္ မခံစားရဘဲ ၿငိမ္းခ်မ္းစြာ နိဂံုးခ်ဳပ္ေစရန္ အားလံုး၀ိုင္း၀န္းၿပီးအေထာက္ အကူေပးရန္လိုအပ္ေၾကာင္းကမၻာ့ က်န္းမာေရးအဖြဲ႕ကလည္း တိုက္တြန္းထားသည္။

ျမန္မာႏိုင္ငံသည္လည္းယင္းကဲ့သို႔ လူနာမ်ားကို ျပဳစုေစာင့္ေရွာက္ေပးေနေသာ ႏိုင္ငံအျဖစ္ ၂၀၁၄ ေမလတြင္ပါ၀င္လက္မွတ္ ေရးထိုးႏိုင္ခဲ့ၿပီး ယခုႏွစ္ေအာက္တို ဘာ ၈ ရက္တြင္ World Hospice and Palliative Care Day ကို ပထမဆံုးအႀကိမ္ က်င္းပႏိုင္ခဲ့သည္။

‘‘လူနာေတြအတြက္ လိုအပ္တဲ့ေရာဂါကုသမႈေတြကို ေပးၿပီးတဲ့ေနာက္  ေနာက္ဆံုးအခ်ိန္ေရာက္လာတဲ့လူနာေတြအတြက္ သူတို႔ ျဖစ္ခ်င္တဲ့ဆႏၵေတြ ျဖည့္ဆည္းေပးတယ္။ တခ်ိဳ႕လူနာက်ေတာ့ ေမတၱာရိပ္မြန္ကင္ဆာေဖာင္ေဒး ရွင္း (ေဟာ့စပစ္)ကို ၫႊန္းပို႔ေပးတယ္။ လူနာခံစားေနရတဲ့ နာက်င္မႈေတြက ႀကီးမားလြန္းတယ္’’ဟု ေဒါက္တာ၀ါ၀ါမၪၨဴကဆိုသည္။

‘‘ေဟာ့စပစ္မွာ လူမ်ိဳးဘာ သာမေရြး အားလံုးကို စားေသာက္ စရိတ္၊ ေဆး၀ါးစရိတ္အားလံုး အ ခမဲ့ျပဳစုေစာင့္ေရွာက္ေပးပါတယ္။ လူနာရဲဲ႕ဘ၀ေနာက္ဆံုးအခ်ိန္မွာ ဂုဏ္သိကၡာရွိရွိနဲ႔ ဘ၀ကူးႏိုင္ေရးအတြက္ လုပ္ေဆာင္ေပးတယ္။ မိသားစုကို စိတ္မခ်တဲ့လူနာရွင္ေတြလည္း ေတြ႕ရတယ္။ လူနာအမ်ိဳးသမီးတစ္ေယာက္ဆို သူ႔သားေလးကို ရွင္ျပဳေပးတာ ျမင္သြားခ်င္တယ္။ သူ႔ရဲ႕ေနာက္ဆံုးဆႏၵျပည့္၀သြားေအာင္ ကြၽန္မတို႔လုပ္ေဆာင္ေပးတယ္’’ဟု ဦးလွ ထြန္းေမတၱာရိပ္မြန္ (ကင္ဆာ) ေဖာင္ေဒးရွင္း၏ Operations and Finance Directors ေဒၚေခ်ာကလ်ာကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ကင်ဆာဝေဒနာရှင်များ၏ ကျန်ရှိနေသော နောက်ဆုံးအချိန်တိုအတွင်း သက်သောင့်သက်သာနှင့် ဂုဏ်သိက္ခာရှိရှိ ဘဝနိဂုံးချုပ်နိုင်ရန် လိုအပ်သော ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိကပိုင်းက ပူးပေါင်းလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ကင်ဆာရောဂါဝေဒနာကြီးမားစွာခံစားနေရသော လူနာနှင့် လူနာကိုပြုစုစောင့်ရှောက်သူ မိသားစုဝင်များအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးခြင်း၊ စိတ်ဓာတ်ခွန် အား မြှင့်တင်ပေးခြင်း၊ ရောဂါပြင်းထန်နာကျင်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားချက်နှင့်အညီ ကုသပေးခြင်းစသည့် ဘက်စုံထောက်ကူပြု ကုသဝန်ဆောင်မှု (Palliative Care Service) များ ပေးနေသည်ဟု သိရသည်။

‘‘ကင်ဆာဝေဒနာရှင်တွေဟာ နာကျင်မှုခံစားရတာ ဘဝနောက်ဆုံးအချိန်ထိ ပါသွားနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေ၊ မောပန်းတာ၊ မအီမသာဖြစ်တာ အစာမစားနိုင်တာတွေရှိမယ်။ စိတ်ပိုင်းဆိုင်ရာအရ အားငယ်တာ၊ မိသားစုကို စိတ်မချတာတွေရှိတယ်။ မိသားစုထဲမှာကျတော့ နှစ်ရှည်လများဒီရောဂါရှင်ကို ပြုစုစောင့်ရှောက်ရင်း မိသားစုနဲ့လူနာအကြား အဖုအထုံးလေးတွေရှိတယ်။ ဒါတွေကို ဓာတ်ရောင်ခြည်နဲ့ ကုသတာ၊ ဆေးသွင်း တာတွေနဲ့တွဲပြီးဝိုင်းဝန်းဖြေရှင်း ကုသပေးတယ်’’ဟု ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာနမှ Consultant ဒေါက်တာ ဝါဝါမဉ္ဇူ  (Palliative Care Lead Clinician) ကဆိုသည်။

ကင်ဆာဝေဒနာရှင်များ၏ နောက်ဆုံးအခြေအနေသည် နာကျင်မှုကို ထိန်းချုပ်ခြင်းသည် အဓိက လိုအပ်ချက်တစ်ခုဖြစ်ပြီးရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် မခံစားရဘဲ ငြိမ်းချမ်းစွာ နိဂုံးချုပ်စေရန် အားလုံးဝိုင်းဝန်းပြီးအထောက် အကူပေးရန်လိုအပ်ကြောင်းကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည်လည်းယင်းကဲ့သို့ လူနာများကို ပြုစုစောင့်ရှောက်ပေးနေသော နိုင်ငံအဖြစ် ၂၀၁၄ မေလတွင်ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ယခုနှစ်အောက်တို ဘာ ၈ ရက်တွင် World Hospice and Palliative Care Day ကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည်။

‘‘လူနာတွေအတွက် လိုအပ်တဲ့ရောဂါကုသမှုတွေကို ပေးပြီးတဲ့နောက်  နောက်ဆုံးအချိန်ရောက်လာတဲ့လူနာတွေအတွက် သူတို့ ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်ဆည်းပေးတယ်။ တချို့လူနာကျတော့ မေတ္တာရိပ်မွန်ကင်ဆာဖောင်ဒေး ရှင်း (ဟော့စပစ်)ကို ညွှန်းပို့ပေးတယ်။ လူနာခံစားနေရတဲ့ နာကျင်မှုတွေက ကြီးမားလွန်းတယ်’’ဟု ဒေါက်တာဝါဝါမဉ္ဇူကဆိုသည်။

‘‘ဟော့စပစ်မှာ လူမျိုးဘာ သာမရွေး အားလုံးကို စားသောက် စရိတ်၊ ဆေးဝါးစရိတ်အားလုံး အ ခမဲ့ပြုစုစောင့်ရှောက်ပေးပါတယ်။ လူနာရဲ့ဘဝနောက်ဆုံးအချိန်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ ဘဝကူးနိုင်ရေးအတွက် လုပ်ဆောင်ပေးတယ်။ မိသားစုကို စိတ်မချတဲ့လူနာရှင်တွေလည်း တွေ့ရတယ်။ လူနာအမျိုးသမီးတစ်ယောက်ဆို သူ့သားလေးကို ရှင်ပြုပေးတာ မြင်သွားချင်တယ်။ သူ့ရဲ့နောက်ဆုံးဆန္ဒပြည့်ဝသွားအောင် ကျွန်မတို့လုပ်ဆောင်ပေးတယ်’’ဟု ဦးလှ ထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း၏ Operations and Finance Directors ဒေါ်ချောကလျာကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top