Kantharyar Centre
×

 တံြေတးၿမိဳ႕နယ္ တလုပ္ ေထာ္ေက်းရြာတြင္ ဒသမတန္း ေက်ာင္းသားတစ္ဦးသည္ လပတ္ စာေမးပဲြ၌ ေလးဘာသာက်႐ႈံးခဲ့၍ ပိုးသတ္ေဆးေသာက္ကာ ေသ ဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သတင္း ရရွိသည္။

 ေဆးေသာက္ ေသဆံုးခဲ့ သည့္ အသက္ (၁၆)ႏွစ္အရြယ္ ေမာင္ေအာင္ဆက္ေအာင္သည္ အထက (၂) တံြေတးၿမိဳ႕နယ္တြင္ ဒသမတန္းေက်ာင္းသားအျဖစ္ တက္ေရာက္ပညာသင္ၾကားေန သူျဖစ္ၿပီး ေအာက္တိုဘာ ၃ ရက္ ေန႔လယ္၌ ေနအိမ္သို႔ ျပန္လာၿပီး ေနာက္  ပိုးသတ္ေဆးေသာက္ကာ ေသဆံုးခဲ့ေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ေက်ာင္းကေန အိမ္ျပန္လာ ေတာ့ အေမျဖစ္သူကို ေခါင္းမူး တယ္လို႔ ေျပာၿပီး ၀င္အိပ္တယ္။ အေမျဖစ္သူက ၁၅ မိနစ္ေလာက္ ၾကာေတာ့   အခန္းထဲ၀င္ၾကည့္ တယ္။ အခန္းထဲမွာ  ပိုးသတ္ေဆး အနံ႔ေတြရလို႔ ေမးၾကည့္မွ သူ ေသာက္ထားတာသိသြားတယ္’’ ဟု ၎ရဲအရာရွိက ေျပာသည္။

ငါးအ႐ိုင္းသတ္ေဆး ပုလင္း တစ္လံုးေသာက္ထားေသာ ေမာင္ ေအာင္ဆက္ေအာင္ကို မိခင္က တံြေတးၿမိဳ႕နယ္ ေဆး႐ံုသုိ႔ တင္ ပု႔ိခဲ့ေသာ္လည္း ပါးစပ္မွ အျမႇဳပ္ မ်ားထြက္ကာ ေဆးကုသမႈခံယူ ေနစဥ္ ေသဆံုးခဲ့ေၾကာင္း တြံေတး ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ေသဆံုးသူ ေက်ာင္းသားအ ေလာင္းကို စစ္ေဆးရာ ျပင္ပဒဏ္ ရာ တစ္စံုတစ္ရာမရွိဘဲ ပါးစပ္မွ အျမႇဳပ္ထြက္ကာ ေသဆံုးခဲ့၍ ဓမၼ တာအတိုင္း ေသဆံုးခဲ့ျခင္းဟုတ္၊ မဟုတ္ စစ္ေဆးေနၿပီး ေသမႈေသ ခင္းဖြင့္ကာ အမႈကို ဆက္လက္ စစ္ေဆးေနေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 တွံတေးမြို့နယ် တလုပ် ထော်ကျေးရွာတွင် ဒသမတန်း ကျောင်းသားတစ်ဦးသည် လပတ် စာမေးပွဲ၌ လေးဘာသာကျရှုံးခဲ့၍ ပိုးသတ်ဆေးသောက်ကာ သေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

 ဆေးသောက် သေဆုံးခဲ့ သည့် အသက် (၁၆)နှစ်အရွယ် မောင်အောင်ဆက်အောင်သည် အထက (၂) တွံတေးမြို့နယ်တွင် ဒသမတန်းကျောင်းသားအဖြစ် တက်ရောက်ပညာသင်ကြားနေ သူဖြစ်ပြီး အောက်တိုဘာ ၃ ရက် နေ့လယ်၌ နေအိမ်သို့ ပြန်လာပြီး နောက်  ပိုးသတ်ဆေးသောက်ကာ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကျောင်းကနေ အိမ်ပြန်လာ တော့ အမေဖြစ်သူကို ခေါင်းမူး တယ်လို့ ပြောပြီး ဝင်အိပ်တယ်။ အမေဖြစ်သူက ၁၅ မိနစ်လောက် ကြာတော့   အခန်းထဲဝင်ကြည့် တယ်။ အခန်းထဲမှာ  ပိုးသတ်ဆေး အနံ့တွေရလို့ မေးကြည့်မှ သူ သောက်ထားတာသိသွားတယ်’’ ဟု ၎င်းရဲအရာရှိက ပြောသည်။


ငါးအရိုင်းသတ်ဆေး ပုလင်း တစ်လုံးသောက်ထားသော မောင် အောင်ဆက်အောင်ကို မိခင်က တွံတေးမြို့နယ် ဆေးရုံသို့ တင် ပု့ိခဲ့သော်လည်း ပါးစပ်မှ အမြှုပ် များထွက်ကာ ဆေးကုသမှုခံယူ နေစဉ် သေဆုံးခဲ့ကြောင်း တွံတေး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ ကျောင်းသားအ လောင်းကို စစ်ဆေးရာ ပြင်ပဒဏ် ရာ တစ်စုံတစ်ရာမရှိဘဲ ပါးစပ်မှ အမြှုပ်ထွက်ကာ သေဆုံးခဲ့၍ ဓမ္မ တာအတိုင်း သေဆုံးခဲ့ခြင်းဟုတ်၊ မဟုတ် စစ်ဆေးနေပြီး သေမှုသေ ခင်းဖွင့်ကာ အမှုကို ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top