Property Expo
×

ရင်သား သေးငယ်(သို့) ကြီးမားတဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေရှိလာနိုင်တဲ့အတွက် သင့်တော်တဲ့ ခွဲစိတ်ပြုပြင်မှုတွေလုပ်သင့်တယ်လို့တောင် ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။



Credit : trend Myanmar

#Unicode Version

ရင်သား သေးငယ်(သို့) ကြီးမားတဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေရှိလာနိုုင်တဲ့အတွက် သင့်တော်တဲ့ ခွဲစိတ်ပြုပြင်မှုတွေလုပ်သင့်တယ်လို့တောင် ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

သေးငယ်တဲ့ ရင်သားရှိတဲ့ အမျိုးသမီးငယ်တွေဟာ ကိုယ့်ရင်သားနဲ့ သူငယ်ချင်းတွေရဲ့ ရင်သားကို နှိုင်းယှဉ်ခံစားကြရပြီး စိတ်မကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေအပြင် ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုလျော့နည်းလာကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ဟာ အစားအသောက်ပိုင်းမှာရော၊ လူမှုရေးပိုင်းတွေမှာပါ ပြသနာရှိလာနိုင်တယ်လို့ သုတေသီတွေကလည်း ပြောဆိုသွားပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားငယ်၊ စိတ်ဓာတ်ကျတဲ့ အပိုင်းတွေမှာတော့ ရင်သားသေးငယ်တဲ့ ဆယ်ကျော်သက်တွေဟာ ပုံမှန်မဟုတ်ပဲ ကြီးမားတဲ့ရင်သားကို ပိုင်ဆိုင်ထားရတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ ခံစားရတာချင်း တူညီတယ်လို့ သိရပါတယ်။

အသက် ၁၂ နှစ်ကနေ အသက် ၂၁ နှစ်ကြားမှာရှိတဲ့ အမျိုးသမီးငယ် ၅၉ ယောက်ကို လေ့လာခဲ့ရာမှာ ၄၀ ရာခိုင်နှုန်း အမျိုးသမီး ငယ်တွေဟာ သူတို့ရဲ့ ရင်သားတွေဟာ သာမာန် အတိုင်း မဖွံဖြိုးလာတဲ့အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ အရ ခံစားနေကြရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top