Property Expo
×

အမ်ိဳးသားတဦးဟာ ကိုယ္၀န္ေဆာင္ဇနီးျဖစ္သူကို ေဆး႐ုံျပဖို႔ ေခၚေဆာင္လာခဲ့ခ်ိန္မွာ ဇနီးျဖစ္သူဟာ အသက္ ၁၂ ႏွစ္ထက္ ပုိမႀကီးႏိုင္ေၾကာင္း ေဆး႐ုံ၀န္ထမ္းေတြက စစ္ေဆးေတြ႔ရွိရတဲ့အတြက္ ဖမ္းဆီးခံခဲ့ရပါတယ္။
အဆိုပါမိန္းကေလးကို အသက္ ၄၀ အရြယ္ ခင္ပြန္းျဖစ္သူ အမ်ိဳးသားနဲ႔ ေယာကၡမ ေတာ္စပ္တယ္လို႔ ေျပာတဲ့ အမ်ိဳးသမီးတဦးတုိ႔က ေဆး႐ုံကို ေခၚေဆာင္လာခဲ့ၾကတာလို႔ ေမရာသတင္းတပုဒ္မွာ ေအာက္တိုဘာ ၇ ရက္ေန႔က ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း၊ က်န္းဆုခ႐ုိင္၊ ဇူက်ိဳးဗဟိုေဆး႐ုံမွာ ျဖစ္ခဲ့တာပါ။

အဲဒီမိန္းကေလးမွာ ကိုယ္၀န္ ၃ လ လြယ္ထားရၿပီး သေႏၶသား က်န္းက်န္းမာမာရွိမရွိ စစ္ေဆးမႈေတြ လုပ္ေဆာင္ေနရတာပါ။

ခင္ပြန္းျဖစ္သူအမ်ိဳးသားနဲ႔ ေယာကၡမဆုိသူတို႔ဟာ အဲဒီမိန္းကေလးကို အသက္ ၂၀ လို႔ ေျပာခဲ့ၾကေပမယ့္ ေဆး႐ုံတာ၀န္ရွိသူေတြက သူဟာ ေက်ာင္းေနအရြယ္ မိန္းကေလးတဦးပံုစံသာ ျဖစ္ေနတာမို႔ ေ၀ဖန္မႈေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနခဲ့တာပါ။

ဆရာ၀န္ေတြက အဲဒီမိန္းကေလးကို ေမးခြန္းေတြေမးဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ သူဟာ မန္ဒရင္းဘာသာစကားကို မေျပာတတ္တဲ့အတြက္ ဘာမွ မေမးႏိုင္ခဲ့ၾကပါဘူး။

၀န္ထမ္းေတြထဲမွ တဦးကေတာ့ “အံ့ၾသစရာ သူဟာ ကေလးပဲရွိပါေသးတယ္။ ေသခ်ာတာက အသက္ ၂၀ နီးပါး မရွိႏိုင္ဘူး” လို႔ ေျပာခဲ့ပါတယ္။

အဲဒီမိန္းကေလးရဲ႕ ခင္ပြန္းျဖစ္သူက “က်ေနာ္ သူ႔ကို ေဆးစစ္ဖို႔ ဒီကိုေခၚလာတာ။ ခင္ဗ်ားတို႔ ကိုယ့္အလုပ္ကိုပဲ ကိုယ္လုပ္ပါ။ ေမးခြန္းေတြ အမ်ားႀကီးေမးတာေတြ ရပ္လိုက္ပါ” လို႔ ေျပာခဲ့တဲ့အတြက္ သူ႔ကို ေဒါသထြက္ခဲ့ၾကၿပီး သံသယပိုမိုႀကီးထြားလာခဲ့တာလို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ေဆး႐ုံကို ရဲေတြ ေရာက္ရွိလာၿပီး စစ္ေဆးရာ အဲဒီမိန္းကေလးမွာ တ႐ုတ္ႏိုင္ငံသား မွတ္ပံုတင္ ရွိမေနခဲ့တဲ့အတြက္ သူဟာ တျခား အေရွ႕ေတာင္အာရွႏိုင္ငံတႏိုင္ငံမွ ျဖစ္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

လက္ရွိမွာေတာ့ ဒီမိန္းကေလးရဲ႕ ေနရပ္ကို ရွင္းရွင္းလင္းလင္း မသိႏိုင္ေသးဘဲ ဒါဟာ သတို႔သမီး ၀ယ္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္လို႔ ေျပာဆိုေနၾကတာပါ။

တ႐ုတ္ႏိုင္ငံဟာ အရင္ကလည္း ဗီယက္နမ္ႏိုင္ငံမွ သတို႔သမီးအျဖစ္ နယ္စပ္ျဖတ္ေက်ာ္ ၀ယ္ယူမႈမ်ိဳးေတြ ရွိခဲ့ဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
အမျိုးသားတဦးဟာ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို ဆေးရုံပြဖို့ ခေါ်ဆောင်လာခဲ့ချိန်မှာ ဇနီးဖြစ်သူဟာ အသက် ၁၂ နှစ်ထက် ပိုမကြီးနိုင်ကြောင်း ဆေးရုံဝန်ထမ်းတွေက စစ်ဆေးတွေ့ရှိရတဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။
အဆိုပါမိန်းကလေးကို အသက် ၄၀ အရွယ် ခင်ပွန်းဖြစ်သူ အမျိုးသားနဲ့ ယောက္ခမ တော်စပ်တယ်လို့ ပြောတဲ့ အမျိုးသမီးတဦးတို့က ဆေးရုံကို ခေါ်ဆောင်လာခဲ့ကြတာလို့ မေရာသတင်းတပုဒ်မှာ အောက်တိုဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းဆုခရိုင်၊ ဇူကျိုးဗဟိုဆေးရုံမှာ ဖြစ်ခဲ့တာပါ။

အဲဒီမိန်းကလေးမှာ ကိုယ်ဝန် ၃ လ လွယ်ထားရပြီး သန္ဓေသား ကျန်းကျန်းမာမာရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်နေရတာပါ။

ခင်ပွန်းဖြစ်သူအမျိုးသားနဲ့ ယောက္ခမဆိုသူတို့ဟာ အဲဒီမိန်းကလေးကို အသက် ၂၀ လို့ ပြောခဲ့ကြပေမယ့် ဆေးရုံတာဝန်ရှိသူတွေက သူဟာ ကျောင်းနေအရွယ် မိန်းကလေးတဦးပုံစံသာ ဖြစ်နေတာမို့ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာပါ။

ဆရာဝန်တွေက အဲဒီမိန်းကလေးကို မေးခွန်းတွေမေးဖို့ ကြိုးစားခဲ့ကြပေမယ့် သူဟာ မန်ဒရင်းဘာသာစကားကို မပြောတတ်တဲ့အတွက် ဘာမှ မမေးနိုင်ခဲ့ကြပါဘူး။

ဝန်ထမ်းတွေထဲမှ တဦးကတော့ “အံ့သြစရာ သူဟာ ကလေးပဲရှိပါသေးတယ်။ သေချာတာက အသက် ၂၀ နီးပါး မရှိနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။

အဲဒီမိန်းကလေးရဲ့ ခင်ပွန်းဖြစ်သူက “ကျနော် သူ့ကို ဆေးစစ်ဖို့ ဒီကိုခေါ်လာတာ။ ခင်ဗျားတို့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ပါ။ မေးခွန်းတွေ အများကြီးမေးတာတွေ ရပ်လိုက်ပါ” လို့ ပြောခဲ့တဲ့အတွက် သူ့ကို ဒေါသထွက်ခဲ့ကြပြီး သံသယပိုမိုကြီးထွားလာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဆေးရုံကို ရဲတွေ ရောက်ရှိလာပြီး စစ်ဆေးရာ အဲဒီမိန်းကလေးမှာ တရုတ်နိုင်ငံသား မှတ်ပုံတင် ရှိမနေခဲ့တဲ့အတွက် သူဟာ တခြား အရှေ့တောင်အာရှနိုင်ငံတနိုင်ငံမှ ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်ရှိမှာတော့ ဒီမိန်းကလေးရဲ့ နေရပ်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘဲ ဒါဟာ သတို့သမီး ဝယ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာပါ။

တရုတ်နိုင်ငံဟာ အရင်ကလည်း ဗီယက်နမ်နိုင်ငံမှ သတို့သမီးအဖြစ် နယ်စပ်ဖြတ်ကျော် ဝယ်ယူမှုမျိုးတွေ ရှိခဲ့ဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top