Property Expo
×

 ရွားပါးျဖစ္စဉ္ အေနျဖင့္ လူ႔ေလာကထဲ ႏွစ္ႀကိမ္ ေမြးဖြား ေရာက္ရွိခဲ့သည့္ အေမရိကန္ ကေလးငယ္၏ က်န္းမာေပ်ာ္ရႊင္ေနေသာ ဓာတ္ပံုမ်ားကို မိသားစုက ထုတ္ျပန္ ျပသလိုက္သည္။

တကၠဆက္စ္ရွိ လီဝစၥဗီးလ္တြင္ ေနထိုင္သည့္ ကေလးမေလးမွာ သေႏၶသားေလာင္း ဘဝတြင္ မိခင္၏ ဝမ္းၾကာတိုက္မွ ျပင္ပေလာကသို႔ တစ္ႀကိမ္ ေရာက္ရွိခဲ့ၿပီး ေနာက္တစ္ႀကိမ္က်မွ အမွန္တကယ္ ေမြးဖြားခဲ့သူ ျဖစ္သည္။ လင္လီဟုပ္ဟု အမည္ေပးထားသည့္ ကေလးမေလးသည္ သေႏၶသား ဘဝတြင္ အသက္ကယ္ ကုထံုးတစ္ရပ္အတြက္ ခြဲစိတ္မႈ ခံယူခဲ့ရသူ ျဖစ္သည္။

မိခင္ျဖစ္သူ မာဂရက္ေဟာကင္းစ္ ဘိုမာသည္ ကိုယ္ဝန္ ၁၆ ပတ္တြင္ Ultra-sound ႐ိုက္ခ်ိန္၌ သမီးေလး၌ အႀကိတ္တစ္ခု တြဲဆက္ ပါဝင္ေနသည္ကို သိရွိလာခဲ့သည္။ ကိုယ္ဝန္သည္ မူလက အႁမႊာျဖစ္ေသာ္လည္း သေႏၶသားတစ္ခု ပ်က္စီးသြားၿပီး လင္လီ၏ ေက်ာ႐ိုးတြင္လည္း အႀကိတ္တစ္ခု တြယ္ကပ္ေနသည္ကို ေတြ႕ရွိခဲ့သည္။ Scroccoccygeal Teratomaဟု ေဆးပညာ အသံုးအႏႈန္းျဖင့္ ေခၚေဝၚသည့္ အႀကိတ္သည္ သေႏၶသား၏ ေသြးစီးဆင္းမႈကို လမ္းေၾကာင္းေျပာင္းလဲ ေဖာက္ျပန္ေစရာ ကေလး၏ ႏွလံုးအတြက္ အႏၱရာယ္ ႀကီးမားေၾကာင္း ဆရာဝန္မ်ားက ရွင္းျပခဲ့သည္။

ထို႔ေနာက္တြင္မူ မိခင္ျဖစ္သူ မာဂရက္ အေနျဖင့္ သေႏၶသားကို အဆံုး႐ံႈး ခံမည္လား၊ အလြန္အႏၱရာယ္မ်ားသည့္ ခြဲစိတ္မႈကို ခံယူမည္လား ဆံုးျဖတ္ရန္ အေၾကာင္းဖန္လာသည္။ “ကိုယ္ဝန္သက္တမ္း ၂၃ ပတ္မွာ အႀကိတ္က ကေလးရဲ႕ ႏွလံုးကို ဖိထားသလို ျဖစ္ေနတယ္။ သေႏၶသားက ႏွလံုးခုန္ မမွန္ေတာ့ဘူး။ ဒီေတာ့ အႀကိတ္ကို ဖယ္ထုတ္ႏုိင္မွသာ သူ႔အတြက္ အသက္ရွင္ခြင့္ ဖန္တီးႏုိင္လိမ့္မယ္။ ကၽြန္မကေတာ့ လြယ္လြယ္ေလးပဲ ဆံုးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ သမီးေလးရဲ႕ ရွင္သန္ခြင့္အတြက္ စြန္႔စားၾကည့္ခ်င္တယ္ေလ”ဟု မာဂရက္က ဆိုသည္။

ထို႔ေနာက္ ဆရာဝန္မ်ားက သေႏၶသားကို ခြဲထုတ္ကာ အႀကိတ္ကို ဖယ္ရွားကုသခဲ့သည္။ ထိုခြဲစိတ္မႈသည္ မိနစ္ ၂၀ မွ် ၾကာျမင့္သည္။ ပထမအႀကိမ္ ျပင္ပေလာကသို႔ ေရာက္လာခ်ိန္၌ လင္လီ တျဖစ္လဲ သေႏၶသားေလးမွာ ၁ ေပါင္ႏွင့္ ၃ ေအာင္စမွ်သာ အေလးခ်ိန္ ရွိေသးသည္။ ကေလး၏ ခႏၶာကိုယ္ အရြယ္အစား နီးပါးမွ် ရွိေနသည့္ အႀကိတ္ကို ဖယ္ထုတ္ၿပီးေနာက္ ဆရာဝန္မ်ားက သေႏၶသားေလးကို မိခင္၏ သားအိမ္ထဲ ျပန္ထည့္ေပးခဲ့သည္။ လင္လီေလး အသက္ရွင္ရန္ ျဖစ္ႏုိင္ေျခမွာ ၅၀ ရာခုိင္ႏႈန္းမွ်သာ ရွိေၾကာင္းလည္း ဆရာဝန္မ်ားက ေျပာၾကားခဲ့သည္။

တကၠဆက္စ္ ကေလးေဆး႐ံု၏ သေႏၶသား ယူနစ္မွ ေဒါက္တာ ဒါရဲလ္ကက္စ္သည္ အဆိုပါ ခြဲစိတ္မႈကို ဦးေဆာင္ခဲ့သူ တစ္ဦးျဖစ္သည္။ “အႀကိတ္အရြယ္အစားက ႀကီးလြန္းတယ္။ ဒီေတာ့ တိုက္႐ိုက္ ခြဲစိတ္ျဖတ္ထုတ္တဲ့ နည္းကလြဲရင္ ေရြးခ်ယ္စရာ မရွိဘူး။ ကေလးကိုေတာ့ သားအိမ္အျပင္ ထုတ္ထားလုိက္ရတာေပါ့”ဟု ၎က ရွင္းျပသည္။ ထိုအခ်ိန္တြင္ ကေလး၏ ႏွလံုးခုန္မႈ ရပ္ေနေသာ္လည္း ႏွလံုးအထူးကု ဆရာဝန္ တစ္ဦး၏ ေစာင့္ေရွာက္ ကုသေပးေနမႈေၾကာင့္ သေႏၶသားေလးမွာ ဆက္လက္ အသက္ရွင္ေနခဲ့သည္။ အႀကိတ္ကို ဖယ္ရွားလုိက္ၿပီးေနာက္ သေႏၶသားေလးကို အမိဝမ္းထဲ ျပန္ထည့္ကာ သားအိမ္ကို ခ်ဳပ္ေပးခဲ့သည္။

ခြဲစိတ္မႈအၿပီးတြင္ မာဂရက္သည္ ၁၂ ပတ္လံုးလံုး အိပ္ရာထဲတြင္ လဲွေလ်ာင္းကာ အနားယူခဲ့ရသည္။ ဇြန္ ၆ ရက္တြင္မူ လင္လီေလး လူ႔ေလာကထဲ ဒုတိယအႀကိမ္ ေရာက္ရွိလာခဲ့သည္။ သူမကို ခြဲစိတ္၍ ေမြးဖြားေပးခဲ့ၿပီး ထိုအခ်ိန္တြင္ ကိုယ္အေလးခ်ိန္ ၅ ေပါင္ ၅ ေအာင္စ ျဖစ္ေနၿပီျဖစ္သည္။ လင္လီေလးအသက္ ၈ ရက္သမီးတြင္ ၿမီးေညာင့္႐ိုး ေနရာ၌ ရွိေနသည့္ အႀကိတ္ အပိုင္းအစ အႂကြင္းအက်န္မ်ားကို သီးျခား ခြဲစိတ္မႈ တစ္ရပ္ျဖင့္ ထပ္မံ ဖယ္ရွားေပးခဲ့ရသည္။

ယခုအခါတြင္မူ ကေလးမေလးမွာ က်န္းက်န္းမာမာႏွင့္ ႀကီးျပင္းလာေနၿပီဟု ေဒါက္တာကက္စ္က ဆိုသည္။ “သူက အခုမွ ႏို႔စို႔အရြယ္ေလးပဲ ရွိေသးတယ္။ ဒါေပမဲ့ တကယ္လွတဲ့ မိန္းကေလးေပါ့ဗ်ာ”ဟု ၎က ခ်ီးက်ဴးသည္။ Scroccoccygeal Teratoma ျဖစ္ရပ္သည္ ရွားပါးသည့္ ေမြးရာပါ ခၽြတ္ေခ်ာ္မႈ တစ္ရပ္ျဖစ္ၿပီး ေမြးဖြားမႈ သံုးေသာင္းႏွင့္ ခုနစ္ေသာင္းၾကားတြင္ တစ္ဦးမွ်သာ ႀကံဳေတြ႕ေလ့ရွိသည္။ ယင္းျဖစ္ရပ္သည္ မိန္းကေလး သေႏၶသားမ်ားတြင္ ျဖစ္ေပၚႏုိင္ေျခမွာ ေယာက္်ားေလးမ်ားထက္ ေလးဆ ပိုမ်ားေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရှားပါးဖြစ်စဉ် အနေဖြင့် လူ့လောကထဲ နှစ်ကြိမ် မွေးဖွား ရောက်ရှိခဲ့သည့် အမေရိကန် ကလေးငယ်၏ ကျန်းမာပျော်ရွှင်နေသော ဓာတ်ပုံများကို မိသားစုက ထုတ်ပြန် ပြသလိုက်သည်။

တက္ကဆက်စ်ရှိ လီဝစ္စဗီးလ်တွင် နေထိုင်သည့် ကလေးမလေးမှာ သန္ဓေသားလောင်း ဘဝတွင် မိခင်၏ ဝမ်းကြာတိုက်မှ ပြင်ပလောကသို့ တစ်ကြိမ် ရောက်ရှိခဲ့ပြီး နောက်တစ်ကြိမ်ကျမှ အမှန်တကယ် မွေးဖွားခဲ့သူ ဖြစ်သည်။ လင်လီဟုပ်ဟု အမည်ပေးထားသည့် ကလေးမလေးသည် သန္ဓေသား ဘဝတွင် အသက်ကယ် ကုထုံးတစ်ရပ်အတွက် ခွဲစိတ်မှု ခံယူခဲ့ရသူ ဖြစ်သည်။

မိခင်ဖြစ်သူ မာဂရက်ဟောကင်းစ် ဘိုမာသည် ကိုယ်ဝန် ၁၆ ပတ်တွင် Ultra-sound ရိုက်ချိန်၌ သမီးလေး၌ အကြိတ်တစ်ခု တွဲဆက် ပါဝင်နေသည်ကို သိရှိလာခဲ့သည်။ ကိုယ်ဝန်သည် မူလက အမြွှာဖြစ်သော်လည်း သန္ဓေသားတစ်ခု ပျက်စီးသွားပြီး လင်လီ၏ ကျောရိုးတွင်လည်း အကြိတ်တစ်ခု တွယ်ကပ်နေသည်ကို တွေ့ရှိခဲ့သည်။ Scroccoccygeal Teratomaဟု ဆေးပညာ အသုံးအနှုန်းဖြင့် ခေါ်ဝေါ်သည့် အကြိတ်သည် သန္ဓေသား၏ သွေးစီးဆင်းမှုကို လမ်းကြောင်းပြောင်းလဲ ဖောက်ပြန်စေရာ ကလေး၏ နှလုံးအတွက် အန္တရာယ် ကြီးမားကြောင်း ဆရာဝန်များက ရှင်းပြခဲ့သည်။

ထို့နောက်တွင်မူ မိခင်ဖြစ်သူ မာဂရက် အနေဖြင့် သန္ဓေသားကို အဆုံးရှုံး ခံမည်လား၊ အလွန်အန္တရာယ်များသည့် ခွဲစိတ်မှုကို ခံယူမည်လား ဆုံးဖြတ်ရန် အကြောင်းဖန်လာသည်။ “ကိုယ်ဝန်သက်တမ်း ၂၃ ပတ်မှာ အကြိတ်က ကလေးရဲ့ နှလုံးကို ဖိထားသလို ဖြစ်နေတယ်။ သန္ဓေသားက နှလုံးခုန် မမှန်တော့ဘူး။ ဒီတော့ အကြိတ်ကို ဖယ်ထုတ်နိုင်မှသာ သူ့အတွက် အသက်ရှင်ခွင့် ဖန်တီးနိုင်လိမ့်မယ်။ ကျွန်မကတော့ လွယ်လွယ်လေးပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ သမီးလေးရဲ့ ရှင်သန်ခွင့်အတွက် စွန့်စားကြည့်ချင်တယ်လေ”ဟု မာဂရက်က ဆိုသည်။

ထို့နောက် ဆရာဝန်များက သန္ဓေသားကို ခွဲထုတ်ကာ အကြိတ်ကို ဖယ်ရှားကုသခဲ့သည်။ ထိုခွဲစိတ်မှုသည် မိနစ် ၂၀ မျှ ကြာမြင့်သည်။ ပထမအကြိမ် ပြင်ပလောကသို့ ရောက်လာချိန်၌ လင်လီ တဖြစ်လဲ သန္ဓေသားလေးမှာ ၁ ပေါင်နှင့် ၃ အောင်စမျှသာ အလေးချိန် ရှိသေးသည်။ ကလေး၏ ခန္ဓာကိုယ် အရွယ်အစား နီးပါးမျှ ရှိနေသည့် အကြိတ်ကို ဖယ်ထုတ်ပြီးနောက် ဆရာဝန်များက သန္ဓေသားလေးကို မိခင်၏ သားအိမ်ထဲ ပြန်ထည့်ပေးခဲ့သည်။ လင်လီလေး အသက်ရှင်ရန် ဖြစ်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းမျှသာ ရှိကြောင်းလည်း ဆရာဝန်များက ပြောကြားခဲ့သည်။

တက္ကဆက်စ် ကလေးဆေးရုံ၏ သန္ဓေသား ယူနစ်မှ ဒေါက်တာ ဒါရဲလ်ကက်စ်သည် အဆိုပါ ခွဲစိတ်မှုကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ “အကြိတ်အရွယ်အစားက ကြီးလွန်းတယ်။ ဒီတော့ တိုက်ရိုက် ခွဲစိတ်ဖြတ်ထုတ်တဲ့ နည်းကလွဲရင် ရွေးချယ်စရာ မရှိဘူး။ ကလေးကိုတော့ သားအိမ်အပြင် ထုတ်ထားလိုက်ရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။ ထိုအချိန်တွင် ကလေး၏ နှလုံးခုန်မှု ရပ်နေသော်လည်း နှလုံးအထူးကု ဆရာဝန် တစ်ဦး၏ စောင့်ရှောက် ကုသပေးနေမှုကြောင့် သန္ဓေသားလေးမှာ ဆက်လက် အသက်ရှင်နေခဲ့သည်။ အကြိတ်ကို ဖယ်ရှားလိုက်ပြီးနောက် သန္ဓေသားလေးကို အမိဝမ်းထဲ ပြန်ထည့်ကာ သားအိမ်ကို ချုပ်ပေးခဲ့သည်။

ခွဲစိတ်မှုအပြီးတွင် မာဂရက်သည် ၁၂ ပတ်လုံးလုံး အိပ်ရာထဲတွင် လဲှလျောင်းကာ အနားယူခဲ့ရသည်။ ဇွန် ၆ ရက်တွင်မူ လင်လီလေး လူ့လောကထဲ ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ သူမကို ခွဲစိတ်၍ မွေးဖွားပေးခဲ့ပြီး ထိုအချိန်တွင် ကိုယ်အလေးချိန် ၅ ပေါင် ၅ အောင်စ ဖြစ်နေပြီဖြစ်သည်။ လင်လီလေးအသက် ၈ ရက်သမီးတွင် မြီးညောင့်ရိုး နေရာ၌ ရှိနေသည့် အကြိတ် အပိုင်းအစ အကြွင်းအကျန်များကို သီးခြား ခွဲစိတ်မှု တစ်ရပ်ဖြင့် ထပ်မံ ဖယ်ရှားပေးခဲ့ရသည်။

ယခုအခါတွင်မူ ကလေးမလေးမှာ ကျန်းကျန်းမာမာနှင့် ကြီးပြင်းလာနေပြီဟု ဒေါက်တာကက်စ်က ဆိုသည်။ “သူက အခုမှ နို့စို့အရွယ်လေးပဲ ရှိသေးတယ်။ ဒါပေမဲ့ တကယ်လှတဲ့ မိန်းကလေးပေါ့ဗျာ”ဟု ၎င်းက ချီးကျူးသည်။ Scroccoccygeal Teratoma ဖြစ်ရပ်သည် ရှားပါးသည့် မွေးရာပါ ချွတ်ချော်မှု တစ်ရပ်ဖြစ်ပြီး မွေးဖွားမှု သုံးသောင်းနှင့် ခုနစ်သောင်းကြားတွင် တစ်ဦးမျှသာ ကြုံတွေ့လေ့ရှိသည်။ ယင်းဖြစ်ရပ်သည် မိန်းကလေး သန္ဓေသားများတွင် ဖြစ်ပေါ်နိုင်ခြေမှာ ယောက်ျားလေးများထက် လေးဆ ပိုများကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top