Kantharyar Centre
×

ယေန႔အခိ်န္မွာ လိင္ပိုင္းဆုိင္ရာ ေႏွာင့္ယွက္ေစာ္ကားမႈေတြက ေနရာအႏွံ႔မွာ ျဖစ္ေပၚေနပါတယ္။ အခုကေတာ့ ျပင္သစ္ရုပ္သံ အစီအစဥ္တင္ဆက္သူ Cyril Hanouna က ျပင္သစ္ႏုိင္ငံရဲ႕ နာရီေပါင္း ၃၅ နာရီၾကာေအာင္ အစီအစဥ္ရုိက္ကူးေနသူအျဖစ္ စံခ်ိန္တင္ႏုိင္ဖို႔အတြက္ အစီအစဥ္တစ္ခုကို ရိုက္ကူးေနတာျဖစ္ပါတယ္။ အစီအစဥ္နာမည္ကေတာ့ #35HoursOfBaba ျဖစ္ျပီး Kim Kardashian West ရဲ႕ ပါရီဓားျပတုိက္မႈကို သေရာ္တင္ဆက္ထားတဲ့ အစီအစဥ္တစ္ခုျဖစ္ပါတယ္။

Kim Kardashian ကို ပါရီမွာ ဓားစာခံအျဖစ္ဖမ္းထားခဲ့ပုံကုိ အစီအစဥ္မွာ ပါဝင္သူတစ္ဦးျဖစ္တဲ့ Jean-Michael Maire ဆိုသူက Soraya ဆုိတဲ့အမ်ဳိးသမီးနဲ႔အတူ တြဲဖက္သရုပ္ေဆာင္ျပခဲ့ပါတယ္။ Jean-Michael Maire ကို ေသာ့ေတြအမ်ားၾကီးပါတဲ့ ေသာ့တြဲတစ္ခုကိုေပးထားျပီး Soraya ကုိ ေရခ်ဳိးကန္ထဲကေန ကယ္ထုတ္ဖို႔အတြက္ ေသာ့တစ္ေခ်ာင္းစီကုိ စမ္းသပ္ျပီး မွန္တဲ့ေသာ့တစ္ေခ်ာင္းရမွ ကယ္ထုတ္ႏုိင္မွာျဖစ္ပါတယ္။


သူက Soraya ကလြတ္ေျမာက္ေအာင္လုပ္ေပးႏုိင္လို႔ အႏုိင္ရသြားတဲ့အတြက္  အစီအစဥ္မွဴး Hanouna က Maire ကို ေအာင္ျမင္ျခင္း အထိမ္းအမွတ္အနမ္းေပးဖို႔ Soraya ကုိေတာင္းဆုိခဲ့ပါတယ္။ Soraya ကျငင္းခဲ့ျပီး Hanouna ကထပ္ကာတလဲလဲ ဂုဏ္ျပဳအနမ္းေပးဖို႔ အၾကံျပဳခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ Maire က Soraya ရဲ႕ ပါးကို နမ္းဖို႔ၾကိဳးစားခဲ့ျပီး သူမက ျငင္းဆန္ခဲ့တဲ့အတြက္ သူမရဲ႕ ရင္သားေတြကို နမ္းခဲ့ပါတယ္။


ပရိတ္သတ္အားလုံး အံ့အားသင့္သြားျပီး တုိက္ရိုက္လႊင့္ေနတဲ့ ဒီလိုအစီအစဥ္မ်ဳိးမွာ ဒီလိုေစာ္ကားတဲ့ အျပဳအမူမ်ဳိးကိုေတြ႔လုိက္ရတဲ့အတြက္ အရမ္းကို ေဒါသထြက္ခဲ့ၾကပါတယ္။ ေရဒီယုိနဲ႔ ရုပ္သံအစီအစဥ္ေတြကို ထိန္းသိမ္းတဲ့ ျပင္သစ္အစိုးရဌာန (CSA)ထံကို ဒီျဖစ္ရပ္နဲ႔ ပတ္သက္ျပီး တုိင္ၾကားစာေတြ၊ ေဝဖန္စာေတြ အမ်ားၾကီးေပးပို႔ခဲ့ၾကပါတယ္။ အမ်ဳိးသမီးအခြင့္အေရးဆုိင္ရာ ျပင္သစ္ဝန္ၾကီး Ever Laurence Rossignol ကလည္း ဒီကိစၥတစ္ခုလုံးကို ရႈံ႔ခ်ေၾကာင္းေဖာ္ျပခဲ့ပါတယ္။

လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြက ေနရာတုိင္းမွာ မည္သူမဆုိျဖစ္ႏုိင္ေနပါျပီ။ ဒီလုိကမာၻၾကီးမွာေနရတာ ဝမ္းနည္းစရာေကာင္းလွပါတယ္လုိ႔ ဆုိရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ယနေ့အချိန်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေက နေရာအနှံ့မှာ ဖြစ်ပေါ်နေပါတယ်။ အခုကတော့ ပြင်သစ်ရုပ်သံ အစီအစဉ်တင်ဆက်သူ Cyril Hanouna က ပြင်သစ်နိုင်ငံရဲ့ နာရီပေါင်း ၃၅ နာရီကြာအောင် အစီအစဉ်ရိုက်ကူးနေသူအဖြစ် စံချိန်တင်နိုင်ဖို့အတွက် အစီအစဉ်တစ်ခုကို ရိုက်ကူးနေတာဖြစ်ပါတယ်။ အစီအစဉ်နာမည်ကတော့ #35HoursOfBaba ဖြစ်ပြီး Kim Kardashian West ရဲ့ ပါရီဓားပြတိုက်မှုကို သရော်တင်ဆက်ထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Kim Kardashian ကို ပါရီမှာ ဓားစာခံအဖြစ်ဖမ်းထားခဲ့ပုံကို အစီအစဉ်မှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ Jean-Michael Maire ဆိုသူက Soraya ဆိုတဲ့အမျိုးသမီးနဲ့အတူ တွဲဖက်သရုပ်ဆောင်ပြခဲ့ပါတယ်။ Jean-Michael Maire ကို သော့တွေအများကြီးပါတဲ့ သော့တွဲတစ်ခုကိုပေးထားပြီး Soraya ကို ရေချိုးကန်ထဲကနေ ကယ်ထုတ်ဖို့အတွက် သော့တစ်ချောင်းစီကို စမ်းသပ်ပြီး မှန်တဲ့သော့တစ်ချောင်းရမှ ကယ်ထုတ်နိုင်မှာဖြစ်ပါတယ်။

သူက Soraya ကလွတ်မြောက်အောင်လုပ်ပေးနိုင်လို့ အနိုင်ရသွားတဲ့အတွက်  အစီအစဉ်မှူး Hanouna က Maire ကို အောင်မြင်ခြင်း အထိမ်းအမှတ်အနမ်းပေးဖို့ Soraya ကိုတောင်းဆိုခဲ့ပါတယ်။ Soraya ကငြင်းခဲ့ပြီး Hanouna ကထပ်ကာတလဲလဲ ဂုဏ်ပြုအနမ်းပေးဖို့ အကြံပြုခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Maire က Soraya ရဲ့ ပါးကို နမ်းဖို့ကြိုးစားခဲ့ပြီး သူမက ငြင်းဆန်ခဲ့တဲ့အတွက် သူမရဲ့ ရင်သားတွေကို နမ်းခဲ့ပါတယ်။

ပရိတ်သတ်အားလုံး အံ့အားသင့်သွားပြီး တိုက်ရိုက်လွှင့်နေတဲ့ ဒီလိုအစီအစဉ်မျိုးမှာ ဒီလိုစော်ကားတဲ့ အပြုအမူမျိုးကိုတွေ့လိုက်ရတဲ့အတွက် အရမ်းကို ဒေါသထွက်ခဲ့ကြပါတယ်။ ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကို ထိန်းသိမ်းတဲ့ ပြင်သစ်အစိုးရဌာန (CSA)ထံကို ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တိုင်ကြားစာတွေ၊ ဝေဖန်စာတွေ အများကြီးပေးပို့ခဲ့ကြပါတယ်။ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ပြင်သစ်ဝန်ကြီး Ever Laurence Rossignol ကလည်း ဒီကိစ္စတစ်ခုလုံးကို ရှုံ့ချကြောင်းဖော်ပြခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေက နေရာတိုင်းမှာ မည်သူမဆိုဖြစ်နိုင်နေပါပြီ။ ဒီလိုကမ္ဘာကြီးမှာနေရတာ ဝမ်းနည်းစရာကောင်းလှပါတယ်လို့ ဆိုရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top