Property Expo
×

ဘဝမွာ မွတ္မွတ္ရရ ပရေလာကသားေတြနဲ့ ၾကံဳေတြ့ခဲ့ဘူးတာကေတာ့ က်ြန္မ အသက္ (၁၆) ႏွစ္ေလာက္တုန္းကေပါ့။ အဲ့ဒီအခ်ိန္တုန္းက က်ြန္မရဲ့ ဖြားဖြားႏွာေခါင္း ခြဲစိတ္ကုသမွဳခံယူဖို့အတြက္ ရန္ကုန္၊ တာေမြၿမိဳ့နယ္ထဲက ေဆးရံုတခုမွာ တက္ရတယ္။ အခုေၿပာၿပခ်င္တဲ့ ဇာတ္လမ္းက ေဆးရံုမွာ အဖြားကို လူနာေစာင့္ရင္းနဲ့ ၾကံဳရဆံုရတာပါ။ အဖြား ေဆးရံုတက္ခ်ိန္မွာ က်ြန္မရဲ့ ဖခင္က သူ႕ေယာကၡမ၊ က်ြန္မဖြားဖြားကို သူတာဝန္ယူ ညအိပ္ေစာင့္ေပးမယ္ဆိုျပီး က်န္ခဲ့တယ္။ ထံုးတမ္းစဥ္လာအရ အမ်ိဳးသမီးလူနာကို အမ်ိဳးသား လူနာေစာင့္ ထားခြင့္မရွိေပမယ့္ က်ြန္မ ဖခင္ ဘယ္လိုနည္းနဲ့ ခြင့္ၿပဳခ်က္ ရခဲ့တယ္ဆိုတာကိုေတာ့ ဒီေနရာမွာ ေရးၿပဖို့ မလိုအပ္ဘူး ထင္လို့ ခ်န္လွပ္ထားခဲ့ပါ့မယ္။ အဖြား ရတဲ့အခန္းက ေဆးရံုရဲ့ ဒုတိယထပ္ေထာင့္စြန္းအက်ဆံုး အခန္းပါ။ ျဖစ္ခ်င္ေတာ့ အေပၚ ထပ္ကပ္လ်က္ အခန္းကလည္း လူနာမရွိဘူး။ ေအာက္ထပ္ကေတာ့ ေဟာခန္းၾကီးေပါ့ေနာ္။

ေဘးခန္းေတြမွာလည္း လူမရွိဘူးေလ။ ဒီလိုနဲ႕ အဖြားခြဲစိတ္ခန္းထဲကထြက္လာေတာ့ အခ်ိန္က ညေန(၆) နာရီခြဲ ပတ္ဝန္းက်င္ေလာက္ေတာ့ ရွိေနပါၿပီ။ ေမွာင္ရိပ္ပ်ိဳးေနၿပီဆိုေတာ့ က်ြန္မရဲ့ အေမရယ္၊ အေဒၚရယ္ကလည္း အိမ္ကိုၿပန္ေရာေပါ့။ အေဖပဲ ေစာင့္ေပးေနတာ။ ေမ့ေဆးၿပယ္ၿပီး သတိရတဲ့အခ်ိန္မွာ အဖြားက ၿပဴတင္းေပါက္နားမွာဆိုေတာ့ အျပင္ကိုလွမ္းၾကည့္ျပီး က်ြန္မရဲ့ အေဖကို...... "ဟဲ့ေမာင္ျမင့္ေ႒း ဓာတ္မီးတိုင္ကလူတေယာက္ခိုစီးေနတလိုပဲ လႈပ္ေနတယ္" လို့ေၿပာတယ္။ အေဖလည္းေတြ႕တယ္။ ဒါေပမယ့္ ခြဲခန္းထဲက ထြက္လာကာစမို့ (Surgical Stress) နည္းနည္း ရွိေနတဲ့ အဖြား စိတ္ေၿခာက္ၿခားၿပီး အားငယ္ေနမွာ စိုးရိမ္တာေၾကာင့္ "မဟုတ္ပါဘူး။ အေမကလည္းခြဲျပီးခါစမို႕စိတ္ထင္တာပါ " လို့ ၿပန္ေၿပာလိုက္ရတယ္။ အေဖလွမ္းၾကည့္လိုက္ေတာ့လည္း အဲဒီဓာတ္မီးတိုင္က တတိုင္ျပီးတတိုင္ ကူးပီးလႈပ္သြားတာတဲ့။ အဲဒီေန႕မွာပဲ ပထမဦးဆုံးေန႕ဆိုေတာ့ အေဖလည္း ေဆးရုံအထာေတြ သိပ္မသိေသးဘူးထင္ရဲ့။

ညသန္းေခါင္ ၂ခ်က္တီးေလာက္ၾကီးမွာ ေရအိမ္သြားခ်င္ပါေလေရာ။ ရိုင္းရိုင္းေၿပာရရင္ေတာ့ အိမ္သာတက္ခ်င္လာတာေပါ့။ အိပ္ယာကေန ထျပီးၾကည့္လိုက္ေတာ့ အိမ္သာတံခါးကဟေနတယ္။ ျပီးေတာ့ မီးပြင့္ျပီးေရသံေတြၾကားေနရတာတဲ့။ အေဖလည္းသူနာျပဳထင္ျပီးေစာင့္တာေပါ့။ ၁၅ မိနစ္လည္းမဟုတ္၊ နာရီဝက္လည္းမဟုတ္နဲ့ အိမ္သာတက္ခ်င္တဲ့ ေဝဒနာကို ၾကိတ္မွိတ္ခံစားေနရာက ဘယ္လိုမွ မၿမိဳသိပ္ႏိုင္ေတာ့အဆံုး တံခါးေခါက္ၿပီး ဖြင့္ၾကည့္လိုက္ေတာ့မွ မီးလည္းပိတ္သြားၿပီး ေရသံလည္းမၾကားရေတာ့ဘူးတဲ့။

အေဖ့ အလွည့္ၿပီးလို့ က်ြန္မၾကံဳရတဲ့ အလွည့္ကေတာ့ ေနာက္(၃)ရက္ေၿမာက္ေန့ရဲ့ ညဦးပိုင္းမွာပါ။ က်ြန္မတို့ မိသားစုေတြ အဖြားဆီကို နာလန္ထလူမမာ သတင္းေမးဖို့ သြားၾကတဲ့ အခ်ိန္။ အဲတုန္းက အေဖက က်ြန္မတို့ ကေလးေတြကို ေသခ်ာမွာပါတယ္။ ေဆးရုံထဲမွာေလွ်ာက္မသြားနဲ႕ေနာ္ တဲ့။ ကိုယ့္သမီးအေၾကာင္းကိုယ္သိလို႕နဲ႕တူပါတယ္ ဟီဟိ။ သမီးၿဖစ္သူ က်ြန္မကလည္း မိဘစကားကို ေၿမဝယ္မက် နားေထာင္တတ္ရွာတာကိုး။ အေဖေၿပာျပီးလို့ ဘာမွေတာင္မၾကာ ဘူး။

အေမ့ဆီကို ဖုန္းဝင္လာတယ္။ အဖြားအမ်ိဳးေတြ ေဆးရုံဝင္းေရွ႕ေရာက္ေနျပီတဲ့။ အခန္းမသိလို႕လာေခၚပါတဲ့။ အဲဒီအခ်ိန္က အဖြားက ခြဲစိတ္ဒဏ္ရာအနာသက္သာေအာင္ ေဆးထိုးထားလို႕ ခုတင္ေပၚမွာမွိန္းေနတဲ့အခ်ိန္။ က်ြန္မရဲ့ေမာင္ေလးကလည္း အဖြားေဘးနားမွာအိပ္ေနေရာ။ အဲဒါနဲ႕အေဖနဲ႕အေမက ေဆးရုံဝင္းဆီသြားျပီး အမ်ိဳးေတြကို သြားၾကိဳၾကတယ္ေလ။ အဲ့အခ်ိန္မွာ က်ြန္မလည္း စကားေၿပာဖို့ အေဖာ္လည္းမရွိ၊ တေယာက္ထဲဆိုေတာ့ ပ်င္းေနတာေပါ့။ ျပဳတင္းေပါက္ကလွမ္းၾကည့္လိုက္ေတာ့ က်ြန္မ အေမနဲ့ အေဖတို့က ေဆြမ်ိဳးေတြနဲ့ စကားလက္ဆံု ေၿပာလို့မကုန္ၿဖစ္ေနၾကေလရဲ့။ က်ြန္မလည္း စိတ္ကူးေပါက္တာနဲ့ လိုက္သြားမယ္ စဥ္းစားျပီး ေဟာခန္းကိုသြားေရာ။ အဲ့မွာ ေလွကားအၾကီးၾကီးဆင္းရတာ ေက်ာခ်မ္းစရာၾကီးရယ္။ က်ြန္မကေတာ့ ကိုယ့္အေတြးနဲ႕ကိုယ္ဆိုေတာ့ ပတ္ဝန္းက်င္ကိုလည္း သတိမထားမိဘူး။ ေလွကားကဆင္းလာလို့ လမ္းတဝက္ပဲေရာက္ေသးတယ္။ ရုတ္တရက္ မီးကျဖတ္ဆိုပ်က္သြားပါေလေရာ။

က်ြန္မက ေလွကားမွာတေယာက္ထဲ ။ အနီးအနားမွာလည္း တေယာက္တေလမွမရွိ။ ဘာကိုမွလည္း အေသအခ်ာ သဲသဲကြဲကြဲ မျမင္ရ။ အသံဗလံေတြ တိတ္ဆိတ္လို့။ က်ြန္မက အဲ့ဒီအခ်ိန္တုန္းက အသက္(၁၆)ႏွစ္ပတ္ဝန္းက်င္ဆိုေတာ့ ကေလးသာသာပဲေလ။ နည္းနည္းေတာ့ လန့္လာတာေပါ့။ မွတ္မွတ္ရရ ၾကက္သီးေမြးညင္း ေတြထလာေရာ။ စိတ္ထဲကေတာ့ ဘာလည္းဟေပါ့။ ေနာက္ျပီး ကိုယ့္ေနာက္မွာ တေယာက္ေယာက္က ကိုယ့္ကို စူးစူးစိုက္စိုက္ ၾကည့္ေနသလို ခံစားလာရတယ္။ ကိုယ့္စိတ္ကိုယ္ ၿပန္အားတင္ၿပီး ေနာက္ၿပန္လွည့္ၾကည့္လိုက္ပါတယ္။ ဘာမွမေတြ႕ဘူး။ အဲအခ်ိန္မွာ က်ြန္မပခုံးေပၚကို ဖတ္ဆိုျပီး ေအးစက္တဲ့ အထိအေတြ့နဲ့ အရာတခု လာထိလိုက္တာ ေခါင္းထဲမွာ ဒိုင္းကနဲပဲ။ အရမ္းကိုလန္႕သြားတာ။ ဘာဘုရားစာမွရြတ္ခ်ိန္မရွိဘူး။ လူကက်က္ေသေသေနျပီ။ အဲအခ်ိန္မွာပဲ က်ြန္မကို တိုက္ခ်သြားတာ။ အဲေတာ့မွ ဘာမွမေတြးေတာ့ဘူး ။ ေဟာခန္းထဲလည္းမျဖတ္ရဲေတာ့ဘူး။ က်န္တဲ့ေလွကားတဝက္ကို အေပၚျပန္တက္ေၿပးတာ။ အဖြားရွိတဲ့အထပ္ကိုေပါ့ေနာ္။

အဖြားအခန္းက ေထာင့္စြန္းအခန္း ၿဖစ္ေနေတာ့ မွန္းရလြယ္တယ္ေလ။ အဲလိုေျပးေနရင္းနဲ့ က်ြန္မနားထဲမွာ စကားေျပာသံေတြကို ၾကားလိုက္ရတယ္။ အဲေတာ့မွ ကိုယ့္ပတ္ဝန္းက်င္မွာ လူေတြရွိေနပါေသးလားလို့ စိတ္အားတင္းလို့ရၿပီး အေၾကာက္နည္းနည္းေၿပသြားေတာ့တယ္။ ကိုယ့္ဟာကိုလည္းရယ္ခ်င္သြားတယ္။ တယ္ေၾကာက္တတ္တဲ့ ငါပါလားေနာ္ဆိုျပီး။ က်ြန္မလည္း အေဖတို့ကို စိတ္ပူမိတာနဲ့ အခန္းေပါက္ဝမွာ တေယာက္တည္း ထိုင္ေစာင့္ေနမိတယ္။ ခဏေလာက္အၾကာမွာ မီးျပန္လာပါတယ္။ အေဖတို႕လည္း အေပၚထပ္ကို ၿပန္တက္လာၾကတယ္။ ျပီးေတာ့ က်ြန္မကိုေမးတယ္။ "မီးပ်က္သြားတယ္မဟုတ္လား???? "တဲ့။

က်ြန္မ ဟုတ္တယ္လို႕ ၿပန္ေၿဖေတာ့ အေဖထပ္ေမးလိုက္တာက ေလွကားတဝက္ ေရာက္မွျဖစ္တာလား????? ဆိုၿပီး ဒဲ့ဒိုုးၾကီးေမးခ်လိုက္ေရာ။ က်ြန္မ လည္း ရုတ္တရက္ဆိုေတာ့ ဘာၿပန္ေၿဖလို့ ေၿဖရမွန္းေတာင္ မသိပဲ ေၾကာင္သြား တာေပါ့။ အေမကလည္း ဘာျဖစ္တာလည္းပဲ တေမးတည္းေမးေနေရာ။ အေဖက အဖြားေဆးရုံဆင္းမွေျပာမယ္တဲ့။ က်ြန္မကေတာ့ ေၿပာလိုက္ပါတယ္။ ေဘးခန္းက လူေတြစကားေၿပာေနသံၾကားမွ အေၾကာက္ေျပတာဆို ေတာ့ အေဖကျပဴးၾကည့္တယ္(မ်က္စိ)။ၿပီးေတာ့ ဆက္ေမးတယ္။ ဘယ္ေဘးခန္းကလဲ???တဲ့။ အဖြားေဘးခန္းကေပါ့လို က်ြန္မၿပန္ေၿပာေတာ့ အေဖကရယ္တယ္။ ဘယ္ ေဘးခန္းမေျပာနဲ႕ အေပၚေအာက္ ပတ္ပတ္လယ္တခန္းမွလူမရွိဘူးတဲ့။ ေအးေရာ။ အဲတုန္းက ဧည့္သည္ေတြကလည္း အဖြားအခန္းထဲမွာ။ ေနာက္ေတာ့အဖြားေဆးရုံဆင္းေရာ။ ေဆးရံုကဆင္းလာလို့ အိမ္ၿပန္ေရာက္လာတာေတာင္ အဖြားကို နာလန္ထ သတင္းလာေမးတဲ့ ေဆြမ်ိဳးမိတ္သဂၤဟေတြက ကုန္ႏိုင္ေသးဘူး။

အဲအဖြားနဲ႕စကားေတြေျပာေနေတာ့ က်ြန္မလည္း အဖြားအိမ္ေရာက္ေနတာနဲ႕ ဒီလိုပဲပ်င္းေတာ့လူၾကီးစကားဝိုင္းထဲဝင္နားေထာင္တယ္ေပါ့ေနာ္။ အဲဒီမွာ အဖြားကိုေဆးရုံသတင္းေမးလာတဲ့ ဧည့္သည္လင္မယားက အဖြားကို ေဆးရုံတက္တုန္းက ဘာမွမျဖစ္ဘူးလားတဲ့။ အဖြားက ဘာကိုလဲလို့ ၿပန္ေမးေတာ့ သူတို႕ေဆးရုံလာေမးတုန္းက ျပဳတင္းေပါက္အျပင္မွာ လင္မယား၂ေယာက္နဲ႕တူတယ္။ ရပ္ျပီး ေကာ္ရစ္ဒါကိုလက္ညိဳးထိုးျပီးစကားေျပာေနၾကတယ္ တဲ့ေလ။ သူတို႕ကိုေတြ႕ေတာ့ ရယ္ေတာင္ ရယ္ျပလိုက္ေသးတယ္တဲ့။ သူတို႕ကလည္း ေၾသာ္....ဒီေဆးရုံကိုလူနာၾကည့္လာတယ္ပဲ မွတ္တာတဲ့။

အဲဒါဆိုလည္း ဘာလို႕ေဆးရုံအျပင္က ၿပဳတင္းေပါက္မွာ လာေခ်ာင္းေနရတာလဲေပါ့။ ဝင္လာတာ မဟုတ္ဘူးဆိုျပီး...ေတြးေနတာတဲ့။ ေနာက္မွ အဖြားအခန္းထဲကို ဝင္ျပီးျပဳတင္းေပါက္ကိုၾကည့္ေတာ့မွ ဒုတိယထပ္မွန္း သတိထားမိတာတဲ့။ အဲေတာ့မွေက်ာခ်မ္းတာတဲ့။ အဲဒါနဲ႕အေဖလည္းသူ့ရဲ့ ေဆးရံုအေတြ့အၾကံဳကို ဝင္ေၿပာၿပပါေတာ့တယ္။ အေဖနဲ့ ဖြားဖြား အဲ့ဒီေဆးရံုမွာ ေၿခာက္လွန့္ခံရတဲ့ အေၾကာင္းအရာေတြ ေနာက္ပိုင္းေတြလည္းရွိေပမယ့္ အစားမက္ၿပီး အၿပင္ထြက္၊မုန့္ထြက္၀ယ္လိုက္ေတာ့ သူတို့ဆက္ေၿပာၾကတဲ့ အေၾကာင္းအရာေတြကို က်ြန္မ သိခြင့္မရလိုက္ပါဘူး။ ဒါေပမယ့္ လက္လွမ္းမီသေလာက္ေတာ့ ၿပန္ေမးၾကည့္ၿပီး ထပ္ေရးေပးပါဦးမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thayae.blogspot

#Unicode Version

ဘဝမှာ မှတ်မှတ်ရရ ပရလောကသားတွေနဲ့ ကြုံတွေ့ခဲ့ဘူးတာကတော့ ကျွန်မ အသက် (၁၆) နှစ်လောက်တုန်းကပေါ့။ အဲ့ဒီအချိန်တုန်းက ကျွန်မရဲ့ ဖွားဖွားနှာခေါင်း ခွဲစိတ်ကုသမှုခံယူဖို့အတွက် ရန်ကုန်၊ တာမွေမြို့နယ်ထဲက ဆေးရုံတခုမှာ တက်ရတယ်။ အခုပြောပြချင်တဲ့ ဇာတ်လမ်းက ဆေးရုံမှာ အဖွားကို လူနာစောင့်ရင်းနဲ့ ကြုံရဆုံရတာပါ။ အဖွား ဆေးရုံတက်ချိန်မှာ ကျွန်မရဲ့ ဖခင်က သူ့ယောက္ခမ၊ ကျွန်မဖွားဖွားကို သူတာဝန်ယူ ညအိပ်စောင့်ပေးမယ်ဆိုပြီး ကျန်ခဲ့တယ်။ ထုံးတမ်းစဉ်လာအရ အမျိုးသမီးလူနာကို အမျိုးသား လူနာစောင့် ထားခွင့်မရှိပေမယ့် ကျွန်မ ဖခင် ဘယ်လိုနည်းနဲ့ ခွင့်ပြုချက် ရခဲ့တယ်ဆိုတာကိုတော့ ဒီနေရာမှာ ရေးပြဖို့ မလိုအပ်ဘူး ထင်လို့ ချန်လှပ်ထားခဲ့ပါ့မယ်။ အဖွား ရတဲ့အခန်းက ဆေးရုံရဲ့ ဒုတိယထပ်ထောင့်စွန်းအကျဆုံး အခန်းပါ။ ဖြစ်ချင်တော့ အပေါ် ထပ်ကပ်လျက် အခန်းကလည်း လူနာမရှိဘူး။ အောက်ထပ်ကတော့ ဟောခန်းကြီးပေါ့နော်။

ဘေးခန်းတွေမှာလည်း လူမရှိဘူးလေ။ ဒီလိုနဲ့ အဖွားခွဲစိတ်ခန်းထဲကထွက်လာတော့ အချိန်က ညနေ(၆) နာရီခွဲ ပတ်ဝန်းကျင်လောက်တော့ ရှိနေပါပြီ။ မှောင်ရိပ်ပျိုးနေပြီဆိုတော့ ကျွန်မရဲ့ အမေရယ်၊ အဒေါ်ရယ်ကလည်း အိမ်ကိုပြန်ရောပေါ့။ အဖေပဲ စောင့်ပေးနေတာ။ မေ့ဆေးပြယ်ပြီး သတိရတဲ့အချိန်မှာ အဖွားက ပြူတင်းပေါက်နားမှာဆိုတော့ အပြင်ကိုလှမ်းကြည့်ပြီး ကျွန်မရဲ့ အဖေကို...... "ဟဲ့မောင်မြင့်ေဋ္ဌး ဓာတ်မီးတိုင်ကလူတယောက်ခိုစီးနေတလိုပဲ လှုပ်နေတယ်" လို့ပြောတယ်။ အဖေလည်းတွေ့တယ်။ ဒါပေမယ့် ခွဲခန်းထဲက ထွက်လာကာစမို့ (Surgical Stress) နည်းနည်း ရှိနေတဲ့ အဖွား စိတ်ခြောက်ခြားပြီး အားငယ်နေမှာ စိုးရိမ်တာကြောင့် "မဟုတ်ပါဘူး။ အမေကလည်းခွဲပြီးခါစမို့စိတ်ထင်တာပါ " လို့ ပြန်ပြောလိုက်ရတယ်။ အဖေလှမ်းကြည့်လိုက်တော့လည်း အဲဒီဓာတ်မီးတိုင်က တတိုင်ပြီးတတိုင် ကူးပီးလှုပ်သွားတာတဲ့။ အဲဒီနေ့မှာပဲ ပထမဦးဆုံးနေ့ဆိုတော့ အဖေလည်း ဆေးရုံအထာတွေ သိပ်မသိသေးဘူးထင်ရဲ့။

ညသန်းခေါင် ၂ချက်တီးလောက်ကြီးမှာ ရေအိမ်သွားချင်ပါလေရော။ ရိုင်းရိုင်းပြောရရင်တော့ အိမ်သာတက်ချင်လာတာပေါ့။ အိပ်ယာကနေ ထပြီးကြည့်လိုက်တော့ အိမ်သာတံခါးကဟနေတယ်။ ပြီးတော့ မီးပွင့်ပြီးရေသံတွေကြားနေရတာတဲ့။ အဖေလည်းသူနာပြုထင်ပြီးစောင့်တာပေါ့။ ၁၅ မိနစ်လည်းမဟုတ်၊ နာရီဝက်လည်းမဟုတ်နဲ့ အိမ်သာတက်ချင်တဲ့ ဝေဒနာကို ကြိတ်မှိတ်ခံစားနေရာက ဘယ်လိုမှ မမြိုသိပ်နိုင်တော့အဆုံး တံခါးခေါက်ပြီး ဖွင့်ကြည့်လိုက်တော့မှ မီးလည်းပိတ်သွားပြီး ရေသံလည်းမကြားရတော့ဘူးတဲ့။ အဖေ့ အလှည့်ပြီးလို့ ကျွန်မကြုံရတဲ့ အလှည့်ကတော့ နောက်(၃)ရက်မြောက်နေ့ရဲ့ ညဦးပိုင်းမှာပါ။ ကျွန်မတို့ မိသားစုတွေ အဖွားဆီကို နာလန်ထလူမမာ သတင်းမေးဖို့ သွားကြတဲ့ အချိန်။ အဲတုန်းက အဖေက ကျွန်မတို့ ကလေးတွေကို သေချာမှာပါတယ်။ ဆေးရုံထဲမှာလျှောက်မသွားနဲ့နော် တဲ့။ ကိုယ့်သမီးအကြောင်းကိုယ်သိလို့နဲ့တူပါတယ် ဟီဟိ။ သမီးဖြစ်သူ ကျွန်မကလည်း မိဘစကားကို မြေဝယ်မကျ နားထောင်တတ်ရှာတာကိုး။ အဖေပြောပြီးလို့ ဘာမှတောင်မကြာ ဘူး။

အမေ့ဆီကို ဖုန်းဝင်လာတယ်။ အဖွားအမျိုးတွေ ဆေးရုံဝင်းရှေ့ရောက်နေပြီတဲ့။ အခန်းမသိလို့လာခေါ်ပါတဲ့။ အဲဒီအချိန်က အဖွားက ခွဲစိတ်ဒဏ်ရာအနာသက်သာအောင် ဆေးထိုးထားလို့ ခုတင်ပေါ်မှာမှိန်းနေတဲ့အချိန်။ ကျွန်မရဲ့မောင်လေးကလည်း အဖွားဘေးနားမှာအိပ်နေရော။ အဲဒါနဲ့အဖေနဲ့အမေက ဆေးရုံဝင်းဆီသွားပြီး အမျိုးတွေကို သွားကြိုကြတယ်လေ။ အဲ့အချိန်မှာ ကျွန်မလည်း စကားပြောဖို့ အဖော်လည်းမရှိ၊ တယောက်ထဲဆိုတော့ ပျင်းနေတာပေါ့။ ပြုတင်းပေါက်ကလှမ်းကြည့်လိုက်တော့ ကျွန်မ အမေနဲ့ အဖေတို့က ဆွေမျိုးတွေနဲ့ စကားလက်ဆုံ ပြောလို့မကုန်ဖြစ်နေကြလေရဲ့။ ကျွန်မလည်း စိတ်ကူးပေါက်တာနဲ့ လိုက်သွားမယ် စဉ်းစားပြီး ဟောခန်းကိုသွားရော။ အဲ့မှာ လှေကားအကြီးကြီးဆင်းရတာ ကျောချမ်းစရာကြီးရယ်။ ကျွန်မကတော့ ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိဘူး။ လှေကားကဆင်းလာလို့ လမ်းတဝက်ပဲရောက်သေးတယ်။ ရုတ်တရက် မီးကဖြတ်ဆိုပျက်သွားပါလေရော။

ကျွန်မက လှေကားမှာတယောက်ထဲ ။ အနီးအနားမှာလည်း တယောက်တလေမှမရှိ။ ဘာကိုမှလည်း အသေအချာ သဲသဲကွဲကွဲ မမြင်ရ။ အသံဗလံတွေ တိတ်ဆိတ်လို့။ ကျွန်မက အဲ့ဒီအချိန်တုန်းက အသက်(၁၆)နှစ်ပတ်ဝန်းကျင်ဆိုတော့ ကလေးသာသာပဲလေ။ နည်းနည်းတော့ လန့်လာတာပေါ့။ မှတ်မှတ်ရရ ကြက်သီးမွေးညင်း တွေထလာရော။ စိတ်ထဲကတော့ ဘာလည်းဟပေါ့။ နောက်ပြီး ကိုယ့်နောက်မှာ တယောက်ယောက်က ကိုယ့်ကို စူးစူးစိုက်စိုက် ကြည့်နေသလို ခံစားလာရတယ်။ ကိုယ့်စိတ်ကိုယ် ပြန်အားတင်ပြီး နောက်ပြန်လှည့်ကြည့်လိုက်ပါတယ်။ ဘာမှမတွေ့ဘူး။ အဲအချိန်မှာ ကျွန်မပခုံးပေါ်ကို ဖတ်ဆိုပြီး အေးစက်တဲ့ အထိအတွေ့နဲ့ အရာတခု လာထိလိုက်တာ ခေါင်းထဲမှာ ဒိုင်းကနဲပဲ။ အရမ်းကိုလန့်သွားတာ။ ဘာဘုရားစာမှရွတ်ချိန်မရှိဘူး။ လူကကျက်သေသေနေပြီ။ အဲအချိန်မှာပဲ ကျွန်မကို တိုက်ချသွားတာ။ အဲတော့မှ ဘာမှမတွေးတော့ဘူး ။ ဟောခန်းထဲလည်းမဖြတ်ရဲတော့ဘူး။ ကျန်တဲ့လှေကားတဝက်ကို အပေါ်ပြန်တက်ပြေးတာ။ အဖွားရှိတဲ့အထပ်ကိုပေါ့နော်။ အဖွားအခန်းက ထောင့်စွန်းအခန်း ဖြစ်နေတော့ မှန်းရလွယ်တယ်လေ။ အဲလိုပြေးနေရင်းနဲ့ ကျွန်မနားထဲမှာ စကားပြောသံတွေကို ကြားလိုက်ရတယ်။ အဲတော့မှ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေရှိနေပါသေးလားလို့ စိတ်အားတင်းလို့ရပြီး အကြောက်နည်းနည်းပြေသွားတော့တယ်။ ကိုယ့်ဟာကိုလည်းရယ်ချင်သွားတယ်။ တယ်ကြောက်တတ်တဲ့ ငါပါလားနော်ဆိုပြီး။ ကျွန်မလည်း အဖေတို့ကို စိတ်ပူမိတာနဲ့ အခန်းပေါက်ဝမှာ တယောက်တည်း ထိုင်စောင့်နေမိတယ်။ ခဏလောက်အကြာမှာ မီးပြန်လာပါတယ်။ အဖေတို့လည်း အပေါ်ထပ်ကို ပြန်တက်လာကြတယ်။ ပြီးတော့ ကျွန်မကိုမေးတယ်။ "မီးပျက်သွားတယ်မဟုတ်လား???? "တဲ့။

ကျွန်မ ဟုတ်တယ်လို့ ပြန်ဖြေတော့ အဖေထပ်မေးလိုက်တာက လှေကားတဝက် ရောက်မှဖြစ်တာလား????? ဆိုပြီး ဒဲ့ဒိုုးကြီးမေးချလိုက်ရော။ ကျွန်မ လည်း ရုတ်တရက်ဆိုတော့ ဘာပြန်ဖြေလို့ ဖြေရမှန်းတောင် မသိပဲ ကြောင်သွား တာပေါ့။ အမေကလည်း ဘာဖြစ်တာလည်းပဲ တမေးတည်းမေးနေရော။ အဖေက အဖွားဆေးရုံဆင်းမှပြောမယ်တဲ့။ ကျွန်မကတော့ ပြောလိုက်ပါတယ်။ ဘေးခန်းက လူတွေစကားပြောနေသံကြားမှ အကြောက်ပြေတာဆို တော့ အဖေကပြူးကြည့်တယ်(မျက်စိ)။ပြီးတော့ ဆက်မေးတယ်။ ဘယ်ဘေးခန်းကလဲ???တဲ့။ အဖွားဘေးခန်းကပေါ့လို ကျွန်မပြန်ပြောတော့ အဖေကရယ်တယ်။ ဘယ် ဘေးခန်းမပြောနဲ့ အပေါ်အောက် ပတ်ပတ်လယ်တခန်းမှလူမရှိဘူးတဲ့။ အေးရော။ အဲတုန်းက ဧည့်သည်တွေကလည်း အဖွားအခန်းထဲမှာ။ နောက်တော့အဖွားဆေးရုံဆင်းရော။ ဆေးရုံကဆင်းလာလို့ အိမ်ပြန်ရောက်လာတာတောင် အဖွားကို နာလန်ထ သတင်းလာမေးတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေက ကုန်နိုင်သေးဘူး။

အဲအဖွားနဲ့စကားတွေပြောနေတော့ ကျွန်မလည်း အဖွားအိမ်ရောက်နေတာနဲ့ ဒီလိုပဲပျင်းတော့လူကြီးစကားဝိုင်းထဲဝင်နားထောင်တယ်ပေါ့နော်။ အဲဒီမှာ အဖွားကိုဆေးရုံသတင်းမေးလာတဲ့ ဧည့်သည်လင်မယားက အဖွားကို ဆေးရုံတက်တုန်းက ဘာမှမဖြစ်ဘူးလားတဲ့။ အဖွားက ဘာကိုလဲလို့ ပြန်မေးတော့ သူတို့ဆေးရုံလာမေးတုန်းက ပြုတင်းပေါက်အပြင်မှာ လင်မယား၂ယောက်နဲ့တူတယ်။ ရပ်ပြီး ကော်ရစ်ဒါကိုလက်ညိုးထိုးပြီးစကားပြောနေကြတယ် တဲ့လေ။ သူတို့ကိုတွေ့တော့ ရယ်တောင် ရယ်ပြလိုက်သေးတယ်တဲ့။ သူတို့ကလည်း သြော်....ဒီဆေးရုံကိုလူနာကြည့်လာတယ်ပဲ မှတ်တာတဲ့။

အဲဒါဆိုလည်း ဘာလို့ဆေးရုံအပြင်က ပြုတင်းပေါက်မှာ လာချောင်းနေရတာလဲပေါ့။ ဝင်လာတာ မဟုတ်ဘူးဆိုပြီး...တွေးနေတာတဲ့။ နောက်မှ အဖွားအခန်းထဲကို ဝင်ပြီးပြုတင်းပေါက်ကိုကြည့်တော့မှ ဒုတိယထပ်မှန်း သတိထားမိတာတဲ့။ အဲတော့မှကျောချမ်းတာတဲ့။ အဲဒါနဲ့အဖေလည်းသူ့ရဲ့ ဆေးရုံအတွေ့အကြုံကို ဝင်ပြောပြပါတော့တယ်။ အဖေနဲ့ ဖွားဖွား အဲ့ဒီဆေးရုံမှာ ခြောက်လှန့်ခံရတဲ့ အကြောင်းအရာတွေ နောက်ပိုင်းတွေလည်းရှိပေမယ့် အစားမက်ပြီး အပြင်ထွက်၊မုန့်ထွက်ဝယ်လိုက်တော့ သူတို့ဆက်ပြောကြတဲ့ အကြောင်းအရာတွေကို ကျွန်မ သိခွင့်မရလိုက်ပါဘူး။ ဒါပေမယ့် လက်လှမ်းမီသလောက်တော့ ပြန်မေးကြည့်ပြီး ထပ်ရေးပေးပါဦးမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:thayae.blogspot.co.uk
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top