Kantharyar Centre
×

၁။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ အရည္အေသြးစစ္မွန္ ေကာင္းမြန္ၿပီး ေဘးဥပဒ္အၲရာယ္ကင္းရွင္းကာ အက်ိဳးအာနိသင္ရွိေသာ ေဆးဝါးမ်ားကို အမ်ားျပည္သူတို႔သုံးစြဲႏိုင္ရန္ စနစ္တက်ကြပ္ကဲၾကပ္မတ္လ်က္ ရွိပါသည္။

၂။ ေစ်းကြက္ရွိေဆးဝါးမ်ားကို ပုံမွန္စစ္ေဆးေဆာင္ရြက္ ခဲ့ရာ ေဆးဘူးေပၚတြင္ ေဖာ္ျပခ်က္အရDanion Co.,Ltd. Samuthprakarnထုတ္ ျမန္မာႏိုင္ငံတြင္ ေဆးဝါး မွတ္ပုံတင္မရွိေသာQuinine S Tablet (Quinine Sulfate 300mg) ေဆးဝါးသည္ ေဆးဝါးအတု (အတု)ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရပါသည္။Quinine ေဆးဝါးမွာ ဦးေႏွာက္ငွက္ဖ်ားေရာဂါ (Falciparum Malaria) တြင္ အဓိက ထားကုသသည့္ေဆးျဖစ္ပါသည္။

၃။ ေဆးဝါးအတု၊ စံမညီေဆးဝါးမ်ားကို မွီဝဲေသာ ေရာဂါေဝဒနာရွင္မ်ားသည္ စရိတ္မ်ားစြာ ကုန္က်သည့္အျပင္ မိမိတို႔ခံစားေနရေသာ ေရာဂါ မ်ားေပ်ာက္ကင္း ျခင္း(လုံးဝ)မရွိဘဲ ပိုမိုဆိုးရြားေသာ အေျခအေန ခံစားရမည္ျဖစ္သည့္အျပင္ အသက္အၲရာယ္လည္း ရွိႏိုင္ပါသည္။

သို႔ျဖစ္၍ ေဆးဝါးတင္သြင္း ျဖန္႔ျဖဴး သည့္ ကုမၸဏီ၊ ေဆးဆိုင္ မ်ားသည္ ျမန္မာ ႏိုင္ငံတြင္ မွတ္ပုံတင္ထားျခင္း မရွိ ေသာ ေဆးဝါး မ်ား၊ ေဆးဝါးအတု၊ စံမ ညီေဆးဝါးမ်ား တင္သြင္းျဖန္႔ျဖဴး ေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္(ethic)အရ လုံးဝ (လုံးဝ)မျပဳရန္ႏွင့္ လိုက္နာ ေဆာင္ရြက္ျခင္းမရွိပါက သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းက အမ်ိဳးသား ေဆးဝါး ဥပေဒပုဒ္မ(၁၈)အရ ျပစ္မႈ က်ဴးလြန္သူကို တရားစြဲဆို အေရးယူ မည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန

#Unicode Version
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အ္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော ဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲကြပ်မတ်လျက် ရှိပါသည်။

၂။ ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက် ခဲ့ရာ ဆေးဘူးပေါ်တွင် ဖော်ပြချက်အရDanion Co.,Ltd. Samuthprakarnထုတ် မြန်မာနိုင်ငံတွင် ဆေးဝါး မှတ်ပုံတင်မရှိသောQuinine S Tablet (Quinine Sulfate 300mg) ဆေးဝါးသည် ဆေးဝါးအတု (အတု)ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။Quinine ဆေးဝါးမှာ ဦးနှောက်ငှက်ဖျားရောဂါ (Falciparum Malaria) တွင် အဓိက ထားကုသသည့်ဆေးဖြစ်ပါသည်။

၃။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသော ရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့်အပြင် မိမိတို့ခံစားနေရသော ရောဂါ များပျောက်ကင်း ခြင်း(လုံးဝ)မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေ ခံစားရမည်ဖြစ်သည့်အပြင် အသက်အ္တရာယ်လည်း ရှိနိုင်ပါသည်။

သို့ဖြစ်၍ ဆေးဝါးတင်သွင်း ဖြန့်ဖြူး သည့် ကုမ္ပဏီ၊ ဆေးဆိုင် များသည် မြန်မာ နိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိ သော ဆေးဝါး များ၊ ဆေးဝါးအတု၊ စံမ ညီဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ်(ethic)အရ လုံးဝ (လုံးဝ)မပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ(၁၈)အရ ပြစ်မှု ကျူးလွန်သူကို တရားစွဲဆို အရေးယူ မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top