Kantharyar Centre
×


သရုပ္ေဆာင္ေလာကမွာ ေနရာတစ္ေနရာရရွိထားတဲ့ သရုပ္ေဆာင္ စည္သူေမာင္က သူရဲ႕ ခ်စ္သူေကာင္မေလးနဲ႕ ခ်စ္သူသက္တမ္း (၇)ႏွစ္ေက်ာ္မွာ လက္ထပ္ျဖစ္ခဲ့တယ္လို႕ သိရပါတယ္။ခ်စ္သူေကာင္မေလးဘက္က မိဘေတြက သေဘာမတူတာေၾကာင့္ နွစ္ေယာက္သား ခိုးေျပးခဲ့ၾကတယ္လို႕လည္း ဆုိပါတယ္။ ၁၉.၈.၂၀၁၄ ခုႏွစ္မွာ ႏွစ္ဦး သေဘာတူ မရမ္းကုန္းတရားရံုးက တရားသူႀကီး ေရွ႕ေမွာက္မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထုိးခဲ့ၾကၿပီး Pinlon Resort မွာေနထုိင္ခဲ့ၾကတယ္လို႕ စည္သူေမာင္က အိုေအစစ္ဂ်ာနယ္မွာ ေျဖဆိုေပးထားပါတယ္။

သို႕ေပမယ့္လည္း ေအာက္တိုဘာ(၁၇)ရက္ေန႕ဘက္မွာ ေကာင္မေလးဘက္မွ စည္သူေမာင္ဆီသို႕ အခ်က္အလက္ အမွားေတြနဲ႕ ႏို႕တစ္စာ ပို႕ၿပီး ကြာရွင္းခြင့္ေတာင္းလာတယ္လို႕ သိရပါတယ္။ မဟုတ္မမွန္တဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ တရားစြဲဆိုလာတဲ့အတြက္ စည္သူေမာင္အေနနနဲ႕ ဂုဏ္သိကၡာနဲ႕ အမွန္တရားအတြက္ တရားရင္ဆိုင္ဖို႕ ဆံုးျဖတ္လိုက္တယ္လို႕ ဆိုပါတယ္။

သူ႕အေနနဲ႕လည္း "သူနဲ့ပဲျပန္ဆုံခ်င္ပါတယ္။ ဟိုးလြန္ခဲ့တဲ႕ ကိုးႏွစ္သူကလည္း သာမန္ ေက်ာင္းသူေလး (ဘာ ၀န္ႀကီးသမီးမွ မဟုတ္) ကၽြန္ေတာ္လည္း သာမန္ ေကာင္ေလး (စည္သူေမာင္လုိ့ ဘယ္သူမွ မသိၾကေသး)တဲ႕ ဘ၀ကို ျပန္ေရာက္ၿပီး သူနဲ့ အတူတူျပန္ ရွိေနခ်င္ပါတယ္။ အဲဒီတုန္းက ဘာနဲ့မွ ႏႈိင္းလုိ့မရတဲ႕ အႀကီးမားဆုံးအရာေတြ ပိုင္ဆုိင္ထားၾကတယ္ေလ။ အဲဒါ သူအခ်စ္ရဆုံး ခ်စ္သူက ကၽြန္ေတာ္၊ ကၽြန္ေတာ္အခ်စ္ရဆုံးခ်စ္သူက သူ အဲ့ဒီဘ၀၊ အဲဒီ အခ်ိန္ကိုပဲ ျပန္လိုခ်င္ပါတယ္" လို႕ အိုေအစစ္ဂ်ာနယ္မွာ ေျဖဆိုေပးထားပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: အိုေအစစ္ဂ်ာနယ္

#Unicode Version

သရုပ်ဆောင်လောကမှာ နေရာတစ်နေရာရရှိထားတဲ့ သရုပ်ဆောင် စည်သူမောင်က သူရဲ့ ချစ်သူကောင်မလေးနဲ့ ချစ်သူသက်တမ်း (၇)နှစ်ကျော်မှာ လက်ထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ချစ်သူကောင်မလေးဘက်က မိဘတွေက သဘောမတူတာကြောင့် နှစ်ယောက်သား ခိုးပြေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ၁၉.၈.၂၀၁၄ ခုနှစ်မှာ နှစ်ဦး သဘောတူ မရမ်းကုန်းတရားရုံးက တရားသူကြီး ရှေ့မှောက်မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး Pinlon Resort မှာနေထိုင်ခဲ့ကြတယ်လို့ စည်သူမောင်က အိုအေစစ်ဂျာနယ်မှာ ဖြေဆိုပေးထားပါတယ်။

သို့ပေမယ့်လည်း အောက်တိုဘာ(၁၇)ရက်နေ့ဘက်မှာ ကောင်မလေးဘက်မှ စည်သူမောင်ဆီသို့ အချက်အလက် အမှားတွေနဲ့ နို့တစ်စာ ပို့ပြီး ကွာရှင်းခွင့်တောင်းလာတယ်လို့ သိရပါတယ်။ မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေကြောင့် တရားစွဲဆိုလာတဲ့အတွက် စည်သူမောင်အနေနနဲ့ ဂုဏ်သိက္ခာနဲ့ အမှန်တရားအတွက် တရားရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့လည်း "သူနဲ့ပဲပြန်ဆုံချင်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ ကိုးနှစ်သူကလည်း သာမန် ကျောင်းသူလေး (ဘာ ဝန်ကြီးသမီးမှ မဟုတ်) ကျွန်တော်လည်း သာမန် ကောင်လေး (စည်သူမောင်လို့ ဘယ်သူမှ မသိကြသေး)တဲ့ ဘဝကို ပြန်ရောက်ပြီး သူနဲ့ အတူတူပြန် ရှိနေချင်ပါတယ်။ အဲဒီတုန်းက ဘာနဲ့မှ နှိုင်းလို့မရတဲ့ အကြီးမားဆုံးအရာတွေ ပိုင်ဆိုင်ထားကြတယ်လေ။ အဲဒါ သူအချစ်ရဆုံး ချစ်သူက ကျွန်တော်၊ ကျွန်တော်အချစ်ရဆုံးချစ်သူက သူ အဲ့ဒီဘဝ၊ အဲဒီ အချိန်ကိုပဲ ပြန်လိုချင်ပါတယ်" လို့ အိုအေစစ်ဂျာနယ်မှာ ဖြေဆိုပေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အိုအေစစ်ဂျာနယ်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top