Shwe Zabu River View Condominium Promotion
×





Credit:( Skyler )

#Unicode Version
ပူနွေးရာသီဥတုရှိ ဒေသတွေမှာနေတဲ့ အမျိုးသမီးတွေဟာ တစ်လင်တစ်မယားစနစ်ကို ပိုကျင့်သုံးတယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာဆိုခဲ့ပါတယ်။

တချို့အမျိုးသမီးတွေဟာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးဖို့အတွက် မျိုးရိုးဗီဇကိုပါလာပါတယ်။ အကယ်၍ ပူနွေးတဲ့ ဒေသပတ်ဝန်းကျင်မှာ နေထိုင်ခဲ့မယ်ဆိုရင် သူတို့ကို ပိုးပန်းလာတဲ့ ယောကျာ်းနေတွေကို လစ်လျူရှု တတ်ပါတယ်။ ရာသီဥတုက အေးနေရင်တော့ ပွေရှုပ်ကြတယ်လို့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

တချို့အမျိုးသမီးတွေဟာ ဆက်ဆံဖော်တစ်ယောက်တည်း ရလိုပြီး တချို့အမျိုးသမီးတွေက ဘယ်လိုရာသီဥတုပဲဖြစ်ဖြစ် များနိုင်သလောက် များများ ယောကျာ်းတွေနဲ့ လိင်ဆက်ဆံဖို့အတွက်ကို အလိုရှိနေကြတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ပြခဲ့ပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို Behavioral Ecology ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ နေရာဒေသနဲ့ အပူချိန်ဟာ လိင်ပိုင်းဆိုင်ရာ အမူအကျင့်တွေကို လွှမ်းမိုးမှု အချို့ရှိတဲ့ အကြောင်း တင်ပြခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:( Skyler )


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top