Property Expo
×

မန္ခ်က္စတာဧရိယာ အေျခစုိက္ဒုိင္လူႀကီး အန္သုိနီေတလာအေနျဖင့္ လီဗာပူးႏွင့္ပြဲကုိ ကုိင္တြယ္ရန္ ခက္ခဲလိမ့္မည္ဟု ေျပာၾကားခဲ့ျခင္းေၾကာင့္  မန္ယူနည္းျပ ေမာ္ရင္ဟုိအားအဂၤလိပ္ေဘာလံုးအဖြဲ႕ခ်ဳပ္က စြဲခ်က္တင္လုိက္သည္။

မန္ခ်က္စတာဧရိယာမွလာေသာ ဒုိင္လူႀကီးေတလာသည္ မန္ယူႏွင့္ လီဗာပူးတုိ႔၏ျပင္းထန္သည့္ ၿပိဳင္ဆုိင္မႈအလယ္၌ ပြဲကုိ ေကာင္းစြာကုိင္တြယ္ရန္ ႐ုန္းကန္ရလိမ့္မည္ဟုပဲြမတုိင္မီသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ ယင္းပြဲစဥ္သည္ ဂိုးမရိွသေရျဖင့္သာ အဆံုးသတ္ခဲ့သည္။

ေအာက္တိုဘာ ၁၇ ရက္ပြဲ မတုိင္မီ ခန္႔အပ္ၿပီးသား ဒုိင္လူႀကီးႏွင့္ ပတ္သက္၍ မွတ္ခ်က္မ်ားေၾကာင့္ မွားယြင္းျပဳမူမႈျဖင့္ စြဲခ်က္တင္လုိက္ေၾကာင္းႏွင့္ ေမာ္ရင္ဟုိအေနျဖင့္ ေအာက္တိုဘာ ၃၁ရက္ မတုိင္မီ တုံ႔ျပန္ေျဖရွင္းရမည္ျဖစ္ေၾကာင္း အက္ဖ္ေအေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

မန်ချက်စတာဧရိယာ အခြေစိုက်ဒိုင်လူကြီး အန်သိုနီတေလာအနေဖြင့် လီဗာပူးနှင့်ပွဲကို ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်ဟု ပြောကြားခဲ့ခြင်းကြောင့်  မန်ယူနည်းပြ မော်ရင်ဟိုအားအင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်လိုက်သည်။

မန်ချက်စတာဧရိယာမှလာသော ဒိုင်လူကြီးတေလာသည် မန်ယူနှင့် လီဗာပူးတို့၏ပြင်းထန်သည့် ပြိုင်ဆိုင်မှုအလယ်၌ ပွဲကို ကောင်းစွာကိုင်တွယ်ရန် ရုန်းကန်ရလိမ့်မည်ဟုပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းပွဲစဉ်သည် ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်ခဲ့သည်။

အောက်တိုဘာ ၁၇ ရက်ပွဲ မတိုင်မီ ခန့်အပ်ပြီးသား ဒိုင်လူကြီးနှင့် ပတ်သက်၍ မှတ်ချက်များကြောင့် မှားယွင်းပြုမူမှုဖြင့် စွဲချက်တင်လိုက်ကြောင်းနှင့် မော်ရင်ဟိုအနေဖြင့် အောက်တိုဘာ ၃၁ရက် မတိုင်မီ တုံ့ပြန်ဖြေရှင်းရမည်ဖြစ်ကြောင်း အက်ဖ်အေကြေညာချက်တွင် ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top