Property Expo
×



၂၀၁၄ ခုႏွစ္က ဂ်နီဗာ ကားျပပြဲမွာ NanoFlowcell AG ကုမၸဏီဟာ ဆားေရကိုအသံုးျပဳတဲ့ ဘတၳရီနဲ႔ေမာင္းမယ့္ ကားကို ျပသခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက အဆုိပါကားရဲ႕ လက္ေတြ႕အသံုးဝင္ပံုကို သံသယျဖစ္ခဲ့ၾကပါတယ္။

အခု Quant e-Sportlimousine ကို ဥေရာပလမ္းေတြေပၚမွာ ေမာင္းခြင့္ျပဳလုိက္ျပီျဖစ္ပါတယ္။ အခ်ိဳ႕ကားသတင္း ဝက္ဆုိက္ေတြက လွ်ပ္စစ္ကားကုမၸဏီၾကီးျဖစ္တဲ့ Tesla Motors ရဲ႕ Model S ကားနဲ႔ ႏႈိင္းယွဥ္မႈေတြေတာင္ ျပဳလုပ္ေနၾကပါတယ္။ Quant e-Sportlimousine ရဲ႕ ဒီဇိုင္းဟာ တျခားကားေတြထက္မနိမ့္ဘဲ ဆြဲေဆာင္မႈ ရွိပါတယ္။


ဆားေရကုိ စစ္ထုတ္လည္ပတ္ထားတဲ့ လွ်ပ္စစ္အားနဲ႔ ကားကို လည္ပတ္အလုပ္လုပ္ေစမွာ ျဖစ္ပါတယ္။ လွ်ပ္စစ္အား ထုတ္လုပ္မယ့္ လွ်ပ္စစ္အရည္ေတြကို လီတာ ၂၀၀ဆန္႔ ကန္ႏွစ္ကန္ ေဘးခ်င္းကပ္ထားျပီး ကားက သယ္ေဆာင္မွာ ျဖစ္ပါတယ္။ ကန္ႏွစ္ကန္မွာ ထားထားတဲ့ အရည္ေတြဟာမတူညီဘဲ ၾကားထဲမွာ ျခားထားတဲ့အကန္႔ကို အရည္ေတြျဖတ္တဲ့အခါ တံု႔ျပန္မႈေပၚလာျပီး လွ်ပ္စစ္ျဖစ္ေပၚလာမွာ ျဖစ္ပါတယ္။

ကားဟာ ျမင္းေကာင္ေရ ၉၂၀ နဲ႔ ၂.၈ စကၠန္႔အတြင္း စမွတ္ကေန တစ္နာရီမိုင္ႏႈန္း ၆၂ မိုင္ထိ သြားႏုိင္တာ ျဖစ္ပါတယ္။ ေစ်းကြက္ထဲမွာ ေဒၚလာ ၁.၇ သန္းေလာက္နဲ႔ ေရာက္ရွိလာႏုိင္ေျခ ရွိပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

 Tesla Motors ရဲ့ ကားတွေနဲ့ နှိုင်းယှဉ်နေကြပါတယ်။
၂၀၁၄ ခုနှစ်က ဂျနီဗာ ကားပြပွဲမှာ NanoFlowcell AG ကုမ္ပဏီဟာ ဆားရေကိုအသုံးပြုတဲ့ ဘတ္ထရီနဲ့မောင်းမယ့် ကားကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အဆိုပါကားရဲ့ လက်တွေ့အသုံးဝင်ပုံကို သံသယဖြစ်ခဲ့ကြပါတယ်။
အခု Quant e-Sportlimousine ကို ဥရောပလမ်းတွေပေါ်မှာ မောင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အချို့ကားသတင်း ဝက်ဆိုက်တွေက လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်တဲ့ Tesla Motors ရဲ့ Model S ကားနဲ့ နှိုင်းယှဉ်မှုတွေတောင် ပြုလုပ်နေကြပါတယ်။ Quant e-Sportlimousine ရဲ့ ဒီဇိုင်းဟာ တခြားကားတွေထက်မနိမ့်ဘဲ ဆွဲဆောင်မှု ရှိပါတယ်။

ဆားရေကို စစ်ထုတ်လည်ပတ်ထားတဲ့ လျှပ်စစ်အားနဲ့ ကားကို လည်ပတ်အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ လျှပ်စစ်အား ထုတ်လုပ်မယ့် လျှပ်စစ်အရည်တွေကို လီတာ ၂၀၀ဆန့် ကန်နှစ်ကန် ဘေးချင်းကပ်ထားပြီး ကားက သယ်ဆောင်မှာ ဖြစ်ပါတယ်။ ကန်နှစ်ကန်မှာ ထားထားတဲ့ အရည်တွေဟာမတူညီဘဲ ကြားထဲမှာ ခြားထားတဲ့အကန့်ကို အရည်တွေဖြတ်တဲ့အခါ တုံ့ပြန်မှုပေါ်လာပြီး လျှပ်စစ်ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ကားဟာ မြင်းကောင်ရေ ၉၂၀ နဲ့ ၂.၈ စက္ကန့်အတွင်း စမှတ်ကနေ တစ်နာရီမိုင်နှုန်း ၆၂ မိုင်ထိ သွားနိုင်တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဒေါ်လာ ၁.၇ သန်းလောက်နဲ့ ရောက်ရှိလာနိုင်ခြေ ရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top