Property Expo
×

 သမၼတဦးထင္ေက်ာ္ သည္ ဗီယက္နမ္ႏိုင္ငံ သမၼတ၏ ဖိတ္ၾကားခ်က္အရ မၾကာမီကာ လအတြင္း ဗီယက္နမ္ႏိုင္ငံသို႔  ခ်စ္ၾကည္ေရးခရီးသြားေရာက္မည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံးက ေအာက္တိုဘာ ၂၂ ရက္တြင္ သတင္းထုတ္ျပန္သည္။


ခ်စ္ၾကည္ေရးခရီးစဥ္တြင္ သမၼတဦးထင္ေက်ာ္သည္ ဟႏြိဳင္း ၿမိဳ႕၌ ျပဳလုပ္မည့္ (၈)ႀကိမ္ေျမာက္ ကေမၻာဒီးယား၊ လာအို၊ ျမန္မာ၊ ဗီယက္နမ္တို႔ပါ၀င္သည့္ (CLMV) ထိပ္သီးအစည္းအေ၀းႏွင့္ ဧရာ၀တီ-ေက်ာက္ဖရား-မဲေခါင္စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ မဟာဗ်ဴဟာ (ACMECS) ၏ (၇)ႀကိမ္ေျမာက္ ထိပ္သီးအစည္းအေ၀း၊ ကမၻာ့စီးပြားေရးဖိုရမ္ (မဲေခါင္ေဒသ)သို႔လည္း  တက္ေရာက္မည္ျဖစ္သည္။

အဆိုပါအစည္းအေ၀းမ်ား ကို ေအာက္တိုဘာ ၂၄ ရက္မွ ၂၆ ရက္အထိ က်င္းပမည္ျဖစ္ၿပီး အာ ဆီယံေဒသတြင္း ႏိုင္ငံမ်ားစီးပြား ေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေဆြးေႏြးၾကမည္ဟု ဆိုသည္။

သမၼတဦးထင္ေက်ာ္သည္ ႐ုရွား၊ လာအို၊ မြန္ဂိုလီးယားႏွင့္ အိႏိၵယႏိုင္ငံမ်ားသို႔ အလုပ္သ ေဘာအပါအ၀င္ ခ်စ္ၾကည္ေရး ခရီးမ်ားသြားေရာက္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 သမ္မတဦးထင်ကျော် သည် ဗီယက်နမ်နိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ မကြာမီကာ လအတွင်း ဗီယက်နမ်နိုင်ငံသို့  ချစ်ကြည်ရေးခရီးသွားရောက်မည်ဟု နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။


ချစ်ကြည်ရေးခရီးစဉ်တွင် သမ္မတဦးထင်ကျော်သည် ဟနွိုင်း မြို့၌ ပြုလုပ်မည့် (၈)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ပါဝင်သည့် (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၏ (၇)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၊ ကမ္ဘာ့စီးပွားရေးဖိုရမ် (မဲခေါင်ဒေသ)သို့လည်း  တက်ရောက်မည်ဖြစ်သည်။

အဆိုပါအစည်းအဝေးများ ကို အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာ ဆီယံဒေသတွင်း နိုင်ငံများစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးကြမည်ဟု ဆိုသည်။

သမ္မတဦးထင်ကျော်သည် ရုရှား၊ လာအို၊ မွန်ဂိုလီးယားနှင့် အိန္ဒိယနိုင်ငံများသို့ အလုပ်သ ဘောအပါအဝင် ချစ်ကြည်ရေး ခရီးများသွားရောက်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top