Kantharyar Centre
×

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဒီေရးဂိုးမွာရွိတဲ့ နာမည္ႀကီးလွတဲ့ McKamey Manor ဟာ ဝင္ၾကည့္ခ်င္သူေတြ မ်ားျပားလွတဲ့အတြက္ စာရင္းေပးသူ ေထာင္နဲ႔ခ်ီရွိကာ ဝင္ၾကည့္ရဖုိ႔ အေတာ္ၾကာၾကာေစာင့္ရပါတယ္။

ကမာၻ႕ေၾကာက္စရာအေကာင္းဆံုးအျဖစ္ သတ္မွတ္ခံထားရတဲ့ ယင္းသရဲအိမ္ထဲကို ဝင္ၾကည့္ခဲ့တဲ့ ေအမီလီဂန္မွာ ေရႏွစ္ခံလိုက္ရတဲ့အတြက္ အထိပ္တလန္႔ျဖစ္ခဲ့ရတယ္လို႔ ဆုိပါတယ္။


သြားေရာက္ၾကည့္႐ႈတဲ့သူအားလံုးဟာ တုန္လႈပ္ေျခာက္ျခားမႈေတြ ျဖစ္တတ္တဲ့အတြက္
 ျဖစ္ပ်က္သမွ်အတြက္ကိုယ့္တာဝန္သာျဖစ္တယ္လို႔ လက္မွတ္ေရးထိုးရပါတယ္။

ယင္းအိမ္ထဲဝင္သြားၿပီးေနာက္ ေရတိမ္ပိုင္းမွာ ဇြတ္အတင္း လွဲခ်ခံရၿပီး လက္ေတြကိုခ်ည္ကာ ေရကန္တစ္ခုထဲ ပစ္ခ်ခံရေၾကာင္းဆုိၿပီး စိတ္ပိုင္းဆုိင္ရာသမက ႐ုပ္ပိုင္းဆုိင္ရာပါ နာက်င္ေအာင္ ျပဳလုပ္တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

သူမဟာ သရဲအိမ္ထဲက ထြက္လာခ်ိန္မွာ သူမရဲ႕အေတြ႕အၾကံဳကို အြန္လုိင္းမွာ သက္ေသအျဖစ္ တင္ေပးဖို႔ ေတာင္းဆုိခဲ့ပါတယ္။


အဆုိးဆံုးအပိုင္းေတြကို ျဖတ္္ေတာက္္ထားတဲ့ ယင္းဗီဒီယိိုမွာ သူမဟာ တြန္းထုိး႐ိုက္ႏႈက္ခံရတာကို ျမင္ေတြ႕ရပါတယ္။

"ကၽြန္မဆံပင္နဲ႔ ကၽြန္မလည္ပင္းကို ပတ္ထားေတာ့ ကၽြန္မ ေၾကာက္လာတယ္။ ကၽြန္မအသက္မရွဴႏုိင္ဘူးေျပာေတာ့ သူတုိ႔က ရယ္ၿပီး ဆက္လုပ္ၾကတယ္" လို႔ သူမက ေျပာျပခဲ့ပါတယ္။

သူမဟာ ညစ္ပတ္ေနတဲ့ ေရခဲေသတၱာထဲမွာ လွဲေလ်ာင္းေနၿပီး သရဲအိမ္က သ႐ုပ္ေဆာင္ေတြဟာ သူမရဲ႕ေခါင္းေပၚကေန ေရေတြေလာင္းခ်ေနတာကိုလည္း ဗီဒီယိုထဲမွာ ျမင္ေတြ႕ရပါတယ္။

မီလီဂန္ဟာ သူမရဲ႕အေတြ႕အၾကံဳကို ရဲတပ္ဖြဲ႕ကို ေျပာျပခဲ့ေပမဲ့ အမႈေတာ့ မဖြင့္ခဲ့ပါဘူး။

တခ်ဳိ႕သူေတြက သတိေပးခ်က္ေတြကို လ်စ္လ်ဴ႐ႈၿပီး ႏွိပ္စက္ျငႇင္းပန္းတယ္လို႔ စြပ္စြဲၾကေၾကာင္း ယင္းသရဲအိမ္အတြက္ ေဒၚလာ ငါးသိန္း ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ McKemey က ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီရေးဂိုးမှာရှိတဲ့ နာမည်ကြီးလှတဲ့ McKamey Manor ဟာ ဝင်ကြည့်ချင်သူတွေ များပြားလှတဲ့အတွက် စာရင်းပေးသူ ထောင်နဲ့ချီရှိကာ ဝင်ကြည့်ရဖို့ အတော်ကြာကြာစောင့်ရပါတယ်။

ကမ္ဘာ့ကြောက်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ယင်းသရဲအိမ်ထဲကို ဝင်ကြည့်ခဲ့တဲ့ အေမီလီဂန်မှာ ရေနှစ်ခံလိုက်ရတဲ့အတွက် အထိပ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သွားရောက်ကြည့်ရှုတဲ့သူအားလုံးဟာ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်တတ်တဲ့အတွက် ဖြစ်ပျက်သမျှအတွက်ကိုယ့်တာဝန်သာဖြစ်တယ်လို့ လက်မှတ်ရေးထိုးရပါတယ်။

ယင်းအိမ်ထဲဝင်သွားပြီးနောက် ရေတိမ်ပိုင်းမှာ ဇွတ်အတင်း လှဲချခံရပြီး လက်တွေကိုချည်ကာ ရေကန်တစ်ခုထဲ ပစ်ချခံရကြောင်းဆိုပြီး စိတ်ပိုင်းဆိုင်ရာသမက ရုပ်ပိုင်းဆိုင်ရာပါ နာကျင်အောင် ပြုလုပ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သူမဟာ သရဲအိမ်ထဲက ထွက်လာချိန်မှာ သူမရဲ့အတွေ့အကြုံကို အွန်လိုင်းမှာ သက်သေအဖြစ် တင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဆိုးဆုံးအပိုင်းတွေကို ဖြတ်တောက်ထားတဲ့ ယင်းဗီဒီယိုမှာ သူမဟာ တွန်းထိုးရိုက်နှုက်ခံရတာကို မြင်တွေ့ရပါတယ်။

"ကျွန်မဆံပင်နဲ့ ကျွန်မလည်ပင်းကို ပတ်ထားတော့ ကျွန်မ ကြောက်လာတယ်။ ကျွန်မအသက်မရှူနိုင်ဘူးပြောတော့ သူတို့က ရယ်ပြီး ဆက်လုပ်ကြတယ်" လို့ သူမက ပြောပြခဲ့ပါတယ်။

သူမဟာ ညစ်ပတ်နေတဲ့ ရေခဲသေတ္တာထဲမှာ လှဲလျောင်းနေပြီး သရဲအိမ်က သရုပ်ဆောင်တွေဟာ သူမရဲ့ခေါင်းပေါ်ကနေ ရေတွေလောင်းချနေတာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

မီလီဂန်ဟာ သူမရဲ့အတွေ့အကြုံကို ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပေမဲ့ အမှုတော့ မဖွင့်ခဲ့ပါဘူး။

တချို့သူတွေက သတိပေးချက်တွေကို လျစ်လျူရှုပြီး နှိပ်စက်ငြှင်းပန်းတယ်လို့ စွပ်စွဲကြကြောင်း ယင်းသရဲအိမ်အတွက် ဒေါ်လာ ငါးသိန်း ရင်းနှီးမြှုပ်နှံထားတဲ့ McKemey က ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top