Kantharyar Centre
×

တစ္ခါက ေတာၿမိဳ႕ေလးတစ္ၿမိဳ႕၏ အလယ္တန္ေက်ာင္း တစ္ေက်ာင္းတြင္ ကိုယ္လံုးကိုယ္ေပါက္ ေတာင့္တင္းၿပီး ခြန္အားဗလေကာင္းသည့္အတြက္ ဗလႀကီးဟုေခၚေသာ ေမာင္သန္းေရႊအမည္ရွိ ေက်ာင္းသားတစ္ေယာက္ရွိသည္။ သူသည္ ဗလအားကိုးျဖင့္ ငယ္ရြယ္သူမ်ားကို သာမက အတန္းေဖာ္မ်ားကိုပါ အႏိုင္က်င့္ေလ့ရွိသည္။ လက္ရဲဇက္ရဲရွိၿပီး အေၾကာက္အလန္႔ကင္းကာ လုပ္ရဲကိုင္ရဲရွိသည့္အတြက္ သူ႕ကိုယ္သူသတၱိရွိသည္ဟု ထင္ေနရွာသည္။ သူ႔အေၾကာင္းကို သိၾကေသာ အတန္းေဖာ္မ်ားက သူႏွင့္ဖက္ၿပိဳင္ ရန္မျဖစ္လိုသည္ကို သူ႔အားေၾကာက္ရြံ႕၍ဟုလည္း အလဲြယူဆေနသည္။ ထိုသို႔ ယူဆၿပီး ေက်ာင္းခန္းအတြင္းရွိ အမ်ားစာသင္ေသာ သင္ပုန္းေပၚတြင္ ညစ္ညမ္းေသာရုပ္ပံုႀကီး တစ္ပံုေရးဆဲြထားသည္။

အတန္းေဖာ္မ်ားအားလံုးသည္ ဤညစ္ညမ္းရုပ္ပံုကို ဗလႀကီးေရးဆဲြေနသည္ကို ျမင္ေသာ္လည္း ဆိတ္ဆိတ္သာေနၾကသည္။ ေက်ာင္းတက္ခ်ိန္ေရာက္၍ အတန္းထဲသို႔ ဆရာႀကီး ဝင္လာသည္ႏွင့္ သင္ပုန္းေပၚရွိ မေတာ္တေရာ္ပံုႀကီးကို ျမင္သြားၿပီး ေထာင္းခနဲေဒါသထြက္ကာ စိတ္ဆိုးသြားပါေတာ့သည္။ စည္းကမ္းႀကီးေသာ ဆရာႀကီးသည္ ယခုလိုျပႆနာရွာသူကို ေက်ာင္းထုတ္ပစ္မွ ေအးမည္ဟုလည္း စဥ္းစားမိသည္။
“ ဒီပံု ဘယ္သူဆဲြတာလဲ “

ဗလႀကီးၿငိမ္ေနသည္။ အတန္းေဖာ္မ်ားသည္ ဗလႀကီးႏွင့္ ျပႆနာမတက္လို၊ ရန္မျဖစ္လိုသည့္အတြက္ ႏႈတ္ပိတ္ေနၾကသည္။ မည္သည့္ေက်ာင္းသား ဆီကမွ အသံမထြက္လာ သည့္အတြက္ ဆရာႀကီးမွာ သည္းခံႏိုင္စြမ္း မရွိေတာ့ဘဲ ေဒါသ ေပါက္ကဲြေတာ့သည္။
“ ကဲ လုပ္တဲ့သူကလည္းဝန္မခံ၊ ျမင္တဲ့သူကလည္း မေျပဆိုေတာ့ တစ္တန္းလံုး ရိုက္ရေတာ္မယ္ “
ဤသို႔ ေျပာေတာ့မွ အတန္းထဲတြင္ စာေတာ္ၿပီး သူတစ္ပါးကို ကူညီတတ္ေသာ ေမာင္သန္းစိန္ဆိုသည့္ ေက်ာင္းသားက မတ္တပ္ရပ္လိုက္ၿပီး-
“ ကၽြန္ေတာ္ေရးတာပါ ဆရာႀကီး၊ ဖ်က္ပစ္မယ္လို႔ျပင္တုန္း ဆရာႀကီးေရာက္လာတာေၾကာင့္ မဖ်က္ပစ္လိုက္ရပါဘူး “

အတန္းအတြင္းရွိ ေက်ာင္းသားအားလံုး အံ့ၾသ မင္တက္မိတက္မိ သြားၾကသည္။ မထင္မွတ္ထားေသာ သူထံမွ ထြက္ေပၚလာေသာအေျဖ ျဖစ္ေနသျဖင့္ ဆရာႀကီးကိုယ္တိုင္လည္း တုန္လႈပ္ေခ်က္ခ်ားသြားသည္။ သို႔ေသာ္ စည္းကမ္းမဲ့ေသာ လုပ္ရပ္ျဖစ္ေနသည့္အတြက္ ရိုက္ႏွက္ဆံုးမရပါေတာ့သည္။
“ ေဟ့ေကာင္ သန္းစိန္၊ ငါလုပ္တဲ့ကိစၥကို မင္းကဘာျဖစ္လို႔ မင္းလုပ္တာပါလို႔ ဝန္ခံေျပာျပ လိုက္တာလဲ။ ဘာလဲ- မင္းက ငါ့ကို ေၾကာက္ေနလို႔လား “

“ မေၾကာက္ပါဘူးကြာ၊ ဆရာႀကီးမ်က္ႏွာၾကည့္ရတာ ေတာ္ေတာ္ေဒါသ ျဖစ္ေနတာကြ။ ဘယ္သူ႔ကိုမွ ေမးလို႔မရရင္ တစ္တန္းလံုးကို ရိုက္မယ္လို႔ေျပာေနတာကြ။ ဒီပံုကို မင္းဆဲြတာပါလို႔ ေျပာလိုက္ရင္ မင္းကို ျပင္းျပင္းထန္ထန္ ရိုက္မယ့္အျပင္ ေက်ာင္းထုတ္ပစ္ရင္ ထုတ္ပစ္မွာ။ အဲဒီလို ေတြးမိတာေၾကာင့္ ဆရာႀကီးလည္း ေဒါသေျပသြားၿပီး မင္းလည္းေက်ာင္းထုတ္မခံရေအာင္၊ ငါ့လုပ္တာပါလို႔ ညာၿပီးေျပာလိုက္တာကြ “
သန္းစိန္စကားဆံုးသည္ႏွင့္ ဗလႀကီးေခါင္း ငိုက္စိုက္က်သြားသည္။ ခဏၾကာေတာ့ တုန္ယင္လိႈက္လွဲစြာျဖင့္ သူ႔ႏႈတ္ဖ်ားမွ ထြက္လာသည့္စကားမ်ားက -

“ ေအးကြာ၊ ငါက ငါ့ကိုယ္ငါ သတၱိရွိတယ္လို႔ ထင္ေနတာ။ တကယ္ေတာ့ ငါက မိုက္ရူးရဲ႕ဆန္ေနတာပဲ။ ငါးစိမ္းတန္းက ငါးသားခုတ္တဲ့လူလို လက္ရဲဇတ္ရဲ စိတ္ဓာတ္ကို သတၱိလို႔ထင္ေနတာကြ။ မင္းလို စိတ္ဓာတ္မ်ိဳးရွိမွ တကယ့္သတၱိရွိတယ္လို႔ ေျပရမယ္။ မင္းဟာ တကယ့္သတၱိရွိၿပီး ကိုယ္က်ိဳးစြန္႔ အနစ္နာခံႏိုင္တဲ့ သတၱိရွင္ပါကြာ “

ထိုေန႔မွွစၿပီး ဗလႀကီးႏွင့္သန္းစိန္သည္ သူငယ္ခ်င္းျဖစ္သြားပါေတာ့သည္။ ဤသို႔ျဖင့္ တစ္လခန္႔အၾကာတြင္ ဗလႀကီးႏွင့္သန္းစိန္တို႔ ေက်ာင္းဆင္း၍ အိမ္ျပန္လာၾကရာ ရပ္ကြက္လမ္းဆံု တစ္ေနရာအေရာက္၌ ေအာင္ၾကည္ဟုေခၚေသာ ေက်ာင္းသားႏွင့္အတူ ငါးေထာင္က်ပ္တန္ ပိုက္ဆံအထပ္လိုက္ကို အိတ္ထဲတြင္ေတြ႔လိုက္ရသည္။ မ်ားျပားလွေသာ ေငြမ်ားကို တစ္ခ်က္ၾကည့္ၿပီး

ဗလႀကီးက -
“ ဟာ ပြတာပဲ၊ ပိုက္ဆံေတြ အမ်ားႀကီးပဲ “
“ တို႔သံုးေယာက္ ခြဲေဝယူရေအာင္ “ ဟု သန္းစိန္ကေျပာသည္။ မိႈေတြ႔ရေသာ မ်က္ႏွာမ်ိဳးျဖစ္ေနေသာ ဗလႀကီးႏွင့္ သန္းစိန္ကို ၾကည့္ရင္း ေအာင္ၾကည္ေျပာလိုက္သည္က -
“ ဟာ ဘယ္ျဖစ္မလဲ၊ ဒီအိတ္မွာ ပိုင္ရွင္ရွိမယ္ သြားရင္းလာရင္းနဲ႔ ဒီနားက် က်န္ခဲ့တာ ျဖစ္ႏိုင္တယ္။ ပိုင္ရွင္ဟာ ဝန္ထမ္းတစ္ေယာက္ျဖစ္ခဲ့ၿပီး သူ႔အလုပ္ဌာနပိုင္ ေငြေတြျဖစ္ေနရင္ အဲဒီလူ ဘဝပ်က္ၿပီ။ ငါတို႔ ဆရာႀကီးဆီျဖစ္ျဖစ္၊ ရပ္ကြက္ရံုးမွာျဖစ္ျဖစ္ သြားအပ္ရေအာင္ “ ေခတၱစကာျဖတ္ၿပီး ေအာင္ၾကည္က ဆက္ေျပျပန္သည္။
“ မင္းတို႔မိသားစုေတြနဲ႔ယွဥ္ရင္ ငါတို႔မိသားစုက ဆင္းရဲပါတယ္ကြာ၊ ဒါေပမယ့္ ဒီေငြေတြကို ငါမယူဘူး။ ပိုင္ရွင္ကိုု ျပန္ေပးရမယ္ “

ေအာင္ၾကည္၏ စကားေၾကာင့္ ဗလႀကီးႏွင္းသန္းစိန္ ေခါင္းစိုက္သြားၾကသည္။ ထိုေန႔က အဆင့္ျမင့္ စာရိတၱသတၱိပိုင္ရွင္ ေမာင္ေအာင္ၾကည္ဆိုသူ တစ္ေယာက္ ေပၚထြက္လာခဲ့ေလသည္။
ကၽြန္ေတာ္တို႔ႏိုင္ငံသည္ စာရိတၱအားနည္းသူမ်ား မ်ားျပားသည့္အတြက္ ဖံြ႔ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ဖံြ႔ၿဖိဳးမႈ ေနာက္အက်ဆံုး ႏိုင္ငံျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ ေမာင္ေအာင္ၾကည္ ကဲ့သို႔ေသာ စာရိတၱသတၱိရွင္ လူငယ္မ်ားေပၚထြက္ရန္ အလြန္လိုအပ္ေနပါသည္။ မိဘႏွင့္ဆရာသမားမ်ားက ဆုေပး ဒဏ္ေပးစနစ္ကို တိက်စြာ လိုက္နာက်င့္သံုးၿပီး စာရိတၱသတၱိရွင္မ်ား ေမြးထုတ္ေပးမည္ဆိုလွ်င္ ႏိုင္ငံအက်ိဳးျပဳ မ်ိဳးဆက္သစ္ စာရိတၱသတၱိရွင္မ်ား အမ်ားအျပား ေပၚထြက္လာမည္ျဖစ္ပါသည္။

ဤတြင္ ဆုေပးဒဏ္ေပးစနစ္ကို လက္ကိုင္ထားၿပီး တပည့္မ်ားမလိမ္မညာေစရန္ ဆံုမတတ္ေသာ ေက်ာင္းဆရာႀကီးတစ္ဦး အေၾကာင္း ေဖာ္ျပလိုပါသည္။
တစ္ေန႔သ၌ ကိုးတန္းေက်ာင္းသားႏွစ္ဦးျဖစ္ၾကေသာ ေမာင္ေဇာ္ႏွင့္ သန္႔ဇင္တို႔သည္ စာသင္ခ်ိန္အတြင္း ခံုေပၚတြင္ ေခါင္းစိုက္အိပ္ငိုက္ေနၾကသည္။ ဒါကိုျမင္သြားေသာ ဆရာႀကီးသည္ သူတို႔အနီးသို႔ ေရာက္လာၿပီး -

“ ေဟ့ေကာင္ေတြ၊ စာသင္ခ်ိန္မွာ မင္းတို႔ အိပ္ငိုက္ေနလား “ ဆရာႀကီး၏အသံေၾကာင့္ ေက်ာင္းသားႏွစ္ေယာက္ လန္႔ႏိုးသြားၿပီး…
“ ဟုတ္ကဲ့ ဆရာႀကီး၊ ကၽြန္ေတာ္ ညကညဥ့္ နက္မွ အိပ္ရလို႔ ငိုက္သြားမိတာပါခင္ဗ်ာ “ ဟု သန္႔ဇင္က ေျဖလိုက္သည္။

ေမာင္ေဇာ္ကမူ
“ ကၽြန္ေတာ္ စာငံု႔ၾကည့္ေနတာပါ ဆရာႀကီး “ ဟု ျပန္ေျဖသည္။ ေမာင္ေဇာ္၏ အေျဖေၾကာင့္..
“ ေမာင္ေဇာ္ ငါ႔ေနာက္လုိက္ခဲ႔“ဟု ေျပာၿပီး ဆရာႀကီးက သူ႕ေနရာသူျပန္သြားသည္။ ဆရာႀကီး ေနာက္မွပါသြားေသာ ေမာင္ေဇာ္ ဆရာႀကီးစာပြဲေရွ႕ ေရာက္သည္ႏွင့္ ဆရာႀကီးသည္ ေမာင္ေဇာ္ကုိ ႀကိမ္လံုးႏွင့္ ရုိက္ေတာ့သည္။
“ဖ်န္း၊ ဖ်န္း၊ ဖ်န္း“
“ဆရာ မင္းကုိရုိက္တာ လိမ္လုိ႔ရုိက္တာ။ ငုိက္တာ အျပစ္မရွိဘူး။ ေနာက္မငုိက္နဲ႔လုိ႔ပဲ ဆရာေျပာမွာေပါ႔။ သန္႔ဇင္က မလိမ္ဘဲ အမွန္အတုိင္းေျပာလုိ႔ မရုိက္တာ။ ေနာက္ ဘယ္ေတာ့မွ မလိမ္နဲ႔၊ ၿမဲၿမဲမွတ္ထား။ သြားေတာ့“

လိမ္ညာသည္ကုိ ဆရာႀကီးမႀကိဳက္ေၾကာင္း ေမာင္ေဇာ္သိသြားသည္။ တစ္ေန႔ေသာ္ စာသင္ခ်ိန္အတြင္း ေမာင္ေဇာ္တစ္ေယာက္ ျပတင္းေပါက္မွတစ္ဆင့္ အျပင္သုိ႔ ေငးေနမိျပန္သည္။ ဤသည္ကုိ ျမင္သြားေသာ ဆရာႀကီးက
“ေမာင္ေဇာ္၊ မင္း စာကုိစိတ္မ၀င္စားပဲ ဘာ ေငးေနတာလဲ“
သည္တစ္ခါ ေမာင္ေဇာ္က မလိမ္မညာဘဲ အမွန္အတုိင္း ေျဖလုိက္သည္။
“ေၾသာ္ အျပင္မွာ အေတာ္လွတဲ႔ မိန္းကေလး တစ္ေယာက္ ျဖတ္သြားတာေတြ႔လုိက္လုိ႔ ေငးေနမိတာပါ

ဆရာႀကီး“
ေမာင္ေဇာ္၏ အမွန္အတုိင္းေျဖမႈကုိ ဆရာႀကီးက သေဘာက်ေက်နပ္သြားၿပီး…
“ေအး၊ ဒီလုိအမွန္အတုိင္းေျပာတာ ႀကိဳက္တယ္။ မင္းမလိမ္တဲ႔အတြက္ ဆုခ်တဲ႔အေနနဲ႔ အဲဒီေကာင္မေလးကုိ မင္းလုိက္ၾကည့္ခြင့္ေပးတယ္။ သြားသြား၊ ျမန္ျမန္ၾကည့္“
ဆရာႀကီးအေျပာေၾကာင့္ ေက်ာင္းသားအားလံုး သေဘာက်သြားၾကသည္။ ထုိေန႔မွစ၍ ေမာင္ေဇာ္ မလိမ္တတ္ ေတာ့သည္အျပင္ ေနာင္အခါ သူ၏ သားသမီးမ်ားကုိပင္ မလိမ္မညာတတ္ရန္ ဆံုးမႏုိင္ခဲ႔ပါသည္။
တစ္ခါတြင္ လူေတြ႔စစ္ေဆးေသာ အင္တာဗ်ဴး တစ္ခုတြင္ အလုပ္ရွင္က ေမးခြန္းမ်ားေမးသည္။

“မင္းအရက္ေသာက္တတ္သလား“
“မေသာက္တတ္ပါဘူး“
“ေလာင္းကစား ၀ါသနာပါလား၊ ႏွစ္လံုးသံုးလံုး ထုိးလား“
“မပါပါဘူး၊ မထုိးပါဘူး“
“ပြဲလမ္းသဘင္ေတြ ဘာေတြေကာ“
“မႀကိဳက္ပါဘူး“
“ငါးပါးသီလထဲမွာ ဘယ္သီလကို ဖ်က္မိတတ္လဲ“
“မုသာ၀ါဒကံကုိ ေဖာက္ဖ်က္မိတတ္ပါတယ္“

ဤအေျဖစကားေၾကာင့္ ေရွ႕တြင္ သူေျဖခဲ႔သမွ် သဲထဲေရသြန္သည့္ပမာ ျဖစ္ခဲ့ရသည္။ သ႔ူတြင္ သူေျဖခဲ့သည္မ်ားကုိ ယံုစရာမရွိေတာ့။ ထုိ႔ေၾကာင့္ လိမ္ညာတတ္သူသည္ က်န္သည့္ အကုသိုလ္မ်ားကုိ အလြယ္တကူ က်ဴးလြန္သည္ဟု ပညာရွိမ်ားက မိန္႔ဆုိ ၾကပါသည္။ ျမတ္စြာဘုရားရွင္ကလည္း သားေတာ္ ရာဟုရာလာကုိ ယခုလုိမိန္႔ၾကား ဆံုးမေတာ္မူခဲ႔ပါသည္။

“ခ်စ္သားရာဟုလာ၊ မုသားဆုိလွ်င္ ရယ္စရာေတာင္ မေျပာေလႏွင့္“
ထုိ႔ေၾကာင့္သတၱိအစစ္အမွန္ဆုိသည္မွာ မလိမ္မညာဘဲ ရုိးေျဖာင့္သူမ်ားတြင္ရွိသည့္ သတၱိသည္သာ အဆင့္အတန္းျမင့္ သတၱိျဖစ္ေၾကာင္း တင္ျပလုိက္ပါသည္။
“ကုိယ္စြမ္းကုိယ္စက သင့္အား ထိပ္ဆံုးကုိ ေရာက္ရွိေစႏုိင္၏။ သုိ႔ရာတြင္ အက်င့္စာရိတၱကသာလွ်င္ သင့္အား ထိပ္ဆံုး၌ ဆက္လက္တည္ၿမဲေစႏုိင္၏။ “

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Satekuupuyar

#Unicode Version
တစ်ခါက တောမြို့လေးတစ်မြို့၏ အလယ်တန်ကျောင်း တစ်ကျောင်းတွင် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး ခွန်အားဗလကောင်းသည့်အတွက် ဗလကြီးဟုခေါ်သော မောင်သန်းရွှေအမည်ရှိ ကျောင်းသားတစ်ယောက်ရှိသည်။ သူသည် ဗလအားကိုးဖြင့် ငယ်ရွယ်သူများကို သာမက အတန်းဖော်များကိုပါ အနိုင်ကျင့်လေ့ရှိသည်။ လက်ရဲဇက်ရဲရှိပြီး အကြောက်အလန့်ကင်းကာ လုပ်ရဲကိုင်ရဲရှိသည့်အတွက် သူ့ကိုယ်သူသတ္တိရှိသည်ဟု ထင်နေရှာသည်။ သူ့အကြောင်းကို သိကြသော အတန်းဖော်များက သူနှင့်ဖက်ပြိုင် ရန်မဖြစ်လိုသည်ကို သူ့အားကြောက်ရွံ့၍ဟုလည်း အလွဲယူဆနေသည်။ ထိုသို့ ယူဆပြီး ကျောင်းခန်းအတွင်းရှိ အများစာသင်သော သင်ပုန်းပေါ်တွင် ညစ်ညမ်းသောရုပ်ပုံကြီး တစ်ပုံရေးဆွဲထားသည်။

အတန်းဖော်များအားလုံးသည် ဤညစ်ညမ်းရုပ်ပုံကို ဗလကြီးရေးဆွဲနေသည်ကို မြင်သော်လည်း ဆိတ်ဆိတ်သာနေကြသည်။ ကျောင်းတက်ချိန်ရောက်၍ အတန်းထဲသို့ ဆရာကြီး ဝင်လာသည်နှင့် သင်ပုန်းပေါ်ရှိ မတော်တရော်ပုံကြီးကို မြင်သွားပြီး ထောင်းခနဲဒေါသထွက်ကာ စိတ်ဆိုးသွားပါတော့သည်။ စည်းကမ်းကြီးသော ဆရာကြီးသည် ယခုလိုပြဿနာရှာသူကို ကျောင်းထုတ်ပစ်မှ အေးမည်ဟုလည်း စဉ်းစားမိသည်။
“ ဒီပုံ ဘယ်သူဆွဲတာလဲ “

ဗလကြီးငြိမ်နေသည်။ အတန်းဖော်များသည် ဗလကြီးနှင့် ပြဿနာမတက်လို၊ ရန်မဖြစ်လိုသည့်အတွက် နှုတ်ပိတ်နေကြသည်။ မည်သည့်ကျောင်းသား ဆီကမှ အသံမထွက်လာ သည့်အတွက် ဆရာကြီးမှာ သည်းခံနိုင်စွမ်း မရှိတော့ဘဲ ဒေါသ ပေါက်ကွဲတော့သည်။
“ ကဲ လုပ်တဲ့သူကလည်းဝန်မခံ၊ မြင်တဲ့သူကလည်း မပြေဆိုတော့ တစ်တန်းလုံး ရိုက်ရတော်မယ် “
ဤသို့ ပြောတော့မှ အတန်းထဲတွင် စာတော်ပြီး သူတစ်ပါးကို ကူညီတတ်သော မောင်သန်းစိန်ဆိုသည့် ကျောင်းသားက မတ်တပ်ရပ်လိုက်ပြီး-
“ ကျွန်တော်ရေးတာပါ ဆရာကြီး၊ ဖျက်ပစ်မယ်လို့ပြင်တုန်း ဆရာကြီးရောက်လာတာကြောင့် မဖျက်ပစ်လိုက်ရပါဘူး “

အတန်းအတွင်းရှိ ကျောင်းသားအားလုံး အံ့သြ မင်တက်မိတက်မိ သွားကြသည်။ မထင်မှတ်ထားသော သူထံမှ ထွက်ပေါ်လာသောအဖြေ ဖြစ်နေသဖြင့် ဆရာကြီးကိုယ်တိုင်လည်း တုန်လှုပ်ချေက်ချားသွားသည်။ သို့သော် စည်းကမ်းမဲ့သော လုပ်ရပ်ဖြစ်နေသည့်အတွက် ရိုက်နှက်ဆုံးမရပါတော့သည်။
“ ဟေ့ကောင် သန်းစိန်၊ ငါလုပ်တဲ့ကိစ္စကို မင်းကဘာဖြစ်လို့ မင်းလုပ်တာပါလို့ ဝန်ခံပြောပြ လိုက်တာလဲ။ ဘာလဲ- မင်းက ငါ့ကို ကြောက်နေလို့လား “

“ မကြောက်ပါဘူးကွာ၊ ဆရာကြီးမျက်နှာကြည့်ရတာ တော်တော်ဒေါသ ဖြစ်နေတာကွ။ ဘယ်သူ့ကိုမှ မေးလို့မရရင် တစ်တန်းလုံးကို ရိုက်မယ်လို့ပြောနေတာကွ။ ဒီပုံကို မင်းဆွဲတာပါလို့ ပြောလိုက်ရင် မင်းကို ပြင်းပြင်းထန်ထန် ရိုက်မယ့်အပြင် ကျောင်းထုတ်ပစ်ရင် ထုတ်ပစ်မှာ။ အဲဒီလို တွေးမိတာကြောင့် ဆရာကြီးလည်း ဒေါသပြေသွားပြီး မင်းလည်းကျောင်းထုတ်မခံရအောင်၊ ငါ့လုပ်တာပါလို့ ညာပြီးပြောလိုက်တာကွ “
သန်းစိန်စကားဆုံးသည်နှင့် ဗလကြီးခေါင်း ငိုက်စိုက်ကျသွားသည်။ ခဏကြာတော့ တုန်ယင်လှိုက်လှဲစွာဖြင့် သူ့နှုတ်ဖျားမှ ထွက်လာသည့်စကားများက -

“ အေးကွာ၊ ငါက ငါ့ကိုယ်ငါ သတ္တိရှိတယ်လို့ ထင်နေတာ။ တကယ်တော့ ငါက မိုက်ရူးရဲ့ဆန်နေတာပဲ။ ငါးစိမ်းတန်းက ငါးသားခုတ်တဲ့လူလို လက်ရဲဇတ်ရဲ စိတ်ဓာတ်ကို သတ္တိလို့ထင်နေတာကွ။ မင်းလို စိတ်ဓာတ်မျိုးရှိမှ တကယ့်သတ္တိရှိတယ်လို့ ပြေရမယ်။ မင်းဟာ တကယ့်သတ္တိရှိပြီး ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်တဲ့ သတ္တိရှင်ပါကွာ “

ထိုနေ့မှှစပြီး ဗလကြီးနှင့်သန်းစိန်သည် သူငယ်ချင်းဖြစ်သွားပါတော့သည်။ ဤသို့ဖြင့် တစ်လခန့်အကြာတွင် ဗလကြီးနှင့်သန်းစိန်တို့ ကျောင်းဆင်း၍ အိမ်ပြန်လာကြရာ ရပ်ကွက်လမ်းဆုံ တစ်နေရာအရောက်၌ အောင်ကြည်ဟုခေါ်သော ကျောင်းသားနှင့်အတူ ငါးထောင်ကျပ်တန် ပိုက်ဆံအထပ်လိုက်ကို အိတ်ထဲတွင်တွေ့လိုက်ရသည်။ များပြားလှသော ငွေများကို တစ်ချက်ကြည့်ပြီး

ဗလကြီးက -
“ ဟာ ပွတာပဲ၊ ပိုက်ဆံတွေ အများကြီးပဲ “
“ တို့သုံးယောက် ခွဲဝေယူရအောင် “ ဟု သန်းစိန်ကပြောသည်။ မှိုတွေ့ရသော မျက်နှာမျိုးဖြစ်နေသော ဗလကြီးနှင့် သန်းစိန်ကို ကြည့်ရင်း အောင်ကြည်ပြောလိုက်သည်က -
“ ဟာ ဘယ်ဖြစ်မလဲ၊ ဒီအိတ်မှာ ပိုင်ရှင်ရှိမယ် သွားရင်းလာရင်းနဲ့ ဒီနားကျ ကျန်ခဲ့တာ ဖြစ်နိုင်တယ်။ ပိုင်ရှင်ဟာ ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပြီး သူ့အလုပ်ဌာနပိုင် ငွေတွေဖြစ်နေရင် အဲဒီလူ ဘဝပျက်ပြီ။ ငါတို့ ဆရာကြီးဆီဖြစ်ဖြစ်၊ ရပ်ကွက်ရုံးမှာဖြစ်ဖြစ် သွားအပ်ရအောင် “ ခေတ္တစကာဖြတ်ပြီး အောင်ကြည်က ဆက်ပြေပြန်သည်။
“ မင်းတို့မိသားစုတွေနဲ့ယှဉ်ရင် ငါတို့မိသားစုက ဆင်းရဲပါတယ်ကွာ၊ ဒါပေမယ့် ဒီငွေတွေကို ငါမယူဘူး။ ပိုင်ရှင်ကိုု ပြန်ပေးရမယ် “

အောင်ကြည်၏ စကားကြောင့် ဗလကြီးနှင်းသန်းစိန် ခေါင်းစိုက်သွားကြသည်။ ထိုနေ့က အဆင့်မြင့် စာရိတ္တသတ္တိပိုင်ရှင် မောင်အောင်ကြည်ဆိုသူ တစ်ယောက် ပေါ်ထွက်လာခဲ့လေသည်။
ကျွန်တော်တို့နိုင်ငံသည် စာရိတ္တအားနည်းသူများ များပြားသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးမှု နောက်အကျဆုံး နိုင်ငံဖြစ်ခဲ့သည်။ ထို့ကြောင့် မောင်အောင်ကြည် ကဲ့သို့သော စာရိတ္တသတ္တိရှင် လူငယ်များပေါ်ထွက်ရန် အလွန်လိုအပ်နေပါသည်။ မိဘနှင့်ဆရာသမားများက ဆုပေး ဒဏ်ပေးစနစ်ကို တိကျစွာ လိုက်နာကျင့်သုံးပြီး စာရိတ္တသတ္တိရှင်များ မွေးထုတ်ပေးမည်ဆိုလျှင် နိုင်ငံအကျိုးပြု မျိုးဆက်သစ် စာရိတ္တသတ္တိရှင်များ အများအပြား ပေါ်ထွက်လာမည်ဖြစ်ပါသည်။

ဤတွင် ဆုပေးဒဏ်ပေးစနစ်ကို လက်ကိုင်ထားပြီး တပည့်များမလိမ်မညာစေရန် ဆုံမတတ်သော ကျောင်းဆရာကြီးတစ်ဦး အကြောင်း ဖော်ပြလိုပါသည်။
တစ်နေ့သ၌ ကိုးတန်းကျောင်းသားနှစ်ဦးဖြစ်ကြသော မောင်ဇော်နှင့် သန့်ဇင်တို့သည် စာသင်ချိန်အတွင်း ခုံပေါ်တွင် ခေါင်းစိုက်အိပ်ငိုက်နေကြသည်။ ဒါကိုမြင်သွားသော ဆရာကြီးသည် သူတို့အနီးသို့ ရောက်လာပြီး -

“ ဟေ့ကောင်တွေ၊ စာသင်ချိန်မှာ မင်းတို့ အိပ်ငိုက်နေလား “ ဆရာကြီး၏အသံကြောင့် ကျောင်းသားနှစ်ယောက် လန့်နိုးသွားပြီး…
“ ဟုတ်ကဲ့ ဆရာကြီး၊ ကျွန်တော် ညကညဥ့် နက်မှ အိပ်ရလို့ ငိုက်သွားမိတာပါခင်ဗျာ “ ဟု သန့်ဇင်က ဖြေလိုက်သည်။

မောင်ဇော်ကမူ
“ ကျွန်တော် စာငုံ့ကြည့်နေတာပါ ဆရာကြီး “ ဟု ပြန်ဖြေသည်။ မောင်ဇော်၏ အဖြေကြောင့်..
“ မောင်ဇော် ငါ့နောက်လိုက်ခဲ့“ဟု ပြောပြီး ဆရာကြီးက သူ့နေရာသူပြန်သွားသည်။ ဆရာကြီး နောက်မှပါသွားသော မောင်ဇော် ဆရာကြီးစာပွဲရှေ့ ရောက်သည်နှင့် ဆရာကြီးသည် မောင်ဇော်ကို ကြိမ်လုံးနှင့် ရိုက်တော့သည်။
“ဖျန်း၊ ဖျန်း၊ ဖျန်း“
“ဆရာ မင်းကိုရိုက်တာ လိမ်လို့ရိုက်တာ။ ငိုက်တာ အပြစ်မရှိဘူး။ နောက်မငိုက်နဲ့လို့ပဲ ဆရာပြောမှာပေါ့။ သန့်ဇင်က မလိမ်ဘဲ အမှန်အတိုင်းပြောလို့ မရိုက်တာ။ နောက် ဘယ်တော့မှ မလိမ်နဲ့၊ မြဲမြဲမှတ်ထား။ သွားတော့“

လိမ်ညာသည်ကို ဆရာကြီးမကြိုက်ကြောင်း မောင်ဇော်သိသွားသည်။ တစ်နေ့သော် စာသင်ချိန်အတွင်း မောင်ဇော်တစ်ယောက် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ငေးနေမိပြန်သည်။ ဤသည်ကို မြင်သွားသော ဆရာကြီးက
“မောင်ဇော်၊ မင်း စာကိုစိတ်မဝင်စားပဲ ဘာ ငေးနေတာလဲ“
သည်တစ်ခါ မောင်ဇော်က မလိမ်မညာဘဲ အမှန်အတိုင်း ဖြေလိုက်သည်။
“သြော် အပြင်မှာ အတော်လှတဲ့ မိန်းကလေး တစ်ယောက် ဖြတ်သွားတာတွေ့လိုက်လို့ ငေးနေမိတာပါ

ဆရာကြီး“
မောင်ဇော်၏ အမှန်အတိုင်းဖြေမှုကို ဆရာကြီးက သဘောကျကျေနပ်သွားပြီး…
“အေး၊ ဒီလိုအမှန်အတိုင်းပြောတာ ကြိုက်တယ်။ မင်းမလိမ်တဲ့အတွက် ဆုချတဲ့အနေနဲ့ အဲဒီကောင်မလေးကို မင်းလိုက်ကြည့်ခွင့်ပေးတယ်။ သွားသွား၊ မြန်မြန်ကြည့်“
ဆရာကြီးအပြောကြောင့် ကျောင်းသားအားလုံး သဘောကျသွားကြသည်။ ထိုနေ့မှစ၍ မောင်ဇော် မလိမ်တတ် တော့သည်အပြင် နောင်အခါ သူ၏ သားသမီးများကိုပင် မလိမ်မညာတတ်ရန် ဆုံးမနိုင်ခဲ့ပါသည်။
တစ်ခါတွင် လူတွေ့စစ်ဆေးသော အင်တာဗျူး တစ်ခုတွင် အလုပ်ရှင်က မေးခွန်းများမေးသည်။

“မင်းအရက်သောက်တတ်သလား“
“မသောက်တတ်ပါဘူး“
“လောင်းကစား ဝါသနာပါလား၊ နှစ်လုံးသုံးလုံး ထိုးလား“
“မပါပါဘူး၊ မထိုးပါဘူး“
“ပွဲလမ်းသဘင်တွေ ဘာတွေကော“
“မကြိုက်ပါဘူး“
“ငါးပါးသီလထဲမှာ ဘယ်သီလကို ဖျက်မိတတ်လဲ“
“မုသာဝါဒကံကို ဖောက်ဖျက်မိတတ်ပါတယ်“

ဤအဖြေစကားကြောင့် ရှေ့တွင် သူဖြေခဲ့သမျှ သဲထဲရေသွန်သည့်ပမာ ဖြစ်ခဲ့ရသည်။ သ့ူတွင် သူဖြေခဲ့သည်များကို ယုံစရာမရှိတော့။ ထို့ကြောင့် လိမ်ညာတတ်သူသည် ကျန်သည့် အကုသိုလ်များကို အလွယ်တကူ ကျူးလွန်သည်ဟု ပညာရှိများက မိန့်ဆို ကြပါသည်။ မြတ်စွာဘုရားရှင်ကလည်း သားတော် ရာဟုရာလာကို ယခုလိုမိန့်ကြား ဆုံးမတော်မူခဲ့ပါသည်။

“ချစ်သားရာဟုလာ၊ မုသားဆိုလျှင် ရယ်စရာတောင် မပြောလေနှင့်“
ထို့ကြောင့်သတ္တိအစစ်အမှန်ဆိုသည်မှာ မလိမ်မညာဘဲ ရိုးဖြောင့်သူများတွင်ရှိသည့် သတ္တိသည်သာ အဆင့်အတန်းမြင့် သတ္တိဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
“ကိုယ်စွမ်းကိုယ်စက သင့်အား ထိပ်ဆုံးကို ရောက်ရှိစေနိုင်၏။ သို့ရာတွင် အကျင့်စာရိတ္တကသာလျှင် သင့်အား ထိပ်ဆုံး၌ ဆက်လက်တည်မြဲစေနိုင်၏။ “


ဖိုးသူတော် (www.phothutaw.com)
Credit:Satekuupuyar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top